Sexy မော်ဒယ် သရုပ်ဆောင် သင်ဇာဝင့်ကျော် နှင့် နန်းမွေစံ တို့ လွတ်မြောက်လာ

ယနေ့ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် Sexy မော်ဒယ် သရုပ်ဆောင် သင်ဇာဝင့်ကျော် နှင့် နန်းမွေစံတို့က လွတ်မြောက်လာကြောင်း စုံစမ်းသိရသည်။

ရန်ကုန်မြို့ ၊ အင်းစိန်ထောင်တွင် ထောင်ဒဏ် အသီးသီး ချမှတ်ခံထားရသည့် Sexy မော်ဒယ် သရုပ်ဆောင် သင်ဇာဝင့်ကျော် နှင့် နန်းမွေစံ တို့သည် ၇၆ နှစ်မြောက် လွတ်လပ်ရေနေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီမှ လွတ်ငြိမ်းခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

Sexy မော်ဒယ် သရုပ်ဆောင် သင်ဇာဝင့်ကျော်သည် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လဆန်းပိုင်းအတွင်း ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) ဌာနချုပ်သို့ သွားရောက်ကာ ဒေသဖွံ့ဖြိုးရေး မှတ်တမ်းဗီဒီယိုသွားရောက် ရိုက်ကူးခဲ့တဲ့အပြင် SSPP ၏ အကြီးအကဲဖြစ်သူ ဗိုလ်မှူးကြီး စိုင်းဆု၏ သမီးမင်္ဂလာဆောင်ကို SSPP ယူနီဖောင်းဝတ်စုံဖြင့် တက်ရောက်ခဲ့ပြီး နောက် စစ်ကောင်စီ၏ ဖမ်းဆီးမှုကို ခံရခြင်း ဖြစ်သည်။

အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့က Sexy မော်ဒယ် သရုပ်ဆောင် သင်ဇာဝင့်ကျော် နှင့် နန်းမွေစံ တို့ကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇူလိုင်လ အတွင်း အီလက်ထရွန်နစ်ဥပဒေ နှင့် စစ်ခုံရုံးတွင် တရားစွဲဆိုခံရပြီး ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ထောင်ဒဏ်အသီးသီး ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။

Sexy မော်ဒယ် သရုပ်ဆောင် သင်ဇာဝင့်ကျော် နှင့် နန်းမွေစံ တို့ ၂ ဦးတို့ကို စစ်ကောင်စီတပ်မှ စွဲဆိုထားသည့် အီလက်ထရောနစ် ဥပဒေ ပုဒ်မ – ၃၃ နှင့် ၃၃-က တို့သည် အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မများလည်း ဖြစ်ကြောင်း လေ့လာသိရှိရသည်။

လက်ရှိတွင် ၎င်းတို့နှစ်ဦးသည် ထောင်ဒဏ် တစ်နှစ်ကျော် ကျခံရပြီးနောက် ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်သည်။

ယနေ့ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် လွတ်လပ်ရေး အထိမ်းအမှတ်အဖြစ် တနိုင်ငံလုံးရှိ အကျဥ်းထောင် အသီးသီးမှ အကျဥ်းသား ၉၆၅၂ ဦး လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသော်လည်း သျှမ်းပြည်အတွက် ဦးရေ စာရင်း နှင့် နိုင်ငံရေး အကျဉ်းသားဦးရေကို သျှမ်းသံတော်ဆင့်မှ စုံစမ်းနေဆဲ ဖြစ်သည်။

SAHNBurmese

Shannews

သျှမ်းသံတော်ဆင့်

နမ့်ခမ်းမြို့ #စစ်တပ်မှလေကြောင်းဖြင့်ပစ်ခတ် #စစ်ဘေးရှောင်များနေရပ်မပြန်ရဲ #TNLA #စစ်ကောင်စီ

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...