မူဆယ်မြို့ ပြန်ပေးဆွဲခံရသည့် ဆရာဝန်ကို တရုတ်ယွမ်ငွေ သိန်း ၃၀ ဖြင့် ပြန်‌ရွေးထုတ်ခိုင်း

သျှမ်းပြည် မူဆယ်မြို့တွင် လူနာကို ဆေးကုသပေးနေစဉ် ပြန်ပေးဆွဲခံရသည့် ဆရာဝန်ကို တရုတ်ယွမ်ငွေ သိန်း ၃၀ ဖြင့် ပြန်လည်ရွေးထုတ်ခိုင်းနေကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဧပြီလ ၉ ရက်) ညနေပိုင်းတွင် မူဆယ်မြို့ ခရစ်ယာန်ရပ်ကွက်ရှိ Best House ဟိုတယ်အနီး ဖွင့်လှစ်ထားသည့် ဆေးခန်းမှ ဆရာဝန် ဒေါက်တာမိုးကျော်နိုင် ကို အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ဝင်ရောက်ဖမ်းဆီး၍ ပြန်ပေးဆွဲ ခေါ်ဆောင်သွားခဲ့သည်။

ယနေ့ (ဧပြီလ ၁၀ ရက်) နံနက်ခင်းတွင် ဆရာဝန်ကို ပြန်ပေးဆွဲ ခေါ်ဆောင်သွားသည့် အမည်မသိအဖွဲ့မှ မိသားစုထံ ဆက်သွယ်လာပြီး တရုတ်ယွမ်ငွေ သိန်း ၃၀ (မြန်မာကျပ်ငွေ ကာလပေါက်ဈေး သိန်း ၁၅၀၀ ကျော်) ပေးဆောင်မှသာ ဖမ်းဆီးထားသည့် ဆရာဝန်ကို ပြန်လွှတ်ပေးမည်ဟု ငွေခြိမ်းခြောက်တောင်းဆိုခဲ့ကြောင်း မူဆယ်ဒေသခံများက ပြောသည်။

“ပြန်ပေးဆွဲခံရပြီး ငွေခြိမ်းခြောက်တောင်းခံရတာက ဆေးကုပေးတဲ့ ဆရာဝန်ပဲ။ သူ့အိမ်က ချမ်းသာလား၊ မချမ်းသာလား‌တော့ မသိရဘူး။ အခုက တရုတ်ယွမ်ငွေ သိန်း ၃၀ (မြန်မာငွေ ကာလပေါက်ဈေး ကျပ်သိန်း ၁၅၀၀ ‌ကျော်) နဲ့ ပြန်ရွေးခိုင်းနေတာ”ဟု မူဆယ်မြို့မှ ဖြစ်စဉ်သိရှိသူ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မူဆယ်မြို့လယ်ခေါင်ရှိ ဆေးခန်းတွင် လူနာများကို ဆေးကုသပေးနေစဉ် ဖမ်းဆီးခံခဲ့ရသည့် ဒေါက်တာမိုးကျော်နိုင် ကို ၎င်းအမည်မသိ အဖွဲ့အစည်းက ပြန်ပေးဆွဲပြီး မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရသေးသည့်အတွက် မိသားစုနှင့် ဆွေမျိုးများက စိုးရိမ်နေကြကြောင်း သိရသည်။

“ပြန်ပေးဆွဲပြီး ဖမ်းခံရလို့ လွတ်လာတဲ့လူတွေကို မေးကြည့်တော့ သူတို့ဖမ်းခံရတာ အများကြီးရှိတယ်၊ ကိုယ်တစ်ယောက်တည်း ဖမ်းခံရတာ မဟုတ်ဘဲနဲ့ နေရာတိုင်းက ဖမ်းလာတာလို့ ပြောတယ်။ ဘယ်သူမှ အသံမထွက်ရဲတော့ အခုလို ခြိမ်းခြောက်ဖိနှိပ်မှုက ဆက်ရှိနေဦးမှာပဲ။ တရားဥပဒေ စိုးမိုးမှုကလည်း မြို့ပေါ်မှာ လုံးဝ မရှိတော့တာ”ဟု မူဆယ်မြို့မှ ၎င်းဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

မတ်လဆန်းမှ စတင်ပြီး မူဆယ်မြို့ရှိ ၎င်းလက်နက်ကိုင် အယောင်ဆောင်အဖွဲ့များက မြို့ပြပျောက်ကြားအဖွဲ့၊ မြို့တွင်းတော်လှန်သော အုပ်စုအဖွဲ့ (MRTTD) နှင့် မူဆယ် PDF အယောင်ဆောင်အဖွဲ့ (MSPDF) စသည့် နာမည်အမျိုးမျိုးဖြင့် မြို့နေလူထုကို အွန်လိုင်းမှ စာပို့ခြိမ်းခြောက် ငွေညှစ်တောင်းခံပြီး လူပြန်ပေးဆွဲမှုများ နေ့စဉ်နီးပါး ဆက်ရှိနေသေးကြောင်း သိရသည်။

ယခင်က ဖြစ်ပွားခဲ့သည့် ဓားပြတိုက်မှုနှင့် ပြန်ပေးဆွဲမှုများတွင် ကျူးလွန်သူများကို ပြည်သူများမှ ပြန်လည်ဖမ်းဆီးရမိလျှင် စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်ဆောင်သည့် ပြည်သူ့စစ်အဖွဲ့ဝင်များသာ ဖြစ်ကြောင်း မူဆယ်‌ဒေသခံများက ပြောသည်။

လက်ရှိတွင် မူဆယ်မြို့နယ်အတွင်း သွားလာလှုပ်ရှားနေသည့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များမှာ ကောင်းခါး၊ မြို့မ၊ ပန်းဆေး၊ လုံထန်၊ ပိန်းဆာ၊ မန်ဂျယ်၊ စိန်ကျော့၊ မန်ပြိန်း၊ ရှောက်ဟော်၊ တာမိုးညဲ၊ မုံးပေါ် စသည်ဖြင့် ၁၅ ဖွဲ့ထက်မနည်း ရှိနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...