နောင်ချို စစ်ကောင်စီလက်နက်ကြီးကြောင့် အမျိုးသား ၂ ဦးသေဆုံး
SHAN -
သျှမ်းပြည် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ ရမ်းသမ်းပစ်ခတ်သော လက်နက်ကြီးကြောင့် အမျိုးသား ၂ ဦး သေဆုံးပြီး၊ ၁ ဦးထိခိုက်ဒဏ်ရာ ပြင်းထန်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာ ၂၆ ရက်) နေ့လယ် ၁၁ နာရီကျော်ခန့်က နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲတွင် တပ်စွဲထားသော စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့်...
DMO-Local PDFတပ်ဖွဲ့ ဝင်အားလုံးကို စစ်ဘက်ဆိုင်ရာကျင့်၀တ်များကို လိုက်နာရန် အသိပေး
SHAN -
DMO-Local PDF သည် နွေဦးတော်လှန်ရေးမှ စတင်၍ ပြည်သူလူထုထောင်ခံမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အဖြစ် ဖွဲ့စည်းတည်ထောင်ခဲ့သော တပ်ဖွဲ့တစ်ခု ဖြစ်သည်။ ၎င်းတို့ တပ်ဖွဲ့၀င်တွေအားလုံး ပြည်သူ့အကျိုးစီးပွားကို မထိခိုက်စေရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရမှ ထုတ်ပြန်ထားသည့် စစ်ဘက်ဆိုင်ရာကျင့်၀တ်များကို လိုက်နာကြရန် ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF) က နို၀င်ဘာလ ၂၇...
ပန်ဆိုင်းမြို့ တိုက်ပွဲကြောင့် ဘုန်ကြီးကျောင်းအပါအဝင် နေအိမ် ၃၀ ကျော်ပျက်စီး
SHAN -
မြန်မာ-တရုတ်နယ်စပ် ပန်ဆိုင်းမြို့တွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တို့ အကြား တိုက်ပွဲကြောင့် ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်အလုံးပေါင်း ၃၀ ကျော် ပျက်စီးသွားခဲ့ကြောင်း ဒေသအတွင်းစာရင်း ပြုစုထားချက်အရ သတင်းရရှိသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၃၀ ရက်မှ နိုဝင်ဘာလ ၂၄ ရက်ထိ ပန်ဆိုင်းမြို့အတွင်း စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား...
ကျောက်မဲ လေကြောင်းဗုံးကြဲမှုကြောင့် ကျား/မ ခွဲခြားမရနိုင်အောင် ၄ ဦး မီးလောင်သေဆုံး
SHAN -
သျှမ်းပြည် ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကျား/မ ခွဲခြားမရနိုင်အောင် ၄ ဦး မီးလောင်သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့နယ်တွင် ယမန်နေ့ (နိုဝင်ဘာ ၂၇ ရက်) ည ၉ နာရီအချိန်ခန့်က စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောက်မဲအေးရှားဝေါလ် တိုးဂိတ်အနီးရှိ BOC...
မူဆယ် (၁၀၅)မိုင် နှစ်ဘက်ပစ်ခတ်မှုကြား ကလေးငယ်အပါအဝင် ၃ ဦးသေဆုံး၊ အရပ်သား ၅ ဦး ကျည်ထိမှန်
SHAN -
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးဇုန် မူဆယ်မြို့နယ် ၁၀၅ မိုင်တွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် တိုက်ပွဲတို့ကြောင့် ကလေးအပါအဝင် ၃ဦး သေဆုံးမှုရှိပြီး၊ အရပ်သား ၅ ဦးဒဏ်ရာရရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ မူဆယ် (၁၀၅) မိုင် 123 KTV လမ်းကြားတွင် ယနေ့ (နိုဝင်ဘာလ ၂၈)...
