သီပေါမြို့နယ်အတွင်း ပျက်စီးသွားသည့်တံတားများ မပြုပြင်နိုင်သေး

သျှမ်းပြည် သီပေါမြို့နယ်ရှိ “၁၀၂၇ စစ်ဆင်ရေး”အတွင်း ဖျက်ဆီးခံခဲ့ရသည့် တံတားများကို ပြန်လည်ပြုပြင်နိုင်ခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။

သီပေါမြို့နယ်အတွင်း နိုဝင်ဘာလ ၁၂ ရက်က ဗုံးခွဲဖျက်ဆီးခံခဲ့ရသည့် ကျောက်မဲ-သီပေါအကြားရှိ ကျင်သီတံတားနှင့် ဒီဇင်ဘာလ ၁ ရက်က စစ်ကောင်စီတပ်နှင့် TNLA တပ်ဖွဲ့တို့၏ နှစ်ဘက်တိုက်ပွဲအကြား အလုံးစုံဖျက်စီးခံခဲ့ရသည့် သီပေါ-လားရှိုးအကြားရှိ စဉ့်အင်တံတားတို့အား လက်ရှိအချိန်အထိ ပြန်လည်ပြုပြင်နိုင်ခြင်း မရှိသေးကြောင်း သီပေါဒေသခံများက ပြောသည်။

“အခုထိ ကျင်သီတံတားက ပြန်မပြင်ရသေးပါဘူး။ ညီနောင်မဟာမိတ်နဲ့ စစ်ကောင်စီတို့ သဘောတူညီမှု မရသေးဘူးလို့လဲ ကြားတယ်။ သူတို့နှစ်ဘက် သဘောတူညီမှု ရရင်တော့ သီပေါမြို့က ကုမ္ပဏီတစ်ခုက တာဝန်ယူပြီးတော့ ပြန်‌ဆောက်ပေးမယ်လို့ ပြောနေကြတယ်။ အခုအခြေအနေနဲ့တော့ မလွယ်သေးဘူး”ဟု သီပေါမြို့မှ ကုန်သည်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့ (ဇန်နဝါရီလ ၁၈ ရက်)က သီပေါမြို့နယ်ရှိ AAA ကုမ္ပဏီမှ ဖျက်ဆီးခံရသည့် ကျင်သီတံတားပေါ်သို့ ကျောက်မီးသွေးများ လာရောက်သွန်ချခဲ့ပြီး မြေကော်ကား(ဘက်ဟိုး)ဖြင့် ကျောက်မဲဘက်ခြမ်းရှိ ကားပေါ်သို့ ပြန်လည်ကဲ့ယူခဲ့ရာ ‌ဒေသခံပြည်သူများမှာ ကျင်သီတံတား ပြန်လည်ပြုပြင်နေသည်ဟု ထင်ယောင်ထင်မှား ဖြစ်ခဲ့ကြောင်း သီပေါဒေသခံများက ပြောသည်။

လက်ရှိတွင် ကျောက်မဲနှင့် လားရှိုးအကြားရှိ ပြည်ထောင်စုလမ်းမကြီးပေါ်မှ ယာဉ်ကြီးယာဉ်ငယ်များ သွားလာ၍ မရသေးဘဲ မန္တလေးဘက်မှလာသော ယာဉ်များသည် နောင်ချိုမြို့မှတဆင့် ရပ်စောက်-ကျောက်ဂူ-နမ့်လန်-မိုင်းရယ်လမ်းပိုင်းဖြင့် လားရှိုးမြို့သို့ ခရီးဝေးဆက်လက်ထွက်ခွာရကြောင်း မန္တလေး-လားရှိုးခရီးစဉ် ပြေးဆွဲနေသည့် ယာဉ်မောင်းများထံမှ သိရသည်။

“အခုက အသွားအလာ အရမ်းခက်ခဲတယ်။ ခရီးသည်တွေကော ကားသမားတွေကော အကုန်လုံးအခက်အခဲဖြစ်တာ။ ပုံမှန် လားရှိုး-မန္တလေးခရီးကို လေးငါးနာရီ မောင်းရတဲ့ခရီး အခုက တကွေ့တပတ်ကြီး သွားရတော့ တချို့ ဆေးကုရမယ့် လူနာတွေဆို တော်တော်လေး ဒုက္ခရောက်ရတယ်။ တံတားပြန်ပြင်ပေးဖို့တော့ မျှော်လင့်ရတာပေါ့”ဟု မန္တလေး-လားရှိုးခရီးစဉ် ပြေးဆွဲနေသည့် ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် မန္တလေးဘက်မှလာသော ယာဉ်ငယ်များအနေဖြင့် ကျောက်မဲမြို့နယ်အတွင်းရှိ နောင်ပိန်ဂုတ်တွင်း-ပုံဝိုး-ခန့်ခဲ-တာလုံ-နားမခေါ်လမ်းပိုင်းပေါ်မှ နမ္မတူမြစ်ကို ဇက်ရေယာဉ်ဖြင့် ဖြတ်ကူးပြီး နမ့်လန်မြို့မှတဆင့် မိုင်းရယ်နှင့် လားရှိုးမြို့များသို့ ဆက်လက်သွားရောက်နိုင်ကြောင်း ၎င်းကားသမားက ဆက်ပြောသည်။

လက်ရှိတွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့သည် တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ကူမင်းမြို့၌ တတိယအကြိမ် တွေ့ဆုံဆွေးနွေးပြီးနောက် ဇန်နဝါရီလ ၁၂ ရက်တွင် ဟိုင်ဂင်သဘောတူညီချက်ကို ရရှိခဲ့ပြီး သျှမ်းမြောက်တွင် ယာယီအပစ်အခတ် ရပ်စဲထားသည်။

ထိုအတောအတွင်း စစ်ကောင်စီနှင့် တရုတ်နိုင်ငံတို့သည် နှစ်ဘက်စလုံးက စစ်ရေးပြင်းထန်နယ်မြေရှိ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်လည်စတင်လိုကြောင်း သိရှိရပြီး တရုတ်နိုင်ငံမှ ယူနန်ပြည်နယ် ကုန်သည်ကြီးများအသင်းကလည်း ယူနန်ပြည်နယ် အစိုးရကို ဖိအားပေးနေသည်ဟု စီးပွားရေးသတင်းရင်းမြစ်များထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...