Thursday, May 2, 2024

တော်လှန်ရေးရဲဘော်၏ မိသားစုဝင်များကို စစ်ကောင်စီဖမ်းဆီး

Must read

သျှမ်းပြည် ရွာငံမြို့နယ် ဂျိုးဖြူမြို့ပြပြောက်ကျားတပ်ဖွဲ့ တော်လှန်ရေးရဲဘော်တစ်ယောက်၏ မိသားစုဝင် ၈ဦး ကို စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရသည်။

ဂျိုးဖြူ မြို့ပြပျောက်ကြား

ရွာငံမြို့နယ် အလယ်ချောင်ကျေးရွာတွင် ယနေ့ (နိုဝင်ဘာ ၁၂) ရက် နံနက် ၆ နာရီခွဲဝန်းကျင်တွင် ဂျိုးဖြူ မြို့ပြပြောက်ကျားတပ်ဖွဲ့ တော်လှန်ရေးရဲဘော် ကိုအောင်ပြူးကို ဖမ်းဆီးမရသည့်အတွက် ၎င်းမိသားစုဝင် ၈ ဦးကို စစ်ကောင်စီမှ ဝင်ရောက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း ‌ဒေသခံများက သျှမ်းသံတောင်ဆင့်ကို ပြောသည်။

“ကိုအောင်ပြူးရဲ့ မိသားစုဝင်တွေကို ဝင်ဖမ်းသွားတယ်ဆိုတာဟုတ်တယ်။သူက အိမ်တောင် ပြန်လာတာ မျိုးတော့မရှိဘူး။သူအိမ်ကလူတွေကလည်း သူ့ကိုအမွေဖြတ်ထားတာ။လက်ရှိ တရွာလုံးကိုတော့ စစ်ကောင်စီတွေ စောင့်နေတာ ”ဟု အသက် ၃၀ အရွယ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

၎င်းတို့ကို စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ ပျူစော်ထီပူးပေါင်းတပ်ဖွဲ့တို့ ကား ၆ စီ၊လူအင်အား ၅၀ ခန့်ဖြင့် ဝင်ရောက်ဖမ်းစီးခဲ့ပြီး၊ အိမ်ကို ဝင်ရောက်မွှေနောက်ရှာဖွေသွားပြီး ငွေနှင့် အဖိုးတန်ပစ္စည်းများကိုလည်း ယူဆောင်သွားကြောင်း ဒေသခံများကပြောသည်။

ရွာငံမြို့သည် စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းယူပြီးနောက် ရွာငံမြို့နယ်အတွင်း စစ်တပ်မှ နေရာယူ တပ်စွဲထားသည့်အပြင် စစ်ဆေးမှု တင်းကြပ်ခြင်း၊ ဒေသခံများကို ခြိမ်းခြောက်ဖိအားပေးခြင်းတို့ ရှိနေကြောင်း သိရသည်။

ရွာငံမြို့နယ်အတွင်း လှုပ်ရှားနေသည့် စစ်ကောင်စီသည် အရပ်သားပြည်သူများကို နည်းမျိုးစုံ လူ့အခွင့်အရေးချိုးဖောက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article