သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကောင်စီလက်အောက်ခံ တပ်နှင့်ရဲ ပူးပေါင်းအဖွဲ့က အမျိုးသမီး ၂ ဦး အပါအဝင် လူငယ် ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၄ ရက်) ည ၈ နာရီမှ ၁၁ နာရီခန့်အတွင်း လားရှိုးမြို့ စစ်ကောင်စီလက်အောက်ခံ...
ဆီဆိုင်မြို့နယ် အခြေစိုက် ခမရ (၄၂၃) နှင့် (၄၂၄) တပ်ရင်းကို PNLA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်
SHAN -
သျှမ်းပြည် ဆီဆိုင်မြို့နယ် အခြေစိုက် စစ်ကောင်စီ စကခ (၇) လက်အောက်ခံ ခမရ (၄၂၃) နှင့် ခမရ( ၄၂၄) တပ်ရင်းတို့ကို ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် PNLA ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း တပ်တွင်းသတင်းရင်းမြစ်က အတည်ပြုသည်။ တိုက်ခိုက် သိမ်းပိုက်ခံရသည့်...
ပင်လောင်းရောက် ကရင်နီပြည်စစ်ရှောင်များ ထပ်မံတိမ်ရှောင်ရမည်ကို စိုးရိမ်နေ
သျှမ်းပြည် ပင်လောင်းသို့ ရောက်ရှိလာသည့် ကရင်နီပြည်မှ စစ်ရှောင်များသည် နောက်ထပ်တစ်ကြိမ်ထပ်မံ စစ်ရှောင်ရမည်ကို စိုးရိမ်နေကြောင်း သိရသည်။ “၁၁.၁၁ စစ်ဆင်ရေး” ကြောင့် ကရင်နီပြည်မှ သျှမ်းပြည် ပင်လောင်းသို့ စစ်ရှောင်လာသူများသည် ဆီဆိုင်အတွင်း ဖြစ်နေသော တိုက်ပွဲကြောင့် နောက်ထပ်တသ်ကြိမ် စစ်ဘေးရှောင်ရမည်ဆို စိုးရိမ်နေကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ကျနော်တို့...
တိုက်ပွဲကြောင့် ဆီဆိုင်-ဆိုက်ခေါင် လမ်းတကြောရှိ ကျေးရွာများ ဆက်လက်ထွက်ပြေးနေ
သျှမ်းပြည် ဆီဆိုင်မြို့အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ဆီဆိုင်-ဆိုက်ခေါင် လမ်းကြောတလျောက်ရှိ ကျေးရွာများမှ ပြည်သူများသည် ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) နံနက်အစောပိုင်းမှစ၍ ဆက်လက် ထွက်ပြေးတိမ်း ရှောင်နေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) နံနက်အစောပိုင်းမှစပြီး ဆီဆိုင်မြို့ပေါ် တိုက်ပွဲကြောင့် ကောင်းမှုဗွာရွာ၊ နမ့်သြရွာ၊...
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ် တို့မှ ပွဲစားဖြင့် နိုင်ငံကူး လက်မှတ်၊ စာအုပ်အနီ လုပ်သူများ၏ မှတ်ပုံတင် နှင့် စာရွက် စာတမ်းများ စွန့်ပစ်ခံရကြောင်း စုံစမ်းသိရသည်။ တရုတ်နိုင်ငံကူး ယာယီလက်မှတ် စာအုပ်နီကို ပွဲစားဖြင့် လုပ်ဆောင်နေကြသည့် မူဆယ်မြို့၊ နမ့်ခမ်းမြို့တို့မှ ဒေသခံများ...
နမ့်ဖတ်ကာအခြေစိုက် ခလရ-၁၂၃ တပ်ရင်းကို KIA တပ်ဖွဲ့ သိမ်းပိုက်
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာအခြေစိုက် စစ်ကောင်စီတပ် လက်အောက်ခံ ခြေလျင်တပ်ရင်း (ခလရ-၁၂၃) တပ်ရင်း ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၄ ရက်) ညနေ ၃ နာရီကျော်တွင် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရှိ စစ်ကောင်စီလက်အောက်ခံ ခလရ-၁၂၃...
“၁၀၂၇ စစ်ဆင်ရေး” ကာလ ခိုးယူခံရသည့် ပစ္စည်းများ ပြန်လည်ပေးပို့ရန် TNLA အသိပေး ထုတ်ပြန်
သျှမ်းပြည် အခြေစိုက် လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုဖြစ်သည့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မှ “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း ခိုးယူခံရသည့် ပစ္စည်းများ ပြန်လည်ပေးပို့ရန် အသိပေး ထုတ်ပြန်လာခဲ့သည်။ ဇန်နဝါရီလ (၂၃) ရက်စွဲဖြင့် PSLF/TNLA မှ...
ဆီဆိုင်မြို့မရဲစခန်းကို PNLA နှင့် KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ သိမ်းပိုက်
သျှမ်းပြည် ဆီဆိုင်မြို့ရှိ စစ်ကောင်စီ မြို့မရဲစခန်းကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLA)နှင့် ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း စုံစမ်းသိရသည်။ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLA) ဦးဆောင်ပြီး ပူးပေါင်းတပ်ဖွဲ့များ ဆီဆိုင်မြို့ကို ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ၏ မြို့မရဲစခန်းကို ယမန်နေ့ (ဇန်နဝါရီလ ၂၄...
ဆီဆိုင်မြို့ကို PNLOနှင့် KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ စတင်ဝင်တိုက်
သျှမ်းပြည် ဆီဆိုင်မြို့ရှိ လမ်းမပေါ်ရှိ စစ်ကောင်စီဂိတ်များကို ပအိုဝ်းအမျိုးသားများ လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)နှင့် ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ စတင်ထိုးစစ်ဆင် တိုက်ခိုက်၍ မြို့တွင်းတိုက်ပွဲဖြစ်ပွားနေကြောင်း ဆီဆိုင်ဒေသခံများပြောပြချက်အရသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၄ ရက်) နံနက်အစောပိုင်းအချိန်မှစ၍ ဆီဆိုင်မြို့၏ တောင်ဘက် (၃) မိုင်ခန့်ဝေးသော...
ကိုးကန့်တပ်ဖွဲ့က လက်နက်ခဲယမ်းထိန်းချုပ်မှုနှင့် မြေယာငှားရမ်းရောင်းဝယ်မှု စည်းကမ်းချက်ထုတ်ပြန်
သျှမ်းပြည် အထူးဒေသ(၁)တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က လက်နက်ခဲယမ်း ထိန်းချုပ်မှုနှင့် မြေယာငှားရမ်းရောင်းဝယ်မှုတို့နှင့် ပတ်သက်ပြီး စည်းကမ်းသတ်မှတ်ချက်များ ထုတ်ပြန်လာသည်။ ကိုးကန့်တပ်ဖွဲ့ MNDAA က သျှမ်းပြည် အထူးဒေသ(၁)အဖြစ် သတ်မှတ်ထားသည့် လွတ်မြောက်ဒေသများတွင် ပုဂ္ဂလိကပိုင် လက်နက်ကိုင်ဆောင်မှုနှင့် ရောင်းဝယ်မှုများကို ဥပဒေနှင့်အညီ တားမြစ်ကြောင်း အထူးဒေသ(၁) စစ်ရေးအုပ်ချုပ်မှုကော်မတီမှ...





