Wednesday, January 28, 2026

Sexy မော်ဒယ် သရုပ်ဆောင် သင်ဇာဝင့်ကျော် နှင့် နန်းမွေစံ တို့ လွတ်မြောက်လာ

ယနေ့ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် Sexy မော်ဒယ် သရုပ်ဆောင် သင်ဇာဝင့်ကျော် နှင့် နန်းမွေစံတို့က လွတ်မြောက်လာကြောင်း စုံစမ်းသိရသည်။

ရန်ကုန်မြို့ ၊ အင်းစိန်ထောင်တွင် ထောင်ဒဏ် အသီးသီး ချမှတ်ခံထားရသည့် Sexy မော်ဒယ် သရုပ်ဆောင် သင်ဇာဝင့်ကျော် နှင့် နန်းမွေစံ တို့သည် ၇၆ နှစ်မြောက် လွတ်လပ်ရေနေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီမှ လွတ်ငြိမ်းခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

Sexy မော်ဒယ် သရုပ်ဆောင် သင်ဇာဝင့်ကျော်သည် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လဆန်းပိုင်းအတွင်း ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) ဌာနချုပ်သို့ သွားရောက်ကာ ဒေသဖွံ့ဖြိုးရေး မှတ်တမ်းဗီဒီယိုသွားရောက် ရိုက်ကူးခဲ့တဲ့အပြင် SSPP ၏ အကြီးအကဲဖြစ်သူ ဗိုလ်မှူးကြီး စိုင်းဆု၏ သမီးမင်္ဂလာဆောင်ကို SSPP ယူနီဖောင်းဝတ်စုံဖြင့် တက်ရောက်ခဲ့ပြီး နောက် စစ်ကောင်စီ၏ ဖမ်းဆီးမှုကို ခံရခြင်း ဖြစ်သည်။

အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့က Sexy မော်ဒယ် သရုပ်ဆောင် သင်ဇာဝင့်ကျော် နှင့် နန်းမွေစံ တို့ကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇူလိုင်လ အတွင်း အီလက်ထရွန်နစ်ဥပဒေ နှင့် စစ်ခုံရုံးတွင် တရားစွဲဆိုခံရပြီး ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ထောင်ဒဏ်အသီးသီး ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။

Sexy မော်ဒယ် သရုပ်ဆောင် သင်ဇာဝင့်ကျော် နှင့် နန်းမွေစံ တို့ ၂ ဦးတို့ကို စစ်ကောင်စီတပ်မှ စွဲဆိုထားသည့် အီလက်ထရောနစ် ဥပဒေ ပုဒ်မ – ၃၃ နှင့် ၃၃-က တို့သည် အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မများလည်း ဖြစ်ကြောင်း လေ့လာသိရှိရသည်။

လက်ရှိတွင် ၎င်းတို့နှစ်ဦးသည် ထောင်ဒဏ် တစ်နှစ်ကျော် ကျခံရပြီးနောက် ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်သည်။

ယနေ့ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် လွတ်လပ်ရေး အထိမ်းအမှတ်အဖြစ် တနိုင်ငံလုံးရှိ အကျဥ်းထောင် အသီးသီးမှ အကျဥ်းသား ၉၆၅၂ ဦး လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသော်လည်း သျှမ်းပြည်အတွက် ဦးရေ စာရင်း နှင့် နိုင်ငံရေး အကျဉ်းသားဦးရေကို သျှမ်းသံတော်ဆင့်မှ စုံစမ်းနေဆဲ ဖြစ်သည်။

SAHNBurmese

Shannews

သျှမ်းသံတော်ဆင့်

နမ့်ခမ်းမြို့ #စစ်တပ်မှလေကြောင်းဖြင့်ပစ်ခတ် #စစ်ဘေးရှောင်များနေရပ်မပြန်ရဲ #TNLA #စစ်ကောင်စီ

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...