Saturday, February 14, 2026

CATEGORY

နိုင်ငံရေး

ထိုင်းနိုင်ငံသွားမည့်သူများကို SSPP မှ ပိတ်ပင်ဖမ်းဆီးနေ ဟုဆို

သျှမ်းပြည်‌ ကျေးသီးမြို့နယ်ရှိ ဒေသခံများ ထိုင်းနိုင်ငံသို့ သွားမည့်သူများကို ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ ပိတ်ပင် ဖမ်းဆီးမှုပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ကျေးသီးမြို့နယ်အတွင်း ယနေ့ (ဖေဖော်ဝါရီ ၁၂)ရက် မှစတင်ကာ ဒေသခံများ ပြည်ပသို့ ထွက်ခွာသွားမည့်သူများနှင့် သယ်ဆောင်ပေးသော ကားသမားများကို ဖမ်းဆီးမည်ဖြစ်ပြီး ကားများကိုပါ သိမ်းသွားမည်ဟု...

ရှေ့တန်းမသွားသည့် ဆေးဖြတ်ရန်လာသူ ၁၂ ဦးကို စစ်ကောင်စီက ​ပစ်သတ်ပြီး ရွာသားများကို မြုပ်နှံခိုင်း

ရှေ့တန်းသွားရန် ငြင်းဆန်ခဲ့သည့် ဆေးဖြတ်ရန်လာသူ (၁၂) ဦးကို စစ်ကောင်စီက ပစ်သတ်လိုက်ပြီး ရွာသားများကို ​မြုပ်နှံခိုင်းခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သတင်းသိရသည်။ သျှမ်းတောင်၊ ဆီဆိုင်မြို့နယ် အနောက်ဖက် အောင်ဆုဗွေစခန်းတွင် ဆေးဖြတ်ရန်လာသည့် အသက် ၃၀ ဝန်းကျင် လူငယ်များကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ရှေ့တန်းသို့ စစ်မှုထမ်းရန်...

မူဆယ်အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိ ခြေထောက်နှစ်ဖက် ဆုံးရှုံး

သျှမ်းပြည်မူဆယ်မြို့နယ်တွင်း အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိပြီး ခြေထောက်နှစ်ဖက် ဆုံးရှုံးရသည်အထိ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ သျှမ်းပြည် မူဆယ်မြို့နယ် တိုင်းလုံကျေးရွာ (ဢိူင်ႇတိုင်းလူင်) လွိုင်ကြူလော် (လွႆၵိဝ်ႇလွၵ်) တောင်အနီးတွင် ဖေဖော်ဝါရီလ ၁၁ ရက် နံနက်ပိုင်းတွင် အမျိုးသားတစ်ဦး ထင်းသွားရှာရာမှ မြေမြုပ်မိုင်းနင်းမိ၍ ခြေထောက်နှစ်ဖက် ဖြတ်ရသည်အထိ ဒဏ်ရာရှိခဲ့ကြောင်း ဒေသခံ...

NUG ထံ သဝဏ်လွှာပို့သည့် SSPP နှင့် ဖက်ဒရယ်အခြေခံဥပဒေ ထုတ်ပြန်လာသည့် SNLD ပါတီ

ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံသို့ ပြည်ထောင်စုနေ့ အထိမ်းအမှတ် သဝဏ်လွှာကို ပထမဆုံးအကြိမ် ပေးပို့ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဖေဖော်ဝါရီ ၁၂ ရက်)တွင် ကျရောက်သည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ ချင်းအမျိုးသားတပ်ဦး...

ဆီဆိုင်မြို့ကို စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်ဖျက်ဆီး၊ စစ်သား အလောင်းများ PNLA သင်္ဂြိုဟ် ပေးနေရ

သျှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ် ဖျက်ဆီးနေပြီး မြို့တွင်း တိုက်ပွဲအတွင်း သေဆုံးခဲ့သည့် စစ်ကောင်စီ တပ်သား အလောင်းအများအပြား ကျန်ခဲ့၍ ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခဲ့ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) က ယနေ့ (ဖေဖော်ဝါရီ ၁၂ ရက်နေ့)...

