Wednesday, February 11, 2026

CATEGORY

နိုင်ငံရေး

မူဆယ်မြို့နယ် ကတုတ်ကျင်း ပြိုကျမှုကြောင့် ၂ ဦးသေဆုံး

သျှမ်းပြည် မူဆယ်မြို့နယ် ဗုံးခိုကျင်း (ကတုတ်ကျင်း) မြေပြိုကျမှုကြောင့် သားအမိနှစ်ယောက် သေဆုံးခဲ့ကြောင်း စုံစမ်း သိရသည်။ သျှမ်းပြည် မူဆယ်မြို့နယ် နမ့်ခွမ်ကျေးရွာတွင် နိုဝင်ဘာ (၁)ရက် မွန်းလွဲပိုင်း လက်နက်ကြီးသံကြောင့် ကတုတ်ကျင်း ထဲသွားရောက်ခိုလှုံရာ မတော်တဆ မြေပြိုမှုသေဆုံးခဲ့ပြီး၊ ယမန်နေ့ (နိုဝင်ဘာ ၂)ရက် တွင် ဒေသခံများက...

လားရှိုးမြို့နယ် စစ်ကောင်စီဝင်ရောက် နယ်မြေရှင်းလင်း၊ လမ်းမပေါ်ရှိ အရပ်သား ၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွား

သျှမ်းပြည် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက်နယ်မြေရှင်းရေး ပြုလုပ်နေစဉ် လမ်းမပေါ်ရှိ အရပ်သား ၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ ( နိုဝင်ဘာလ ၂ ရက် ) မွန်းလွဲ ၃ နာရီကျော် အချိန်တွင် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာ အုပ်စုအတွင်းသို့...

ကွမ်းလုံမြို့ပေါ် ပြည်သူများကို မြို့မှထွက်ခွာရန် ညီနောင်မဟာမိတ် ၃ ဖွဲ့ သတိပေး

သျှမ်းပြည် ကွမ်းလုံမြို့ပေါ် ရပ်ကွက်များရှိ ပြည်သူများကို မြို့မှထွက်ခွာရန် ညီနောင်မဟာမိတ် ၃ ဖွဲ့မှ သတိပေးလာကြောင်း စုံစမ်းသိရသည်။ ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် ယမန်နေ့ (နိုဝင်ဘာလ ၂ ရက်)က ကွမ်းလုံမြို့တွင် တစ်နေကုန် တိုက်ပွဲပြင်းထန်ခဲ့ပြီး ကွမ်းလုံမြို့ပေါ် ရပ်ကွက်များရှိ ပြည်သူများကို မြို့မှထွက်ခွာရန်...

နမ့်ခမ်းမြို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေ

မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ( နိုဝင်ဘာလ ၃ ရက်) နံနက်အစောပိုင်းမှစပြီး နမ့်ခမ်းမြို့ အောင်မြတ်သာ ရပ်ကွက်အတွင်း...

သိန္နီတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းကြောင့် အမျိုးသမီး ၂ ဦး ပွဲချင်းပြီးသေဆုံး

သျှမ်းပြည် သိန္နီမြို့အတွင်း ပိုင်ရှင်မဲ့ လက်နက်ကြီးတစ်လုံး ပြည်သူနေအိမ်အပေါ် ကျရောက်ပေါက်ကွဲခြင်းကြောင့် အမျိုးသမီး နှစ်ဦး သေဆုံးခဲ့ပြီး နေအိမ်မှာလည်း ပျက်စီးသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၁ ရက်) ညနေ ၃ နာရီအချိန်ခန့်တွင် သိန္နီမြို့မှ ကွတ်ခိုင်သို့အတက် လမ်းခွဲ ကုန်းထိပ်နားတွင် ဝက်သားချဉ်ရောင်းသည့် အိမ်ကို...

မိုင်းရယ် တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်၊ ဗုံးခိုကျင်းများ တူးထားရ

သျှမ်းပြည် မိုင်းရယ်မြို့နယ်အတွင်း ညီနောင်မဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်တို့၏ စစ်ရေးလှုပ်ရှားမှုများကြောင့် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ပြီး ဗုံးခိုကျင်းများ တူးထားရကြောင်း စုံစမ်းသိရသည်။ ယခု နိုဝင်ဘာ လဆန်းပိုင်းမှစပြီး မိုင်းရယ်မြို့နယ်အတွင်း TNLA တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့၏ စစ်ရေးလှုပ်ရှားမှုများကြောင့် မိုင်းရယ်မြို့ပေါ် ရပ်ကွက်များတွင် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ပြီး ဗုံးခိုကျင်းများ တူးထားရကြောင်း မိုင်းရယ်ဒေသခံများက...

