လားရှိုး စစ်ကောင်စီတပ်က အရပ်သားတစ်ဦးကို သေနတ်ဖြင့် အကြောင်းမဲ့ ထပ်မံပစ်သတ်

သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကောင်စီတပ်က အရပ်သားတစ်ဦးကို သေနတ်ဖြင့် အကြောင်းမဲ့ ထပ်မံပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရသည်။

ဇန်နဝါရီလ ၂၁ ရက် နေ့လယ် ၁၁ နာရီကျော်ခန့်က လားရှိုးမြို့ ရပ်ကွက်(၅) ရေကန်တောင်လမ်းနှင့် ၄၉ လမ်းထောင့်တွင် လှည့်ကင်းစောင့်နေသည့် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်မောင်းနှင်လာသည့် အရပ်သားတစ်ဦးကို သေနတ်ဖြင့် အကြောင်းမဲ့ ပစ်သတ်ခဲ့ကြောင်း လားရှိုးဒေသခံများက ပြောသည်။

“သစ်တောရုံးမှာ ပစ်သတ်ခံရတဲ့တစ်ယောက်ဆိုရင် နားကြပ်တပ်ပြီး ဆိုင်ကယ်စီးလာတာ။ တားတာ မရပ်တဲ့အခါကျတော့ ၄၉ လမ်းထဲကို လှည့်ဝင်တဲ့အချိန် ပစ်သတ်ခံရတာ။ ခေါ်တာမထူးလို့ ဆိုပြီးတော့ သေနတ်နဲ့ပစ်လိုက်တာလို့ပြောတယ်။ နေ့ခင်း ၁၁ နာရီအချိန်ဖြစ်တာ။ အသက်ကတော့ ၄၀ ကျော်အရွယ်ဖြစ်မယ်။ ၂၁ ရက်နေ့က ဖြစ်သွားတာ”ဟု လားရှိုးမြို့မှ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် လားရှိုးမြို့ စစ်ကောင်စီတပ်သည် လမ်းဆုံလမ်းခွများ၌ စစ်သားများကို လှည့်ကင်းအဖြစ် ချထားပြီး ၎င်းတို့က မသင်္ကာသူဟု ယူဆသူများကို ဖုန်းပါမကျန် တင်းတင်းကျပ်ကျပ် ခေါ်ယူစစ်မေးနေကြောင်း လားရှိုးဒေသခံများထံမှ သိရသည်။

“လားရှိုးမှာတော့ စစ်ကောင်စီတပ်က နေ့တိုင်း ဖမ်းတာဆီးတာ ရှိနေတာပဲ။ သူတို့က လမ်းဆုံလမ်းခွနဲ့ လမ်းကြိုလမ်းကြားတွေပါမကျန် ကင်းစောင့်နေတာ အခုက။ ဘာရဲမှ မပါဘူး၊ သူတို့စစ်သားတွေပဲ။ သူတို့ပစ်သတ်လို့ သေသွားရင်လည်း ကားနဲ့တခါတည်း လာတင်သွားတာ။ သေသွားတဲ့လူရဲ့ အိမ်သားတွေပါ ထပ်ကြောက်နေရတယ်”ဟု လားရှိုးမြို့မှ ၎င်းဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

လားရှိုးမြို့

အလားတူ ဇန်နဝါရီလ ၂၄ ရက် ညအချိန်တွင် လားရှိုးမြို့ စစ်ကောင်စီလက်အောက်ခံ တပ်နှင့်ရဲ ပူးပေါင်းအဖွဲ့များက ရပ်ကွက်(၁၂)ရှိ ပြည်သူနေအိမ်များကို ဧည့်စာရင်း ရှောင်တခင် ဝင်ရောက်စစ်ဆေးပြီး အမျိုးသမီး ၂ ဦးအပါအဝင် လူငယ် ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း လားရှိုးဒေသခံများက ပြောသည်။

ထို့အပြင် ဇန်နဝါရီလ ၁၆ ရက်ကလည်း ည ၇ နာရီခန့်တွင် လားရှိုးမြို့နယ် ပန်နားကျေးရွာ အုပ်စု ဝိန်းစုံရွာနေ အမျိုးသားတစ်ဦးသည် မီးသွေးသွားရောင်းပြီး အလောတကြီးအိမ်ပြန်လာစဉ် AD ဂိတ်တွင်ရှိသည့် စစ်ကောင်စီ တပ်သားက သေနတ်ဖြင့်ပစ်ခတ်ခဲ့၍ ထိုနေရာ၌ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း လားရှိုးဒေသခံများထံမှ သိရသည်။

အရှေ့မြောက် တိုင်းစစ်ဌာနချုပ် (ရမခ)မှ လားရှိုးမြို့နယ်တွင် နိုဝင်ဘာလ ၁၅ ရက်က မာရှယ်လော စတင်ထုတ်ပြန်ခဲ့ပြီး ည ၆ နာရီမှ နံနက် ၆ နာရီအတွင်း ညမထွက်ရအမိန့် မလိုက်နာသူများကို ဖမ်းဆီးအရေးယူခဲ့သည့် နှစ်လကျော်အတွင်း လူ ၈ ဦးထက်မနည်းကို စစ်ကောင်စီက ပစ်သတ်ခဲ့ကြောင်း လားရှိုးဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...