MNDAA ချင်းရွှေဟော်မြို့ ကို ထိန်းချုပ်ထား
SHAN -
“၁၀၂၇ စစ်ဆင်ရေး” တိုက်ပွဲ (အောက်တိုလာလ ၂၇)မှ စတင်ခဲ့ပြီး ညီနောက်မဟာမိတ် ၃ ဖွဲ့ သည် ချင်းရွှေဟော်မြို့ ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ချင်းရွှေဟော်မြို့မှာတော့ ကျနော်တို့ တပ်ထိုင်ထားပါတယ်။ စစ်ကောင်စီလုံးဝမရှိတော့တဲ့ အနေအထားဖြစ် ပါတယ်”ဟု လီကျာဝင်း...
သိန္နီမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများကို စစ်ကောင်စီတပ်က သတင်းဖုံးဖိ တင်းကျပ်ထား
SHAN -
သျှမ်းပြည် သိန္နီမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများကို စစ်ကောင်စီတပ်က သတင်းဖုံးဖိထားရန် ကြိုးပမ်းလာပြီး စစ်ဘေးရှောင်များ၏ ဖုန်းများကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေသည်ဟု စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာ ၃၀ ရက်)နေ့က သိန္နီမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုကို စစ်ကောင်စီတပ်သားများ ရောက်လာပြီး စစ်ဘေးရှောင်များ၏ မိုဘိုင်းဖုန်းထဲရှိ ဓာတ်ပုံများကို စစ်ဆေးမည်ဟု ပြောဆိုကြောင်း သိန္နီမြို့ရှိ...
မူဆယ်ခရိုင် နမ့်ခမ်းနှင့် ပန်ဆိုင်း တိုက်ပွဲပြင်းထန်နေ
သျှမ်းပြည် မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်နှင့် ပန်ဆိုင်း (ကြူကုတ်)မြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် ညီနောင်မဟာမိတ် တို့အကြား တိုက်ပွဲဆက်လက် ပြင်းထန်နေကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (အောက်တိုဘာလ ၃၀ ရက်) မွန်းလွဲ ၁ နာရီအချိန်မှစပြီး နမ့်ခမ်းမြို့နယ် မန်ခမ်းရွာနှင့် စယ်ဟိုင်းရွာ အကြားတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်...
နောင်ချို စစ်ကောင်စီလေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား ၁ ဦးသေ၊ စစ်ဘေးရှောင်ဦးရေ ၁၀၀၀ ကျော် ရှိလာ
SHAN -
သျှမ်းပြည် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၂၉ ရက်) နံနက် ၇ နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွင် နောင်ချိုမြို့နယ် ကျောက်ကြမ်းကျေးရွာရှိ ဟိန္ဒူဘုရားကျောင်းကို ထိမှန်ခဲ့ပြီး...
သျှမ်းမြောက် ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်
SHAN -
သျှမ်းပြည် မြောက်ပိုင်း “ ၁၀၂၇” စစ်ဆင်ရေး ဖြစ်ပွားပြီးနောက် ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်လာကြောင်း စုံစမ်းသိရသည်။ သျှမ်းသံတော်ဆင့် ကောက်ယူထားသည့် သတင်းအချက်အလက်အရ သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ အပါအဝင် စစ်ရေးပဋိပက္ခဖြစ်ပွားနေသည့် သိန္နီမြို့၊ လောက်ကိုင်မြို့၊ လားရှိုးမြို့တို့တွင် ကုန်စျေးနှုန်း တစ်ဆစီ ခုန်တက်သွားသည်။ လက်ရှိ ကုန်စျေးနှုန်းများသည့် ကုန်သည်များ၏ လက်ထဲတွင်...
