Friday, February 13, 2026

CATEGORY

နိုင်ငံရေး

မူဆယ်မြို့ စမတ်ကတ် ပြုလုပ်ရန် ကျပ်ငွေသိန်းချီပေးရပြီး တိုကင်နံပါတ် သောင်းဂဏန်း စောင့်ဆိုင်းရ

သျှမ်းပြည် မူဆယ်မြို့နယ်တွင် UID ခေါ် စမတ်ကတ် ပြုလုပ်ရန် ကျပ်ငွေသိန်းချီ ပေးနေရပြီး နောက်နှစ်အထိ တိုကင်နံပါတ် သောင်းဂဏန်းကျော် စောင့်ဆိုင်းနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ ၄ ရက်တွင် စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေး လဝက မှ အိမ်နီးချင်းနိုင်ငံ တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံသို့...

နောင်ချိုမြို့နယ် နေ့စဉ်တိုက်ပွဲပြင်းထန် ပြည်သူများစိုးရိမ်

နောင်ချိုမြို့နယ်အတွင်းတွင် နေ့စဉ်နီးပါး တိုက်ပွဲများဖြစ်ပွားနေပြီ စစ်ကောင်စီမှ လက်နက်ကြီး လေကြောင်းဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူများစိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။ နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာနှင့် အနီးဝန်းကျင်များတွင် ဧပြီလ ၂၁ ရက်မှစ၍ နေစဉ်နီးပါး စစ်ကောင်စီ နှင့် မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF)တို့ တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီမှ လက်နက်ကြီးများ၊ လေကြောင်းဖြင့်...

ဆီဆိုင်မြို့၊ ဝိန်းကောင်တံတားကို KNDF နှင့် PDF တို့ကမိုင်းခွဲဖျက်ဆီးခဲ့ဟု စစ်ကောင်စီသတင်းမှားဖြန့်

သျှမ်းပြည် ဆီဆိုင်မြို့နယ် ဝိန်းကောင်ကျေးရွာရှိ ဝိန်းကောင်တံတားကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟု စစ်ကောင်စီက ဝါဒဖြန့်ချိနေလျက်ရှိသည်။ စစ်ကောင်စီတပ်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (CINCDS) မှ “ဒေသအတွင်း လူမှုစီးပွားရေးဘဝဖွံ့ဖြိုး တိုးတက်စေရေးနှင့် ပြည်သူများခရီးသွားလာမှု လွယ်ကူမြန်ဆန်စေရေးအတွက် အခြေခံအဆောက်အုံဖြစ်သည့် လမ်း၊ တံတားများ ဖောက်လုပ်တည်ဆောက်ပေးလျက်ရှိရာ...

စစ်ကောင်စီလက်နက်ကြီး ကြောင့် ဆီဆိုင်မြို့နယ် ပန်တိုင်းရွာ ဘုန်ကြီးကျောင်းပျက်စီးသွား

သျှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ပန်တိုင်း(ပင်တွိုင့်)ရွာတွင် စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်မှုကြောင့် ရွာတွင်းရှိ ရွာဦးဘုန်းကြီးကျောင်း ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ မေလ၅ရက်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်ခြင်းကြောင့် ပျက်စီးခဲ့ရပြီး ဘုန်းကြီးကျောင်း အမိုး၊ မျက်နှာကြတ်၊ပြတင်းပေါက်၊တံခါးဘောင်၊အခင်းတို့ အလုံးစုံ ပျက်စီးခဲ့ရကြောင်း ပန်တိုင်းရွာခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။ "လက်နက်ကြီးလည်း ထိထားတယ်။ လက်နက်ငယ်လည်းအများကြီးထိမှန်တယ်။ကံကောင်းလို့ မီးလောင်ဗုံးနဲ့ မကျဲတာ။ ကိုယ်ရဲ့...

နမ့်ခမ်း TNLA က နှစ်လနီးပါး ပိတ်ထားခဲ့သည့် တရုတ်-မြန်မာ နယ်စပ်ဂိတ် ပြန်ဖွင့်ပေး

သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က နှစ်လနီးပါး ပိတ်ထားခဲ့သည့် နောင်တောင်း နယ်စပ်ဂိတ် ပြန်လည်ဖွင့်လှစ်ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ၂၉ ရက်တွင် တရုတ်-မြန်မာနယ်စပ် နမ့်ခမ်းမြို့နယ် ရွှေလီမြစ် တစ်ဘက်ကမ်းရှိ နောင်တောင်း-ပိန်းမိုင် နယ်စပ်ဂိတ်မှ ကုန်အဝင်အထွက် သီးသန့်ဂိတ်ကို TNLA တပ်ဖွဲ့က...