ကံဆိုးမိုးမှောင်ကျစေသည့် ပင်လုံစာချုပ်နှင့် လမ်းပျောက်နေသည့် သျှမ်းလူထု

အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်နေသည်ဟု ကြွေးကြော်သည့် မြန်မာ စစ်တပ်သည် ဒေသခံများ အထွဋ်အမြတ်ထားသည့်ဘုရားကျောင်းကန်များကို လက်နက်ကြီးသာမက လေကြောင်းကပါ ပစ်ခတ်ဖျက်ဆီး၍ ၄င်းတို့၏ အမျက်ဒေါသကို ဖော်ပြနေသည်။

ဆီဆိုင်မြို့နယ် အင်အားဖြည့်တင်းနေသည့် စစ်ကောင်စီတပ်နှင့် PNLA စစ်ရေးတင်းမာ

သျှမ်းပြည် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ကျေးရွာအတွင်းသို့ အင်အားဖြည့်တင်းနေသည့် စစ်ကောင်စီတပ် နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA တပ်တို့သည် နှစ်ဖက်စစ်ရေးတင်းမာနေကြောင်း ဆိုက်ခေါင်ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီလက်အောက်ခံတပ်များသည် ဖေဖော်ဝါရီလ ၅ ရက်ကတည်းက ဆိုက်ခေါင်ကျေးရွာ၏ အရှေ့ဘက်သို့ အမြှောက်တပ်များ လာရောက်တပ်စွဲထားသကဲ့သို့ ဇောတိကရာမကျောင်းတိုက်အတွင်း အင်အား ၃၀၀ ခန့်ရှိသည့် စစ်ကောင်စီလက်အောက်ခံတပ်သားများ...

စစ်ရှုံးနေသည့် စစ်ကောင်စီက နိုင်ငံသားတိုင်း စစ်မှုထမ်းရမည့်ဉပဒေ ကျင့်သုံးတော့မည်ဟု ကြေညာ

စစ်ရေးအဖက်ဖက် ရှုံးနိမ့်နေသည့် စစ်ကောင်စီသည် လူအင်အားနည်းပါးလာသည့်အတွက်ကြောင့် အသက်ပြည့်ပြီး နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဉပဒေကို စတင်ကျင့်သုံး တော့မည်ဖြစ်ကြောင်း ယနေ့ (ဖေဖော်ဝါရီလ ၁၀ )တွင် ကြေညာလိုက်သည်။ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၄ ရက်တွင် နအဖစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်မှတ်ထိုး ထုတ်ပြန်ခဲ့သည့်...

“ဝ”တပ်ဖွဲ့ UWSA မှ ကျားဖြန့်ဂိုဏ်းခေါင်းဆောင် ၂ ဦး ကို မိုင်းရှူး အထိ လာရောက်ရှာဖွေ

သျှမ်းပြည် မိုင်းရှူးမြို့နယ်တွင် တရုတ်က အလိုရှိနေသည့် “ဝ”တပ်ဖွဲ့ UWSAမှ ကျားဖြန့်ဂိုဏ်းခေါင်းဆောင် အရာရှိ ၂ ဦးကို တရုတ်ရဲဝတ်စုံ ဝတ်ဆင်ထားသည့် လက်နက်ကိုင်တပ်ဖွဲ့မှ လာရောက်ရှာဖွေခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်နေ့က မိုင်းရှူးမြို့နယ်တွင် တရုတ်ရဲဝတ်စုံ ဝတ်ဆင်ထားသည့် လက်နက်ကိုင်တပ်ဖွဲ့နှင့် ဒေသခံ လက်နက်ကိုင်...

ငွေတောင်းကြမ်းသည့် လားရှိုး ခမရ (၆၈) တပ်က ဗိုလ်ကြီး မိုင်းနင်းမိ ခြေထောက်ဖြတ်လိုက်ရ

သျှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှ မိုင်းယော် အထွက်ဘက်ရှိ စစ်ကောင်စီ ခမရ (၆၈) တပ်ရင်းမှ ဗိုလ်ကြီး ဦးဆောင်၍ မိုင်းခင်းပြီးနောက် ဦးဆောင်သူ ဗိုလ်ကြီး မိုင်းနင်းမိသဖြင့် ခြေထောက် ဖြတ်လိုက်ရကြောင်း တပ်တွင်း သတင်းရင်းမြစ်က ပြောသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက်တွင် ခမရ...

Latest news