သိန္နီမြို့ စစ်ရှောင်များ ရှိရာ ဒရုန်းဖြင့် တိုက်ခိုက်ခံရ၊ ကလေး ၁ ဦးသေ၊ ၉ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

သျှမ်းပြည် လားရှိုးခရိုင်၊ သိန္နီမြို့နယ်ရှိ စစ်ဘေးရှောင် ခိုလှုံနေထိုင်ရာ ကျောင်းခမ်းပရိယတ္တိ စာသင်တိုက် ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး စစ်ရှောင် ကလေးအမျိုးသမီး တစ်ဦး သေဆုံးပြီး၊ ၉ ဦးထက်မနည်းက ထိခိုက် ဒဏ်ရာများ ရရှိ သွားကြောင်း စုံစမ်းသိရသည်။

သိန္နီ လက်နက်ကြီးကျ အိမ်ပျက်စီး

ယမန်နေ့ (ဇန်နဝါရီလ ၃) ရက် မွန်းလွဲပိုင်း ၁ နာရီဝန်းကျင်တွင် စစ်ရှောင်များ ခိုလှုံနေထိုင်ရာ သိန္နီမြို့၊ ကျောင်းခမ်း ပရိယတ္တိစာသင်တိုက်သို့ ဒရုန်း တစ်စီးရောက်ရှိလာပြီး ဗုံး ၅ လုံးကြဲချ တိုက်ခိုက်သွားကြောင်း ဖြစ်စဥ်ကို သိရှိသူ လုံခြုံရေးအရ အမည်မဖော်လိုသည့် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒရုန်းမရောက်ခင်မှာ ဘာပစ်ခတ်သံမှလည်း မကြားရဘူး။ ဒရုန်းအသံ ကြားတာနဲ့ ဗုံးတွေ ကြဲချတာ ကြုံရတယ်။ ၄/၅ လုံးလောက်တော့ ရှိတယ်။ အဲ့မှာ အသက် (၁၆) နှစ် ကလေးမ တစ်ယောက်က ပွဲချင်းပြီးသေတယ်။ နောက်ထပ် ကလေး (၆) ယောက်လည်း ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့အထဲမှာ လူကြီး နှစ်ယောက်လည်းပါတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သိန္နီမြို့မှ စစ်ဘေးရှောင်များ

ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် သေဆုံးသည့် ကလေးငယ်သည် အသက် (၁၆) နှစ်ဝန်းကျင် (၁၀) တန်းကျောင်းသူ မငြိမ်းသူဇာထွေး ဆိုသူဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူများ အနက် ကလေးငယ် (၄) ဦး နှင့် အမျိုးသား လူကြီး (၁) ဦး တို့၏ ဒဏ်ရာအခြေအနေများက ပြင်းထန်ပြီး စိုးရိမ်ရသည့် အခြေအနေ ရှိနေကြောင်းလည်း သိရသည်။

ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် စစ်ဘေးရှောင် အရပ်သားများ သေဆုံး/ဒဏ်ရာရသည့် အပြင် ကျောင်းခမ်း ပရိယတ္တိ စာသင်တိုက်ရှိ ဇရပ်တစ်ဆောင် ထိခိုက်ပျက်စီးရကြောင်း အထက်ပါ အမျိုးသားက ဆက်ပြောသည်။

“ဘယ်အဖွဲ့က ဒရုန်းလို့တော့ မသိဘူး။ ဒရုန်းက ကျောင်းခေါင်မိုးပေါ်တည့်တည့်လာပြီး ကြဲချသွားတာ ဆိုတော့ ထိခိုက်ပျက်စီးမှုလည်း များသွားတယ်။ ကျောင်းဆောင်တစ်ခုဆို ခေါင်မိုးတွေ၊ အုတ်နံရုံတွေ ကျိုးပေါက်ပြီး ပျက်စီးသွားပြီ၊ အခုလို စစ်ရှောင်နေရာကိုတောင် မချန်ဘဲ တိုက်ခိုက်နေကြတာ ဆိုတော့ ကျနော်တို့လည်း အရမ်းကို ကြောက်နေကြပြီ။” ဟု အထက်ပါ အမည်မဖော်လိုသူ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ အချိန်တွင် စစ်ဘေးရှောင်များ နေရာပြောင်းရွှေ့ရန် အတွက် တာဝန်ရှိသူများက ဆွေးနွေးတိုင်ပင် နေလျက်ရှိပြီး အသေးစိတ် အခြေအနေများကို သျှမ်းသံတော်ဆင့်မှ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

စစ်ရှောင်များ ခိုလှုံရာ သိန္နီမြို့မှ ကျောင်းခမ်း ပရိယတ္တိ စာသင်တိုက်သည် ပြီးခဲ့သည့် နိုဝင်ဘာ ပထမပတ် အတွင်း စစ်ကောင်စီတပ် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် အမျိုးသား ၃ ဦး သေဆုံးခဲ့ပြီး အမျိုးသမီးအပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အလားတူပင် ပြီးခဲ့သည့် ဒီဇင်ဘာ ၄ ရက် နံနက်အချိန်က စစ်ကောင်စီတပ်မှ ပစ်ခတ်လာသည့် ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် အသက် ၆၀ ကျော်အရွယ်ရှိ အဘွားအို ၁ ဦး ထိတ်လန့်သေဆုံးခဲ့ပြီး၊ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယင်းကဲ့သို့ အရပ်သားများ နေထိုင်ရာ၊ စစ်ဘေးရှောင်စခန်းများ ရှိရာသို့ တိုက်ပွဲဖြစ်ပွားခြင်း၊ စစ်သားများ ဝင်ရောက်နေရာယူခြင်း နှင့် တိုက်ခိုက်မှု ပြုလုပ်ခြင်းတို့သည် စစ်ရာဇဝတ်မှု (war crimes) ပြစ်မှု မြှောက်သကဲ့သို့ မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးထားသည့် ဂျီနီဗာ ကွန်ဗင်းရှင်း စာပိုဒ်ပါ စစ်ပွဲအတွင်း အရပ်သားများ ထိခိုက်ကာကွယ်မှုကို အကာအကွယ်ပေးရန် ဆိုသည့် စာချုပ်ကိုလည်း ကျူးလွန်ရာ ဖြစ်နေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...