Wednesday, January 28, 2026

ဆီဆိုင်သို့ စစ်ရှောင်လာသည့် ကရင်နီပြည်သူများ ထပ်မံပြောင်းရွှေ့ရ

ဆီဆိုင်မြို့နယ်သို့ လာရောက်စစ်ဘေးရှောင်နေသော ကရင်နီစစ်ရှောင်များသည် ဆီဆိုင်တိုက်ပွဲကြောင့် ထပ်ပြီး စစ်ဘေးရှောင်နေရကြောင်း ကရင်နီစစ်ရှောင်များထံ သတင်းသိရသည်။

ဆီဆိုင်မြို့နယ် စစ်ရှောင်

သျှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် ( PNLO/PNLA) ၊ KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့နှင့် PNO ၊ စစ်ကောင်စီ ပူးပေါင်တပ်ဖွဲ့များသည် ဇန်နဝါရီလ ၂၄ ရက်တွင် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး မြို့ခံအပါအဝင် ကရင်နီစစ်ရှောင်များ ထပ်မံ ထွက်ပြေးတိမ်းရှောင်နေရသည်။

ကရင်နီစစ်ရှောင်များသည် စစ်ဘေးဒဏ်ကို ထပ်ဆင့်ခံစားရ၍ နောက်ထပ်စစ်ရှောင်ရလျှင် နေစရာ အခက်အခဲများစွာ ရှိနိုင်ကြောင်း စစ်ရှောင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

” လွိုင်ကော်ကနေ ဆီဆိုင်ကို စစ်ရှောင်ရတယ်။ အခုလည်း ထပ်ပြီး ပြေးရပြန်ပြီ။နေဖို့နေရာလဲ မကျန်တော့ဘူး။ စိတ်တွေလည်း မခိုင်တော့ဘူး။ ဘယ်တောမှ ဒီလိုပြေးနေရတာလွတ်မလည်း မသိဘူး။”ဟု ကရင်နီ စစ်ရှောင်တစ်ဦးကဆိုသည်။

စစ်ရှောင်နေရသဖြင့် ဝင်ငွေမရှိဘဲ အလှူရှင်များနှင့်သာ ရပ်တည်နေရ၍ နေထိုင်စားသောက်ရေး အတွက်ပါ ရှေ့ဆက်စိုးရိမ်နေရကြောင်း သိရှိရပါသည်။

ဆီဆိုင်မြို့နယ် စစ်ရှောင်များ

” လာလှူကြာတာနဲ့ပဲ စားရတာပေါ့။ ဝင်ငွေကလဲမရှိဘူးလေ။ နိုင်ငံရေးခြေနေက မတည်မငြိမ်နဲ့ဆိုတော့ အလှူရှင်တွေလဲ နဲလာတယ်။ ကိုယ့်ဒေသမဟုတ်တော့ ဘာမှလုပ်ကိုင်မစားတတ်ဘူး။ ဘာတွေဆက်ဖြစ်လာမလဲမသိဘူး။ သေမလား အသက်ရှင်မလားပဲ။”ဟု စစ်ရှောင်အမျိုးသမီးက ပြောပါသည်။

ဆီဆိုင်မြို့မရဲစခန်းကို ဇန်နဝါရီ ၂၄ ရက် ညနေပိုင်းတွင် PNLA နှင့်မဟာမိတ်ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ညအချိန်တွင် စစ်ကောင်စီတပ်တွေက လေယာဥ်ဖြင့် ဗုံးကြဲသဖြင့် နေအိမ်များပျက်စီးပြီး ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပုံးပြည်သူများ ကုန်စျေးနှုန်းမြင့်တက်သည့်ကြား စစ်မှုထမ်းကြေးပါ ဝန်ပိနေ

0
မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းများ မြင့်တက်နေချိန် သျှမ်းပြည် ဟိုပုံးမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများသည် စားဝတ်နေရေး ခက်ခဲနေသည့်ကြား စစ်မှုထမ်းကြေးကို လစဉ် ပေးဆောင်ရသဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့သည် ဒေသခံများ၏ ဝမ်းရေးကို မငဲ့ကွက်ဘဲ စစ်မှုထမ်းကြေးများကို အပြိုင်အဆိုင် တောင်းခံမှုကြောင့်...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

ရွာငံမြို့နယ် ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်သားများကို ဒေသခံများ ထမင်းထုပ်ပို့ပေးရ

0
သျှမ်းပြည်တောင်ပိုင်းရွာငံမြို့နယ်ရှိ ကျေးရွာအတွင်းသို့ တပ်လာစွဲသည့် စစ်ကော်မရှင် တပ်သားများကို ဒေသခံများက ထမင်း၊ဟင်းချက်ပြီး သွားရောက်ပို့ဆောင်ရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်တွင် ရွာငံမြို့နယ်နှင့် အနီးတဝိုက်သို့ စစ်ကော်မရှင်၏ ရွေးကောက်ပွဲ လုံခြုံရေးအတွက် စစ်ကော်မရှင် တပ်သားများနှင့် ၎င်းတို့၏ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO) တပ်သားများရောက်ရှိလာခဲ့သည်။ ထိုစစ်ကော်မရှင် တပ်သားနှင့်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...