ဆီဆိုင်-လွိုင်ကော် တိုက်ပွဲကြား ပြည်သူများပိတ်မိနေ

သျှမ်း-ကရင်နီ နယ်စပ်တကြောတွင် ဒေသခံနှင့် စစ်ရှောင်များ တိုက်ပွဲကြားတွင် ပိတ်မိနေကြောင် စုံစမ်းသိရသည်။

ဆီဆိုင်စစ်ရှောင်

သျှမ်းပြည်-ကရင်နီ နယ်စပ်တကြောတွင် ဆီဆိုင်မြို့နယ် နှင့် လွိုင်ကော်မြို့နယ် ကြားရှိ ပိန်းချဉ်ကျေးရွာတွင် ပြည်သူများ ပိတ်မိနေပြီး စိုးရိမ်မှုများရှိနေကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဆီဆိုင်ဖက်ကလဲ တိုက်ပွဲတွေဖြစ်နေတာလေ။ ဆီဆိုင်ကို ရောက်သွားတဲ့ ဟာတွေလဲ ထပ်ပြေးနေရတာ။ တချို့တွေတောင် ပြေးဖို့ပိုက်ဆံမရှိတော့ဘူး။ အိမ်ပြန်လာတာတွေ ရှိတယ်၊ လေယာဉ်နဲ့ဗုံးကြဲခံရမှာတော့ စိုးရိမ်တာပေါ့။ ခုက အကုန်လုံးကို ကြောက်နေရတာ၊စားဖို့သောက်ဖို့ ဝယ်ဖို့ခက်သွားပြီ၊ ရေရှည်ဆို ရင်‌တော့ စိုးရိမ်ရပါတယ်” ဟု ဒေသခံ အမျိုးသမီးတစ်ဦးတစ်ဦးကပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ စတွင်လည်း သျှမ်း-ကရင်နီ နယ်စပ်တကြော တိုက်ပွဲများ စစ်ကောင်စီမှ လက်နက်ကြီးပစ်ခက်မှုကြောင့် လွိုင်လင်လေးမြို့နှင့် အနီးတဝိုက် ကျေးရွာမှ သံဃာတော်များ ပိန်းချဉ်ကျေးရွာသို့ စစ်ဘေး‌ရှောင်လာခဲ့ကြောင်း သိရသည်။

သျှမ်းပြည် ဆီဆိုင်မြို့နယ်တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် ( PNLO/PNLA) ၊ KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့နှင့် PNO ၊ စစ်ကောင်စီ ပူးပေါင်တပ်ဖွဲ့များသည် ဇန်နဝါရီလ ၂၄ ရက်တွင် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး မြို့ခံအပါအဝင် ကရင်နီစစ်ရှောင်များ ထပ်မံ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ကရင်နီစစ်ရှောင်များသည် စစ်ဘေးဒဏ်ကို ထပ်ဆင့်ခံစားရ၍ နောက်ထပ်စစ်ရှောင်ရလျှင် နေစရာ အခက်အခဲများစွာ ရှိနိုင်ကြောင်း စစ်ရှောင်များက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

ဆီဆိုင်မြို့နယ်ရှိ ကျေးရွာများတွင် ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် ထမ်ဆိုင်းကျေးရွာနှင့် အနီးနားကျေးရွာများတွင် ဘောင်းဘီဝတ်ခွင့် ပိတ်ပင်ထားပြီး၊ ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလဆန်းပိုင်းမှစကာ ထမ်ဆိုင်းကျေးရွာနှင့် ၎င်းပတ်ဝန်းကျင် အနီးနားရှိကျေးရွာမှ ဒေသခံများ ရိုးရာ ဝတ်စားဆင်ယင်မှု လျော့နည်းလာခြင်း၊ ကျေးရွာ ဂုဏ်သိက္ခာထိခိုက်စေလာမှုကြောင့် ဘောင်းဘီဝတ်ဆင်မှုကို ကျေးရွာသူကြီးများက ကန့်သတ်လိုက်ကြောင်း ၎င်းဒေသခံများက ပြောသည်။ အဆိုပါ ကန့်သတ်ချက်ကို...