Wednesday, February 11, 2026

CATEGORY

နိုင်ငံရေး

ကျောက်မဲမြို့ ဦးဇင်းတစ်ပါး နှင့် အမျိုးသမီး တစ်ဦး ကျည်ထိမှန်

သျှမ်းပြည် ကျောက်မဲမြို့နယ် အတွင်း လက်နက်ကြီးကျပေါက်ကွဲမှုကြောင့် ဦးဇင်းတစ်ပါး နှင့် အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာ ၂၇)ရက် နံနက် ၈နာရီခွဲဝန်းကျင်တွင် ကျောက်မဲမြို့နယ် လွယ်ခေါ်ကျေးရွာတွင် လက်နက်ကြီးကျပေါက်ကွဲမှုကြောင့် အမျိုးသမီး တစ်ဦး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း နမ့်ခုံး ပရဟိတအသင်းမှ တာဝန်ရှိသူ...

တရုတ်- မြန်မာနယ်စပ်တလျှောက် စစ်ရေးလေ့ကျင့်မှု ကျည်အစစ်ဖြင့် ပြုလုပ်မည်ဟု တရုတ်ဘက်မှ ဆို။

တရုတ်-မြန်မာ နယ်စပ် တရုတ်နိုင်ငံဘက်ခြမ်းတွင် ကျည်အစစ်နှင့် ပစ်ခတ်မည့် စစ်ရေး လေ့ကျင့်ခန်းများကို နိုဝင်ဘာ ၂၅ ရက်တွင် စတင်ပြုလုပ်ခဲ့ကြောင်း တရုတ် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ထုတ်ဖော်ပြောကြားကြောင်း ဆင်ဟွာသတင်းဌာနမှ သိရှိရသည်။ တရုတ်တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ကြည်းတပ်အနေဖြင့် နှစ်စဉ်ပြုလုပ်သော စစ်ရေးလေ့ကျင့်ခန်း အစီအစဉ်အရ မြန်မာနှင့် နယ်စပ်ချင်းထိစပ်နေသော နယ်စပ်ဒေသတွင်...

နမ့်ခမ်းမြို့ အသက် ၁၇နှစ်အရွယ် မိန်းကလေး ဗုံးထိ သေဆုံး

သျှမ်းပြည် နမ့်ခမ်းမြို့အတွင်း ယနေ့ (နိုဝင်ဘာ ၂၆)ရက် နံနက်ပိုင်းတွင် စစ်ကောင်စီ မှ ဂျက်လေယာဥ်ဖြင့် ဗုံးကြဲမှုကြောင့် အသက် (၁၇)နှစ်အရွယ်ရှိ မိန်းကလေး၏ ခန္ဓာကိုယ် တစ်ပိုင်းတစ်စ ဖြစ်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ နမ့်ခမ်းမြို့ စစ်ကောင်စီမှ ဂျက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် မန်နားရပ်ကွက်တွင် နေထိုင်သည့် နေအိမ်ပေါ်ကျကာ အသက်...

MNDAA ကိုးကန့်တပ်မှ ကျင်စန်းကျော့ နယ်စပ် ကုန်သွယ်ရေးဂိတ်ကို သိမ်းပိုက်။

တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်တစ်ခု ဖြစ်သည့် ကျင်စန်းကျော့ဂိတ်ကို နိုဝင်ဘာ ၂၅ ရက် မနက် ၁၀ နာရီဝန်းကျင်က ကိုးကန့်တပ် MNDAA မှ သိမ်းပိုက်လိုက်ကြောင်း ကိုးကန့် သတင်းထုတ်ပြန်ချက်များအရ သိရသည်။ သျှမ်းပြည်မြောက်ပိုင်း နယ်စပ်ကုန်သွယ်ရေးဂိတ်များတွင် အရေးပါ‌သော ဂိတ်တစ်ခုဖြစ်သည့် ကျင်စန်းကျော့ဂိတ်အနီး ဆဲဗင်းဟွာကျင့်...