မိုးမိတ် စစ်ကောင်စီ တပ်စခန်းအနီးရှိ လယ်ယာထဲ မြေမြှုပ်မိုင်းရှိနေ

သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် စစ်ကောင်စီတပ်စခန်း အနီးရှိ လယ်ယာများထဲတွင် မြေမြုပ်မိုင်းများ ရှိနေသဖြင့် ပြည်သူများ မသွားရဲကြောင်း စုံစမ်းသိရသည်။ မိုးမိတ်မြို့နယ်ရှိ ခေးနှင်းကျေးရွာ၊တိုးပင်ကျေးရွာတို့တွင် မေလပထမပတ်မှ စ၍ လယ်ယာသွား၍ ရေမြှောင်ရှင်းခြင်းနှင့် သန့်ရှင်းရေးလုပ်ကာ စိုက်ပျိုးရေးလုပ်ရန်လိုအပ်နေသည့် ပြည်သူများသည် စစ်ကောင်စီ၏ မြေမြုပ်မိုင်းများကြောင့် မသွားရဲကြောင်း မိုးမိတ်မြို့ အသက် ၃၀...

သျှမ်းပြည်တောင်ပိုင်း ၁ပတ်အတွင်း စစ်ဘေးရှောင် ၁၀၀၀ ကျော် ထပ်တိုး

သျှမ်းပြည် တောင်ပိုင်း တိုက်ပွဲ ၁ ပတ်အတွင်းတွင် စစ်ကောင်စီမှ လက်နက်ကြီး အကြိမ် ၁၀၀ ထပ်မနည်းပစ်ခတ်ပြီး စစ်ဘေးရှောင် တစ်ထောင်ကျော် တိုးလာပြီးကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ဟိုပုံးမြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့တွင် စစ်ကောင်စီမှ ၁ ပတ်အတွင် လက်နက်ကြီး ပတ်ခတ်မှု...

ဒေါနတောင်တိုက်ပွဲ ရွှေညောင်မြို့ အခြေစိုက် ခလရ (၉၄) တပ်ရင်းမှူး ဗိုလ်မှူးသန့်ဇော်ဝင်း သေဆုံး

သျှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့ အခြေစိုက် ခလရ (၉၄) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး-ဗိုလ်မှူးသန့်ဇော်ဝင်း ဒေါနတောင် တိုက်ပွဲ၌ သေဆုံးသွားကြောင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့ (မေလ ၅ ရက်) တွင် အတည်ပြု ပြောသည်။ ကရင်ပြည်နယ်၊ မြ၀တီမြို့သို့ ဦးတည်နေသည့် စစ်ကောင်စီ စစ်ကြောင်းကို KNLA...

ညောင်ရွှေဂိတ်တွင် ဖမ်းဆီးခံရသည့် လူငယ်၇ဦး မိသားစုနှင့် တွေ့ခွင့်မရ

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့ ၊ညောင်ဖြူစခန်းရပ်ကွက်မှ လူငယ်၇ဦးသည် အင်းလေး ၊စံကား သွားလည်စဉ် အပြန်ချိန် ညောင်ရွှေဂိတ်တွင် ဖမ်းဆီးခံရပြီး ယခုအချိန်ထိ မိသားစုဝင်များနှင့် တွေ့ခွင့်မရသေးကြောင်း စုံစမ်းသိရသည်။ ဧပြီလ ၂၃ရက် တွင် အဆိုပါ လူငယ် ၇ဦးသည် ဖမ်းဆီးခံရပြီးနောက် တောင်ကြီးမြို့ စူဠာမုနိ ဘုရားအောင်ဖက်...

ဆီဆိုင်စစ်ရှောင်များကို စစ်တပ်နှင့် PNO ဖိအားပေး အိမ်ပြန်ခိုင်း

သျှမ်းပြည် ဆီဆိုင်မြို့ပေါ်နှင့် ကျေးရွာဘက် ဒေသခံများသည် တိုက်ပွဲများကြောင့် ဟိုပုံး၊တောင်ကြီး၊ညောင်ရွှေမြို့နယ်တို့တွင်းစစ်ရှောင်ကြရပြီး ယခုတွင် စစ်ကောင်စီနှင့် ပြည်သူ့စစ် PNO က ဖိအားပေးပြီး အတင်းအဓမ္မ အိမ်ပြန်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ စစ်ရှောင်များ မိမိနေအိမ် ပြန်မနေလျှင် အိမ်ချိတ်ပိတ်မည်၊ပိုင်ဆိုင်မှုနှင့် မြေယာများကို သိမ်းယူမည် ၊အိမ်မီးရှို့မည်ဆိုပြီး စစ်ကောင်စီနှင့် ပြည်သူ့စစ်...

Latest news