သီပေါမြို့ ဆန်တင်ထော်လာဂျီ တစ်စီး မိုင်းထိ ပေါက်ကွဲမှုဖြစ်

သျှမ်းပြည် ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ဆန်တင်လာသည့် ထော်လာဂျီ တစ်စီးသည် စစ်ကောင်စီ ထောင်ထားသည့် မိုင်းထိကာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

သီပေါမြို့

ယမန်နေ့ (ဇန်နဝါရီလ ၁၈) ရက် မွန်းလွဲပိုင်း ၁ နာရီခွဲဝန်းကျင်တွင် သီပေါမြို့နယ် ပန်လုံကျေးရွာအုပ်စု၊ နားခိုလျန်ကျေးရွာမှ အသက် (၄၀) ဝန်းကျင်ရှိ လုံးခမ်း ဆိုသူသည် ထော်လာဂျီ တစ်စီးဖြင့် ဆန်အိမ်များ သယ်လာစဥ် တာတေတံတား အရောက်၌ မိုင်းထိကာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဖြစ်စဥ်ကို သိရှိသူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူ (လုံးခမ်း) က ဟိုဘက်ရွာဘက် ဆန်သွားကြိတ်ပြီး ပြန်လာတဲ့ အချိန်မှာ သူ့ကားတာယာက မိုင်းကိုသွားထိတာ။ အဲ့ဒီ မိုင်းက စစ်ကောင်စီတွေ ထောင်ထားတာလို့ သိရတယ်။ ဒါပေမဲ့ မိုင်းကတော့ အသေးစားပဲ မလို့ လူကတော့ ဘာမှ မဖြစ်သွားဘူး။ ထော်လာဂျီဘီးတွေကတော့ ပျက်စီးသွားတယ်။” ဟု ဖြစ်စဥ်ကို သိရှိသည့် နီးစပ်သူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့၌ အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့က တာတေတံတား အနီး တိုက်ပွဲ ဖြစ်ပွားခဲ့ကြရာ စစ်ကောင်စီမှ တပ်ဆင်ထားသည့် မိုင်းဖြစ်ကြောင်းလည်း ဒေသခံများက ပြောဆိုနေကြသည်။

ထို့အပြင် အဆိုပါ တာတေတံတား၌ မပေါက်ကွဲသေးသည့် မိုင်းများလည်း ကျန်ရှိနေနိုင်သေးသည့် အတွက် အသွားအလာ ဂရုစိုက်ကြရန် နှင့် အရေးမကြီးပါက ဖြတ်သန်း သွားလာခြင်း မပြုလုပ်ကြရန်လည်း အထက်ပါ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ဆိုသည်။

“အရင်သူတို့ တိုက်ပွဲ ဖြစ်တုန်းက တာတေတံတားကိုလည်း မိုင်းခွဲဖျက်ဆီးခဲ့သေးတာလေ။ အဲ့ဒီလက်ကျန်မိုင်း တွေကနေ ပေါက်ကွဲမှုဖြစ်တာ ထင်တယ်။ အခုလည်း မပေါက်ကွဲသေးတဲ့ မိုင်းတွေ ကျန်ရှိနေနိုင်သေးလို့ ဖြစ်နိုင် ရင်တော့ တာဝန်ရှိသူတွေ လာပြီး ရှင်းလေးရေး မလုပ်ပေးမချင်း ဒီလမ်းကို အသုံးမပြုကြသေးတာ အကောင်း ဆုံးပေါ့” ဟု အထက်ပါ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်လက် ပြောဆိုထားသည်။

သျှမ်းပြည်တွင် မြေမြုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်အကြွင်းအကျန်များကြောင့် ထိခိုက်သေဆုံးမှု ဦးရေ အများဆုံးဖြစ်ကြောင်း မြေမြုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာ ရေးအဖွဲ့ Landmine & Cluster Munition Monitor က ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်၌ ထုတ်ပြန် ခဲ့သည်။

စစ်ကောင်စီတပ်များအနေဖြင့် အရပ်သားများ နေထိုင်သည့် ကျေးရွာများ၊ ဘုရားကျောင်းများနှင့် အများပိုင် အဆောက်အဦးများအပြင် မိုဘုင်းလ်ဖုန်းတာဝါတိုင်များ၊ ကြေးနီမိုင်းများနှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကို ကာကွယ်ရန်အတွက် မြေမြုပ်များကို မကြာခဏ ထောင့်ထားလေ့ရှိကြောင်း အစီရင်ခံများတွင် ဖော်ပြထားသည်။

ထို့အတူ အစိုးရမဟုတ်သော စစ်တပ်ကိုဆန့်ကျင်သည့် တော်လှန်းရေးအဖွဲ့အစည်းများလည်း အဆိုပါ မြေမြုပ်မိုင်းကို အသုံးပြုနေကြောင်း Landmine & Cluster Munition Monitor ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

SHANBurmese

Shannews

သျှမ်းသံတော်ဆင့်

သီပေါ #ဆန်တင်ထော်လဂျီ #မိုင်းထိ

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...