မြောက်ပိုင်း စစ်ရေးဂယက်ကြောင့် မိုင်းလားမြို့အဝင်ဂိတ်ကို စစ်ကောင်စီပိတ်

သျှမ်းပြည် မြောက်ပိုင်းဒေသမှ စစ်ရေးပဋိပက္ခကြောင့် ယနေ့ ( နိုဝင်ဘာလ ၂ ရက် ) နံနက်ပိုင်း ၁၀ နာရီဝန်းကျင်မှစပြီး ကျိုင်းတုံ-မိုင်းလား ကားလမ်းမပေါ်ရှိ တာပင်းဂိတ် (မိုင်းလားမြို့အဝင်ဂိတ်) ကို စစ်ကောင်စီဘက်မှ ပိတ်ချလိုက်ပြီ ဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “ တာပင်းဂိတ်ကို စစ်ကောင်စီဘက်က...

စစ်ရဟတ်ယာဥ် ဓာတုဆေးဝါးဖြန်းခြင်းကြောင့် အရပ်သားတစ်ဦးသေဆုံးဆိုသည့် သတင်းအမှား

အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့မှ ရဟတ်ယာဥ်အသုံးပြုပြီး သျှမ်းမြောက်ဒေသ မူဆယ်၊ နမ့်ခမ်း၊ ပန်ဆိုင်းမြို့ တလျှောက်ကို ဓာတုဆေးရည်ဖြင့် ပတ်ဖြန်းကာ နမ့်ခမ်းမြို့ဒေသခံတစ်ဦး သေဆုံးသွားခဲ့ဆိုသည့် ရုပ်ပုံ၊ ဗီဒီယိုဖိုင်နှင့်အတူ လူမှုကွန်ရက် စာမျက်နှာပေါ်၌ သတင်းအမှားဖြန့်ဝေနေသည်။ လူမှုကွန်ရက် ဖေ့ဘုတ်ပေ့ (facebook page) ဖြစ်တဲ့ Lai Dai Noom...

စစ်ရေးအရ နယ်မြေကျူးကျော်လာပါက ကိုင်တွယ်ဖြေရှင်းမည်ဟု “ဝ”တပ်ဖွဲ့ UWSA ထုတ်ပြန်

ကိုးကန့်တပ်ဖွဲ့ MNDAA က စစ်ကောင်စီတပ်အ‌ပေါ် ရုတ်တရက်ဆင်နွှဲခဲ့သည့် စစ်ဆင်ရေးကြောင့် “ဝ”ဒေသအတွင်းရှိ နယ်မြေနှင့်လေပိုင်နက်တို့ကို စစ်ရေးအရ ကျူးကျော်မှုများ ရှိလာပါက ကိုင်တွယ်ဖြေရှင်းသွားမည်ဟု “ဝ”ပြည် သွေးစည်းညီညွတ်‌ရေးပါတီ (UWSP/UWSA)က ယနေ့ (နိုဝင်ဘာ ၁ ရက်)တွင် သတင်းထုတ်ပြန်လာသည်။ လက်ရှိဖြစ်ပွားနေသော ကိုးကန့်ဒေသရှိ လက်နက်ကိုင် ပဋိပက္ခများကို “ဝ”တပ်ဖွဲ့...

နမ့်ခမ်းမြို့အဝင် စစ်ဆေးရေးဂိတ်ကို TNLA ဝင်တိုက်သိမ်းပိုက်၊ ဂိတ်စောင့် တပ်သား ထွက်ပြေး

သျှမ်းပြည် နမ့်ခမ်းမြို့နယ် မန်ခမ်းရွာရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သဖြင့် စစ်ဆေးရေး အစောင့်တပ်သား ထွက်ပြေးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၃၁ ရက်) ညပိုင်း ၇ နာရီခွဲအချိန်တွင် နမ့်ခမ်းမြို့နယ် မန်ခမ်းရွာရှိ...

Latest news