ဆီဆိုင်မြို့ စစ်ဘေးရှောင် ၁ သောင်းခန့် စားနပ်ရိက္ခာပြတ်လပ်မှုအခြေအနေနှင့်ကြုံ၊ အချို့ထမင်းခြောက်စားနေရ

သျှမ်းပြည်ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားလာချိန်ကြာလာသည်နှင့်အမျှ စစ်ဘေးရှောင်များသည် စားနပ်ရိက္ခာ ပြတ်လပ်မှုအခြေအနေနှင့် ကြုံတွေ့နေရပြီး အချို့ ထမင်းခြောက်စားရသည့် အဆင့်ထိရောက်နေကြောင်း စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

ဆီဆိုင်မြို့တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်( PNLA )နှင့် စစ်ကောင်စီတပ်ဖွဲ့တို့သည် ဇန်နဝါရီလ ၂၁ ရက်မှစပြီး တိုက်ပွဲစတင်ဖြစ်ပွားလာခဲ့ရာ လက်ရှိအချိန်ထိ ၂ လကျော်ကြာသော်လည်း နှစ်ဖက်တပ်ဖွဲ့ တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။

ဆီဆိုင်မြို့ အနီးတဝိုက်ရှိ သဘတ်ချောင်း၊ တောတောင်၊ ကျောက်ဂူနှင့် လယ်ယာခြံခင်းအတွင်း စစ်ရှောင်နေကြသော ဒေသခံ ၁ သောင်းခန့်သည် လမ်းပမ်းဆက်သွယ်ရေးခက်ခဲခြင်းကြောင့် အလှူရှင်ရောက် မလာနိုင်ခြင်း၊ နေရပ်ပြန်ပြီး သယ်ရိက္ခာယူခြင်း မပြုနိုင်သောကြောင့် ဆေးဝါးနှင့်စားနပ်ရိက္ခာပြတ်လပ်မှု ကြုံတွေ့နေရသည်ဟု စစ်ရှောက်ကူညီသူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“အခုတလော ဟင်းဆိုရင်လည်း ဖြစ်သလိုပဲ စားနေရတယ်။ ဟိုတလောတုန်းကလည်း စစ်ရှောင်တစ်အုပ်စုက ဆန်မရှိလို့ ထမင်းခြောက်ကို ပြန်စားနေရတယ်။ ထမင်းခြောက်ကို ဆန်ပြုတ်လုပ်ပြီး ပြန်စားရတာ။ ဟင်းကတော့ မရှိပါဘူးဗျာ။ ဖြစ်သလိုကြုံသလို တောထဲကအသီးအရွက်တွေကို ရှာပြီးချက်စား၊ ဒါပဲရှိတယ်” ဟု ၎င်းက ပြောသည်။

စစ်ဘေးရှောင်များသည် မြို့အရှေ့ဘက်ရှိ လွယ်ကဖြီးရွာ၊ မြို့အနောက်ဘက်ရှိ သဘက်ချောင်း၊ တောင်ယာနှင့် ကျောက်ဂူအတွင်း အုပ်စုခွဲ၍စစ်ရှောင်နေကြကြောင်း သိရသည်။

လက်ရှိ ဆီဆိုင်မြို့အနီးတဝိုက် စစ်ရှောင်နေကြသည့် စစ်ဘေးရှောင်များသည် ကားမရှိခြင်း၊ အိမ်ငှားပြီး မနေနိုင်ခြင်းနှင့် စားဝတ်နေရေး ခက်ခဲခြင်း စသည့်ဖြင့်ကြောင့် အခြားမြို့သို့ မတိမ်းရှောင်နိုင်ကြပေ။

“တချို့ကကားမရှိလို့ မသွားဘူး။ ရှိပြန်တော့လည်း နေရာရဖို့ ခက်ခဲမှာကိုလည်း ကြောက်ရတယ်။ နောက်တစ်ခုက အဲ့ဘက်မှာသွားနေရင်ကော စားဝတ်နေရေးဘယ်လိုလုပ်မလဲ မသိဘူး။ နဂိုကတည်း ကိုယ့်ဒေသမှာ ရှားစားလို့ရတယ်လို့ အဲ့လိုစဉ်းစားတာ။ နောက်ပြီးတော့ ကိုယ့်တောင်ယာနဲ့နီးတယ်ဆိုတော့ အခြေအနေပေးရင် တောင်ယာပြန်စိုက်စားလို့ရတယ်ဆိုပြီး နေကြတာ” ဟု ဆီဆိုင်မြို့ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

ထိုကဲ့သို့ တောင်တောင်၊ ကျောက်ဂူအတွင်းသို့ ရုတ်တရက်စစ်ရှောင်လာရသောကြောင့် မိုးကာ၊ စောင်၊ အနွေးထည်၊ အခင်းများ လုံလုံလောက်လောက်မရှိကာ သက်ကြီးရွယ်အိုနှင့် ကလေးငယ်များမှာ အအေးမိဖျားနာခြင်း ဖြစ်ပွားနေသည်ဟု စစ်ရှောင်အမျိုးသမီး တစ်ဦးက ပြောသည်။

“မီးတွေလည်းမရှိဘူး၊ ရေလည်းမရှိဘူး။ ရေချိုးချင်ရင် ဟို့အဝေးကြီးသွားရတယ်၊ ၁ နာရီလောက် ဆိုင်ကယ်မောင်းပြီး သွားရတယ်။ ဖုန်းလိုင်းလည်းမရဘူး။ အခင်းတွေလည်းမရှိဘူး။ အခင်းတွေမရှိတော့ ကလေးတွေညမှာအိပ်ရင် အောက်ခံအေးတယ်လေနော်။ အဲ့ကြောင့်ကလေးတွေဆိုလည်းဖျားတာ၊ ချောင်းဆိုးတာ ဖြစ်တာ။ အဲ့လိုဖျားရင် ဆေးကလည်းမရှိဘူး။ ရွာကိုပြန်လာရတယ်” ဟု စစ်ရှောင်အမျိုးသမီး တစ်ဦးကပြောသည်။

ဆေးဝါးနှင့် စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ကျေးရွာနှင့်မြို့အတွင်းသို့ ပြန်လာကြသည့် စစ်ဘေးရှောင်များသည် ဖေဖော်ဝါရီလ ၁၉ ရက်တွင် စစ်ကောင်စီလက်နက်ကြီးကျည်ထိမှန်၍ ၇ ဦးသေဆုံးမှုဖြစ်စဉ်သော်လည်းကောင်း၊ ဧပြီလ ၈ ရက်တွင် စစ်ကောင်စီလက်နက်ကြီးထပ်မံထိမှန်၍ ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရ ဖြစ်စဉ်သော်လည်းကောင်း ဖြစ်ပွားခဲ့သည်။

ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားလာချိန် ကြာလာသည်နှင့်အမျှ စစ်ဘေးရှောင်များသည် ဆေးဝါးနှင့် စားနပ်ရိက္ခာ ပြတ်လပ်မှုအခြေအနေများ ထပ်မံကြုံတွေ့လာနိုင်အပြင် မကြာခင်မိုးတွင်းကာလ ရောက်လာမည်ဖြစ်သောကြောင့် နိုင်ငံတကာ လူသားချင်းစာနာမှုထောက်ထားမှု အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့ကိုဦးစားပေး ကူညီပေးကြရန် စစ်ဘေးရှောင်ကူညီသူများက တောင်းဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...