ဆီဆိုင် စစ်ရှောင်စခန်းများတွင် နေ့စဉ် စစ်ရှောင်ဦးရေ တိုးလာ၊ နေရာမလုံလောက်
SHAN -
ကရင်နီ (ကယား) ပြည်အတွင်း တိုက်ပွဲကြောင့် သျှမ်းပြည် ဆီဆိုင်မြို့နယ်ရှိ စစ်ရှောင်စခန်းများတွင် စစ်ရှောင် ဦးရေ ထပ်မံတိုးလာနေသဖြင့် နေရာမလုံလောက်မှု ပြသာနာနှင့် ကြုံတွေ့နေရကြောင်း စစ်ရှောင်ကော်မတီထံမှ စုံစမ်းသိရသည်။ လက်ရှိ ဆီဆိုင်မြို့နယ်တွင် ယခင်ရှိ စစ်ရှောင်ဦးရေနှင့် ယခုနောက်ပိုင်း “ ၁၁.၁၁ စစ်ဆင်ရေး “ တိုက်ပွဲကြောင့်...
လောက်ကိုင်မြို့တွင်း ပိတ်မိနေသူများ မြို့ကို ဆက်လက်စွန့်ခွာ
SHAN -
ကိုးကန့်ဒေသ လောက်ကိုင်မြို့အနီး တိုက်ပွဲများကြောင့် မြို့တွင်း ပိတ်မိနေသည့် ဒေသခံများနှင့် ရွှေ့ပြောင်းလုပ်သားများကို MNDAA ဘက်မှ လမ်းဖွင့်ကာ ကယ်ထုတ်ပေးနေကြောင်း ကိုးကန့်တပ်မတော် (MNDAA) ၏ ထုတ်ပြန်ချက်အရ သိရသည်။ နိုဝင်ဘာလ ၂၆ရက် မနက် ၆နာရီကတည်းမှ စ၍ လောက်ကိုင်မြို့မှ ထွက်လာသူများကို ပါစင်ကျော်ကျေးရွာမှတစ်ဆင့် ချင်းရွှေဟော်-နမ့်တစ်လမ်းအတိုင်း...
နမ့်ခမ်းမြို့နယ်ရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းကို SSPP/SSA ဖမ်းဆီးတရုတ်အစိုးရထံ လွှဲအပ်
SHAN -
သျှမ်းပြည် မြန်မာ-တရုတ်နယ်စပ် နမ့်ခမ်းမြို့နယ် အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ထိန်းချုပ်နယ်မြေတွင် ငွေလိမ်လည်ဂိုဏ်းတစ်ခုကို ဖမ်းဆီးခဲ့ပြီး တရုတ်အစိုးရထံ လွှဲပြောင်းခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၂၃ရက်တွင် SSPP/SSA ထိန်းချုပ်သည့် နယ်မြေအတွင်း အဆောက်အဦးတစ်ခု၌ ကျားဖြန့် လုပ်ကိုင်သည့် ဂိုဏ်တစ်ခုတွင် တရုတ်နိုင်ငံသား (၈၈)ဦးနှင့်...
မူဆယ် (၁၀၅)မိုင် အမျိုးသားတစ်ဦး လက်နက်ကြီးစထိမှန် သေဆုံး
SHAN -
မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးဇုန်ဖြစ်သည့် မူဆယ်မြို့နယ် (၁၀၅)မိုင်တွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်(၃)ဖွဲ့ တိုက်ပွဲဖြစ်ပွားကာ အမျိုးသားတစ်ဦး လက်နက်ကြီး ကျည်စထိမှန်သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ် (၁၀၅)မိုင်အနီးတွင် ယမန်နေ့ (နိုဝင်ဘာ ၂၆)ရက် ည ၇နာရီခွဲဝန်းကျင်မှ စပြီး စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့တို့သည် တိုက်ပွဲပြင်းထန်ခဲ့ပြီး အမျိုးသားတစ်ဦး လက်နက်ကြီးစထိမှန်သေဆုံးကာ နေအိမ် နှင့်...
သီပေါ စစ်ဘေးရှောင် ၃၀၀၀ ကျော်၊ စားနပ်ရိက္ခာ အရေးပေါ် လိုအပ်
SHAN -
သျှမ်းပြည် သီပေါမြို့နယ်တွင် ညီနောင်မဟာမိတ်တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ နှစ်ဘက်တိုက်ပွဲအကြား လုံခြုံရေးစိုးရိမ်မှုကြောင့် ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေကြောင်း စုံစမ်းသိရသည်။ သီပေါမြို့နယ်တွင် နိုဝင်ဘာ ၂၂ ရက်မှစပြီး ယနေ့ (နိုဝင်ဘာ ၂၇ ရက်)အထိ ညီနောင်မဟာမိတ်တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ လက်နက်ကြီးဖြင့်...





