Monday, May 6, 2024

သျှမ်းတောင်ရောက်စစ်ရှောင်များ အနွေးထည်မရှိဘဲ ဖြတ်သန်းနေရ

Must read

သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြိုနယ်ရှိ စစ်ရှောင်စခန်းတွင် ရောက်ရှိနေကြသော လွိုင်ကော်မြိုမှ စစ်ရှောင်များမှာ အကျီနွေးနှင့် စောင်များမရှိဘဲ ဆောင်းရာသီကို ဖြတ်သန်းနေကြကြောင်း စစ်ဘေးရှောင်များ ပြောကြားချက်အရ သိရှိရသည်။

ဆီဆိုင် စစ်ရှောင်

ထိုစခန်းရှိ စစ်ရှောင်များသည် “၁၀၂၇ စစ်ဆင်ရေး” လွိုင်ကော်မြို့တွင် တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်တပ်ဘက်မှ လက်နက်ကြီးများ၊ လေယာဥ်များဖြင့် လူနေရပ်ကွက် အတွင်း ပြင်းထန်စွာ ဦးတည်တိုက်ခိုက်မှုကြောင့် ရရာနည်းဖြင့် ထွက်ပြေး တိမ်းရှောင်လာခဲ့ရသူများ ဖြစ်ကြသည်။

“အဲ့တုန်းက လမ်းတွေပိတ်ထားတော့ တောလမ်းကနေ ဆိုင်ကယ်တစ်စီးနဲ့ သုံးယောက်၊လေးယောက် ပြေးလာရလို ဘာမှမသယ်လာနိုင်ခဲ့ဘူး။ ကားစီးလာတဲ့သူတွေကလည်း ပစ္စည်းအများ မယူနိုင်ပဲ လူတွေ ဦးစားပေး တင်လာကြတာ။ အခုက ကလေးငယ်တွေရော၊ သက်ကြီးရွယ်အိုတွေဆို အအေးဒဏ် မခံနိုင်ကြဘူး။ ဒီဘက်မှာက လွိုင်ကော်ထက်လည်း အများကြီး ပိုအေးတယ်။ အမိုးအကာ လုံလုံခြုံခြုံနဲ့လည်း မဟုတ်၊ စောင်တွေပါမရှိတော့ အခုလို ညတွေဆို အေးလွန်းလို့ မအိပ်နိုင်ကြဘူး။ အကုန်လုံးက အကျီနွေးနဲ့ စောင်တွေ ရှိဖို့ မျှော်လင့်နေကြတယ်” ဟု အဆိုပါ တိမ်းရှောင်နေသူမှ ပြောပြသည်။

ဆီဆိုင် စစ်ရှောင်

ဆီဆိုင်ရှိ စစ်ရှောင်စခန်းတွင် ယခင်မူလ စစ်ရှောင်ဦးရေမှာ နှစ်သောင်းခန့်ရှိပြီး ယခုလက်ရှိတွင် တစ်သောင်းကျော် တိုးလာသဖြင့် စစ်ရှောင် ဦးရေပေါင်း သုံးသောင်းကျော်ခန့်ပင် ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

ယခုအချိန်တွင် ဆီဆိုင်မြို့နယ် စစ်ရှောင်စခန်း၌ အနွေးထည်၊ အမိုးအကာများ အပါအ၀င် စားနပ်ရိက္ခာများပါ အရေးတကြီး လိုအပ်နေပြီး နေထိုင်စားသောက်ရ ခက်ခဲနေကြောင်း သိရှိရသည်။

PNLOမှ စားနပ်ရိက္ခာများ ထောက်ပံ့ဖူးသော်လည်း စစ်ရှောင်ဦးရေ အလွန်များပြားမှုကြောင့် လုံလောက်မှု မရှိကြောင်း၊ လက်ရှိအချိန်ထိ တခြားမည်သည့် အဖွဲအစည်းမှ လာရောက်ကူညီခြင်း မရှိသေးကြောင်းလည်း ထပ်မံသိရှိရသည်။

နေအိမ်နှင့် ပိုင်ဆိုင်ရာများကို စွန့်ခွာပြေးခဲ့ရသော စစ်ရှောင်များကို တတ်နိုင်ပါက ၀ိုင်း၀န်း အကူအညီပေးကြရန် နှင့် ရှေ့ဆက်ရပ်တည်နိုင်ရန် လိုအပ်ချက်များကို ကူညီဖြည့်စွက်ပေးကြရန် စစ်ရှောင်စခန်း ကူညီသူ တစ်ဦးမှ တောင်းဆိုထားသည်။

Leave a Comments

- Advertisement -spot_img

Latest article