သိန္နီမြို့အဝင် တံတားကြီးကျိုး
သျှမ်းပြည် လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမပေါ် ရှိ သိန္နီမြို့အဝင် တံတား ယနေ့ (အောက်တိုဘာလ ၃၀ ရက်) နံနက်ပိုင်းအချိန်တွင် ကျိုးကျသွားပြီဖြစ်ကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၃၀) နံနက်ပိုင်းအချိန်တွင် လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမပေါ်ရှိ သိန္နီမြို့အဝင်မှ ကုန်သွယ်ရေးလမ်းကြောင်းအတွက် ဆက်သွယ်ထားသော တံတား (အဓိကကျသည့် တံတားကြီး)...
ညောင်ရွှေ CDM ကျန်းမာရေးဝန်းထမ်း ၃ ဦး ဖမ်းဆီးခံရ၊ ပြန်မလွှတ်လာသေး
သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင်း နေထိုင်သည့် CDM ကျန်းမာရေးဝန်ထမ်း ၃ ဦးကို စစ်ကောင်စီမှ ဖမ်းဆီးသွားခဲ့ပြီး လက်ရှိအချိန်ထိ ပြန်လည်လွှတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ပြီးခဲ့သည့် (အောက်တိုဘာလ ၁၇ ရက်) တွင် ညောင်ရွှေမြို့နယ် မိုင်းပျိုးကျေးရွာနေ CDM...
သိန္နီမြို့ လက်နက်ကြီးကြောင့် ပြည်သူနေအိမ် ၂၀ ကျော် ပျက်စီး
SHAN -
သျှမ်းပြည် သိန္နီမြို့နယ်တွင် စစ်ကောင်စီမှ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီး ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲသဖြင့် ပြည်သူနေအိမ် ၂၀ ကျော် ထိခိုက်ပျက်စီးကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၂၉ ရက်) ညသန်းခေါင်အချိန်တွင် စစ်ကောင်စီတပ်မှ ပစ်ခတ်လာသည့် လက်နက်ကြီးသည် သိန္နီမြို့အနီးရှိ ခူးဝိန်းနှင့်တိုက်ယက်ကျေးရွာတို့တွင် ကျရောက်ပေါက်ကွဲခြင်းကြောင့် ပြည်သူနေအိမ် ၂၀...
သျှမ်းပြည် မြောက်ပိုင်းဒေသတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၄၀ ကျော်သေဆုံးပြီး ဗိုလ်ကြီးအပါအဝင် စစ်သုံ့ပန်းနှင့်အတူလက်နက်ခဲယမ်း အများအပြား ဖမ်းဆီးသိမ်းဆည်းရမိကြောင်း BPLA မှထုတ်ပြန်ထားသည်။ ယမန်နေ့ (အောက်တိုဘာလ ၂၈ ရက်) နံနက်ပိုင်းအချိန်မှစပြီး သျှမ်းမြောက်ဒေသရှိ မဟာမိတ်တပ်ဖွဲ့များ လှုပ်ရှားရာနေရာတစ်ခုသို့ တပ်မ (၃၃) လက်အောက်ခံတပ်ရင်း...
လောက်ကိုင်မြို့ ညမထွက်ရအမိန့်ထုတ်ပြီးနောက် ရိက္ခာအလုအယက်ဝယ် ဆန်စျေးတက်
သျှမ်းပြည် လောက်ကိုင်မြို့နယ်အတွင်း ယနေ့ (အောက်တိုဘာလ ၂၉ ) ရက်မှစပြီး အခြေအနေများ ရှုပ်ထွေးမှုကြောင့်ဆိုကာ ညအမိန့်ထုတ်ပြန်လိုက်ကြောင်း သတင်းသိရှိရသည်။ မြန်မာစံတော်ချိန် ည ၁၀ နာရီမှ နံနက် ၄ နာရီခွဲအချိန်ထိ ညမထွက်ရအချိန်အဖြစ် သတ်မှတ်ထားပြီး လိုက်နာခြင်း မရှိပါက ဉပဒေနှင့်အညီ အရေးဆောင်ရွက်သွားမည်ဟု ကိုးကန့်...





