Wednesday, February 11, 2026

CATEGORY

နိုင်ငံရေး

နမ့်ဆန် စစ်ကောင်စီ လေကြောင်းဗုံးကြဲ ကလေး ၂ ဦးအပါအဝင် ၃ ဦးသေဆုံး

သျှမ်းပြည် နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာတွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခြင်းကြောင့် ကလေး ၂ ဦးအပါအဝင် အရပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာ ၁၉ ရက်) ည ၁၁ နာရီကျော်တွင် စစ်ကောင်စီတပ်က နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာသို့ လေကြောင်းမှ...

လွိုင်ကော်မြို့တွင်းပိတ်မိနေသည့် သက်ကြီးရွယ်အိုများဦးစားပေး ကယ်ထုတ်နေ

ကရင်နီ (ကဟား) ပြည် လွိုင်ကော်မြို့ အတွင်းမှ သက်ကြီးရွယ်အိုများကို ဦးစွာပေး ကယ်ထုတ်နေကြောင်း စုံစမ်းသိရသည်။ သျှမ်း-ကရင်နီ တကြောတွင် “ ၁၁.၁၁ စစ်ဆင်ရေး” ကြောင့် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စ၍ စစ်ဘေးရှောင် နေရပြီး တောင်ကြီး၊အောင်ပန်း ၊ညောင်ရွှေ၊ ၊ပင်လောင်းတို့တွင် ပြောင်းရွှေ့ကာ...

တောင်ကြီးမြို့နယ် စက်သုံးဆီ နည်းပါး၊ ဆီများ အကန့်အသတ်ဖြင့်သာ ရောင်းချပေး

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်တွင် စက်သုံးဆီးများ တင်သွင်းမှု နည်းပါးသဖြင့် လက်ကျန်နည်းသောကြောင့် ဓာတ်ဆီဆိုင်များမှ နိုဝင်ဘာလ (၁၅) ရက်မှ စတင်ကာ ဝယ်ယူသူများကို အကန့်အသတ်ဖြင့်သာ ရောင်းချပေးတော့ကြောင်း စုံစမ်းသိရသည်။ စက်သုံးဆီ အဝင်နည်း‌နေသဖြင့် ပြတ်လပ်သွားမည့် အခြေအနေမျိုး မရောက်ရှိစေရန် အချို့ ဆီဆိုင်များမှာ အကန့်အသတ်ဖြင့်သာ ရောင်းပေးနေကြောင်း၊...

ကျောက်မဲ ဂုတ်တွင်းလမ်းပိုင်းမှ စစ်ကောင်စီ အင်အား ဖြည့်တင်းနေ

သျှမ်းပြည် ကျောက်မဲမြို့တွင် ဂုတ်တွင်းလမ်းပိုင်းမှတဆင့် ကျောက်မဲမြို့အခြေစိုက် စစ်ကောင်စီတပ်များသို့ အင်အားအများအပြား ဖြည့်တင်းနေကြောင်း စုံစမ်းသိရသည်။ ပြင်ဦးလွင်မြို့မှ ထိုးစစ်ဆင်ရန် အင်အားဖြည့်တင်းလာသည့် စစ်ကား အစီး ၄၀ ကျော်နှင့် သံချပ်ကာ ၁ စီး ပါဝင်သော စစ်ကောင်စီယာဉ်တန်းသည် ဂုတ်တွင်းလမ်းပိုင်းမှတဆင့် ယမန်နေ့ (နိုဝင်ဘာ ၁၉ ရက်)...

အဝေရာ မီးပုံးပျံကွင်းတွင် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဖွင့်ပွဲ အတွက် အကြို လေ့ကျင့်မှုများ ပြုလုပ်

သျှမ်းပြည် တောင်ကြီးမြို့ရှိ အဝေရာကုန်းသာယာ မီးပုံးပျံကွင်းတွင် နိုဝင်ဘာ (၂၁)ရက်နေ့ ကျင်းပမည့် တန်ဆောင်တိုင် ပွဲတော် ဖွင့်ပွဲအတွက် အစမ်းလေ့ကျင့်မှု ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ အဆိုပါ ဖွင့်ပွဲ အခမ်းအနား‌ေန့တွင် တက်ရောက်လာသူများနှင့် လာရောက်လည်ပတ်သူများကို သျှမ်းပြည် တောင်ပိုင်းအတွင်း နေထိုင်ကြသော တိုင်းရင်းသား အဖွဲ့များမှ ရိုးရာ အကများဖြင့်...