လားရှိုးရှိ စစ်ကောင်စီ မိုင်းကျက်တပ်စခန်းကို TNLA သိမ်းပိုက်

သျှမ်းပြည် လားရှိုးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ အခိုင်အမာခံစစ်စခန်းတစ်ခုဖြစ်သည့် မိုင်းကျက်တပ်စခန်းကို စစ်ကောင်စီ လေကြောင်းပစ်ကူပေးနေသည့်ကြားမှပင်နိုဝင်ဘာ၂၃ ရက် ညသန်းခေါင်ယံတွင် TNLA ဘက်မှ သိမ်းပိုက်နိုင်ခဲ့ကြောင်း တအာင်းအမျိူးသားလွတ်မြောက်ရေးတပ်မတော် ၏ ထုတ်ပြန်ချက်အရ သိရသည်။ တပ်မဟာ(၆)နယ်မြေ၊လားရှိုးမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ မိုင်းကျက်တပ်စခန်းကို ၁၀၂၇ စစ်ဆင်ရေးစတင်သည့် အောက်တိုဘာလ ၂၇ ရက်မှစတင် တိုက်ခိုက်ခဲ့ရာ...

လောက်ကိုင်မြို့တွင် လက်နက်ကြီးကြောင့် ပြည်သူနေအိမ် ၄၀ ကျော် ထိခိုက်ပျက်စီး

သျှမ်းပြည် လောက်ကိုင်မြို့တွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့၏ နှစ်ဖက်တိုက်ပွဲအတွင်း လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူနေအိမ် ၄၀ ကျော် ထိခိုက်ပျက်စီးကြောင်း စုံစမ်းသိရသည်။ လောက်ကိုင်မြို့အထွက် ပါစင်ကျော်ကျေးရွာအနီးတွင် နိုဝင်ဘာ တတိယပတ်မှစ၍ စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့၏ နှစ်ဖက်တိုက်ပွဲအတွင်း လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူနေအိမ်...

မူဆယ်မြို့ အမျိုသားတစ်ဦး ပြန်ပေးဆွဲခံရ

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ ကောင်းနောင်ရပ်ကွက် အမှတ်(၂)စျေးအနီး ကုန်စုံဆိုင်ဖွင့်ထားသည့် အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့က ယနေ့ (နိုဝင်ဘာ ၂၄)ရက် နံနက် ၇နာရီဝန်းကျင်တွင် ပြန်ပေးဆွဲသွားကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့ ကောင်းနောင်ရပ်ကွက် အမှတ် (၂)စျေးအနီးတွင် ကုန်စုံဆိုင်ဖွင့်ထားသည့် အမျိုးသားတစ်ဦး၏ ဆိုင်ကို ယနေ့ (နိုဝင်ဘာ...

စယ်လန့်ကျေးရွာအတွင်း စစ်ကောင်စီ ဂျက်လေယာဉ်ဖြင့် ဗုံးကြဲ၊ ပြည်သူနေအိမ် ထိခိုက်ပျက်စီး

သျှမ်းပြည် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာတွင် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူနေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီးကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာ ၂၄ ရက်) နံနက် ၁ နာရီဝန်းကျင်တွင် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာ ကောင်းနောင်ရပ်ကွက်၌ တိုက်ပွဲတစုံတရာ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့်...

မူဆယ် ကျင်စန်းကျော့ ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ကုန်ကား အစီး ၁၀၀ကျော် မီးလောင်ကျွမ်းနေ

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့နယ် ကျင်စန်းကျော့ ကုန်သွယ်ရေးဂိတ်တွင် ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ကုန်ကား ၁၀၀ စီးကျော် မီးလောင်ကျွမ်းနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (နိုဝင်ဘာ ၂၃ ရက်) နံနက် ၉ နာရီခွဲဝန်းကျင်တွင် မူဆယ်မြို့နယ် ကျင်စန်းကျော့ ကုန်သွယ်ရေးဂိတ်တွင် ရပ်နားထားသည့် ကုန်တင်ယာဉ်တန်းများပေါ်သို့ ဗုံးကျရောက်ပေါက်ကွဲခြင်းကြောင့် ကုန်ကား အစီး...

ကျောက်မဲမြို့ ပြောင်းခြံထဲ ပိုင်ရှင်မဲ့ အမျိုးသားအလောင်းတွေ့

သျှမ်းပြည် ကျောက်မဲမြို့နယ် ပန်ဟုတ်ကျေးရွာရှိ ပြောင်းခြံထဲတွင် ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် ကျောက်မဲမြို့နယ် ပန်ဟုတ်ရွာ ယနေ့ (နိုဝင်ဘာလ ၂၃) ရက် နေ့လည်ပိုင်းတွင် ဒဏ်ရာဖြင့် သေဆုံးနေသည့် ပိုင်ရှင်မဲ့ အမျိုးသားတစ်ဦး၏ အလောင်းကို တွေ့ရှိကြောင်း သွားရောက်ကူညီသည့် နမ့်ခုံးပရဟိတအသင်းမှ တာဝန်ရှိသူ...

Latest news