Tuesday, April 30, 2024

နေပြည်တော် အေလာလေတပ်စခန်း ၁၀၇ မမ ရှော့ဒုံးများဖြင့် တိုက်ခိုက်ခံရ

Must read

နေပြည်တော် အေလာ လေတပ်စခန်းကို ၁၀၇ မမ ရှော့ဒုံးများဖြင့် ယနေ့(ဧပြီလ ၁၁ ရက်) နံနက် ၄ နာရီ ၄၅ မိနစ်အချိန်တွင် တိုက်ခိုက်ခဲ့ကြောင်း Mountain Knights Civilian Defense Force မှ သတင်းထုတ်ပြန်ခဲ့သည်။

ထိုတိုက်ခိုက်မှုကြောင့် လေတပ်အရာရှိ နှင့် အောက်ခြေတပ်သား အချို့ သေးဆုံးပြီ ဒဏ်ရာရရှိကြောင်း သိရှိထားရပြီး အတိအကျကို ဆက်လက်စုံစမ်းနေကြောင်း သိရသည်။

ထို အေလာလေဆိပ်သည် စစ်ကောင်စီ အားထားရဆုံး၊ အဆင့်မြင့်လေတပ် စခန်းဖြစ်ပြီး မြန်မာနိုင်ငံ အနှံ့အပြား သို့ လေကြောင်း တိုက်ခိုက်ရာတွင်ဖြစ်ကာ ကရင်နီဒေသ၊ကရင်ပြည်နယ်နှင့် သျှမ်းတောင် ပိုင်တို့တွင် အဓိက ဗုံးကြဲသည့် တိုက်လေယာဉ်များ နားခိုရာဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

ဧပြီလ သည် MKCDF အဖွဲ့၏ ၂ နှစ်ပြည် မွေးနေ့ ဖြစ်ပြီး၊ စစ်ကောင်စီ၏ အားထားရသော အေလာလေတပ် ကို ဖြိုချရန် ရည်ရွယ်ချက်တူသော (BWM) Brave Warriors For Myanmar ဖွဲ့နှင့်လည်း ဆက်လက် ပူးပေါင်းတိုက်ခိုက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

Leave a Comments

- Advertisement -spot_img

Latest article