သျှမ်းတောင်တွင် နေ့စဉ်စစ်ရှောင်ဦးရေ ရာနှင့်ချီဝင်ရောက်၊ လက်မခံဖို့ညွှန်ကြားထားရာ ကူညီပေးနေသူ အခက်အခဲဖြစ်

သျှမ်းပြည်တောင်ပိုင်းရှိ မြို့နယ်နှင့် ကျေးရွာများတွင် ကရင်နီ (ကယား) ပြည်အတွင်း တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာရသည့် စစ်ဘေးရှောင်များ နေ့စဉ် ရာနှင့်ချီရှိနေသော်လည်း စစ်ကောင်စီက လက်မခံရန် ညွှန်ကြားထားသဖြင့် အကူအညီပေးနေသူများ အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရသည်။ ယခုရက်ပိုင်းအတွင်း သျှမ်း-ကရင်နီ (ကယား) ပြည် နယ်စပ်တလျှောက်တွင် စစ်ကောင်စီတပ်နှင့် ကရင်နီ တော်လှန်ရေး...

မူဆယ် (၁၀၅) မိုင် ကလေး နှင့် အမျိုးသမီး ကျည်ထိမှန်

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့နယ် မိုင်းယု (၁၀၅) မိုင်တွင် ယမန်နေ့ (နိုဝင်ဘာ ၁၆) ရက် ညနေ ၌ စစ်ကောင်စီနှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ကလေးတစ်ဦးနှင့်အမျိုးသမီး တစ်ဦး ကျည်ထိမှန်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာ ၁၆) ရက် ညနေ ၃...

သျှမ်း-ကရင်နီ “၁၁.၁၁ စစ်ဆင်ရေး” လေကြောင်းဗုံးကြဲမှု အရပ်သား ၅၀ နီးပါးသေဆုံး

သျှမ်း - ကရင်နီ (ကယား) တကြော ဖြစ်ပွားနေသည့် “၁၁.၁၁ စစ်ဆင်ရေး” တွင် စစ်ကောင်စီ လေကြောင်း ဗုံးကြဲမှုကြောင့် အရပ်သား ၅၀ နီးပါးသေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ သျှမ်း - ကရင်နီ နယ်စပ်တကြောတွင် နိုဝင်ဘာလ ၁၁ရက်မှ စတင်ခဲ့သည့် “၁၁.၁၁ စစ်ဆင်ရေး”...

နောင်ချိုမြို့နယ်တိုက်ပွဲကြား ဗိုက်ခွဲ ကလေးမွေးမိခင် အကူအညီလိုအပ်

သျှမ်းပြည် နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ် နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ကြား ခွဲစိတ်မွေးဖွားစ မိခင်၏ ဒဏ်ရာပိုးဝင်မှုကြောင့် အကူအညီလိုအပ်နေကြောင်း စုံစမ်းသိရသည်။ အဆိုပါ ခွဲစိတ်မွေးဖွားစ မိခင်သည် အသက် ၂၉နှစ်အရွယ်သာရှိပြီး တိုက်ပွဲမဖြစ်ခင် ရက် ၂၀ တွင်...

သိန္နီမြို့မှ ကယ်တင်လာသည့် စစ်ဘေးရှောင်များ လားရှိုးမြို့တွင်း ဝင်ခွင့်မရ

သျှမ်းပြည် လားရှိုးမြို့နယ်တွင် သိန္နီမြို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်များသည် လားရှိုးမြို့တွင်းသို့ ဝင်ရောက်ခွင့်မရကြောင်း စုံစမ်းသိရသည်။ သိန္နီမြို့မှ လားရှိုးမြို့သို့ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်များကို လားရှိုးမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများမှ ယမန်နေ့ (နိုဝင်ဘာ ၁၆ ရက်)မှစ၍ ဟိုပိတ်တိုးဂိတ်မှ မြို့တွင်းသို့ ဝင်ရောက်ခြင်းကို ကန့်သတ်လိုက်ကြောင်း လားရှိုးဒေသခံများက ပြောသည်။ “ဟုတ်တယ်။...

Latest news