Friday, February 13, 2026

CATEGORY

နိုင်ငံရေး

နိုင်ငံရေးစားပွဲဝိုင်းတွင် အဖြေရှာရန် နည်းလမ်းမရှိတော့ခြင်းကြောင့် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ရတော့မည်ဟု SSPP/SSA ဒုဥက္ကဋ္ဌပြော

နိုင်ငံရေးစားပွဲဝိုင်းတွင် အဖြေရှာရန် နည်းလမ်းမရှိတော့ခြင်းကြောင့် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ရတော့မည်ဟု ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဒုဥက္ကဋ္ဌဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ခွန်ဆိုင်က ပြောဆိုလိုက်သည်။ ယနေ့ (မေလ ၃ ရက်) တွင် SSPP/SSA ဒုဥက္ကဋ္ဌဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ခွန်ဆိုင်ကစစ်မှန်သည့် ပြည်ထောင်စု ဒီမိုကရေစီ နိုင်ငံတော် ရရှိရန်နှင့်...

လားရှိုးမြို့နယ် မိုင်းကျက်မှ ရှင်သာမဏေတစ်ပါး မြေမြှုပ်မိုင်းဆော့ကစားရင်း ပေါက်ကွဲပြီး သေဆုံး

သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာမှ ကိုရင်လေးတစ်ပါးသည် မပေါက်ကွဲသေးသည့် မြေမြှုပ်မိုင်းဆော့ကစားရင်း ပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂ ရက်) နံနက် ၆ နာရီခွဲခန့်တွင် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာရှိ ဘုန်းကြီးကျောင်းမှ အသက် (၁၄)နှစ်အရွယ်ရှိ ရှင်ကုမာရ သည် အုတ်ခဲသွားသယ်နေစဉ် မပေါက်ကွဲသေးသည့်...

ပြည်ပထွက်အလုပ်လုပ်ခွင့် ယာယီရပ်ဆိုင်းသတင်းကြောင့် လူငယ်များအကြား စိုးရိမ်ပူမှုများနေ

စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနက အမျိုသားများပြည်ပသို့ တရားဝင်အလုပ်သွားရောက် လုပ်ကိုင်ခွင့်ကို ယာယီရပ်ဆိုင်းလိုက်သည်ဟု သတင်းထွက်ပေါ်ပြီးနောက် လူငယ်များအကြား စိုးရိမ်ပူပန်မှုများရှိနေသည်။ စစ်ကောင်စီမှ ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီးနောက် အပတ်စဉ် (၂) အတွက် လူသစ်စုဆောင်းမှုများ ပြုလုပ်နေစဉ် ယခုကဲ့သို့ အမျိုးသားများ ပြည်ပထွက်ခွာအလုပ်လုပ်ခွင့်အား မေလ ၁ ရက်နေ့စတင်ပြီး ယာယီပိတ်ပင်လိုက်ခြင်း ဖြစ်သည်။ “အခုကျနော်တို့...

ဆီဆိုင်မြိုနယ်ရှိ ချောင်းကူတံတားတစ်ခု စစ်ကောင်စီ မီးရှို့ဖျက်ဆီး

သျှမ်းပြည် ဆီဆိုင်မြို့နယ်အတွင်းရှိ တံတားတစ်စင်းကို စစ်ကောင်စီက မီးရှို့ ဖျက်စီးခဲ့ကြောင်း သိရသည်။ သျှမ်းပြည် ဆီဆိုင်မြို့နယ်အတွင်းရှိ နောင်စကာကျေးရွာ နှင့် ရွှေတဂူဘုရားအနီးတွင် ရှိသည့် သဘက်ချောင်းကူး တံတားကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့က မတ်လ ၁ ရက် နံနက် ၆ နာရီခွဲဝန်းကျင်တွင် မီးရှို့...

ပန်ဆိုင်းမြို့ နယ်စပ်ဂိတ် MNDAA ပြန်ဖွင့်သော်လည်း ဒေသခံများ ဝင်ထွက်သွားလာခွင့် မရသေး

သျှမ်းပြည် မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့ရှိ တရုတ်-မြန်မာ နယ်စပ်ဂိတ်ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)က ပြန်လည်ဖွင့်လှစ်ပေးခဲ့သော်လည်း ဒေသခံများ ဝင်ထွက်သွားလာ၍ မရသေးကြောင်း စုံစမ်းသိရသည်။ မေလ (၁) ရက်မှ စတင်ပြီး မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့ရှိ တရုတ်-မြန်မာ နယ်စပ်ဂိတ်ကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ ပြန်လည်ဖွင့်လှစ်ပေးခဲ့သော်လည်း မြန်မာဘက်ခြမ်းမှ...

မိုင်းဆတ် ပြည်သူ့စစ်ခေါင်းဆောင် မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီးခံရ

သျှမ်းပြည် မိုင်းဆတ်မြို့နယ်မှ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးကို မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုဖြင့် တာချီလိတ်မြို့တွင် ဖမ်းဆီးခံလိုက်ရကြောင်း စုံစမ်းသိရသည်။ ဧပြီလ (၃၀) ရက်တွင် မိုင်းဆတ်မြို့နယ်၊ ဝိန်းကောင်းကျေးရွာ၌ စစ်ကောင်စီတပ်ဖွဲ့မှ ဖွဲ့စည်းပေးထားသည့် ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင်ဖြစ်သူ စိုင်းဝန်းခမ်းသည် တာချီလိတ်မြို့သို့ သွားရောက်စဉ် ၎င်း၏ကားကို မူးယစ်တပ်ဖွဲ့က ရပ်တန့်ခိုင်းပြီး စစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါးများ...

စစ်ကောင်စီထုတ် မြန်မာဘီယာ သောက် TNLA တပ်သားများ ကြိမ်ဒဏ် ၁၀ ချက်နှင့် အခြားပြစ်ဒဏ်ပေးခံရ

စစ်ကောင်စီ၏ ထုတ်ကုန်ပစ္စည်းဖြစ်သည့် မြန်မာဘီယာများကို သောက်သုံးခဲ့သည့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA မှတပ်သားများကို ကြိမ်ဒဏ် ၁၀ ချက်နှင့် အခြား ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း TNLA က ယနေ့ (မေလ ၂) ရက်တွင် ထုတ်ပြန်ထားသည်။ သျှမ်းပြည်မြောက်ပိုင်း “၁၀၂၇ စစ်ဆင်ရေး”...

ဆီဆိုင်မြို့ပြည်သူများကို စစ်ကောင်စီ နေရပ်ပြန်ခေါ်၊မြို့မဈေးကို ပြန်ပြုပြင်နေ

သျှမ်းပြည် ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီနှင့် PNOပြည်သူ့စစ် ပြန်လည်ထိန်းချုပ်ထားပြီးနောက် တိုက်ပွဲများ ငြိမ်သက်နေပြီး ပြည်သူများကိုလည်း နေရပ်ပြန်ရန် ခေါ်နေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် ဆီဆိုင်မြို့နယ်တွင် ဧပြီလ နောက်ဆုံးပတ်မှ စ၍ ထွက်ပြေးတိမ်းရှောင်နေသော ဒေသခံများကို စစ်ကောင်စီနှင့် PNO ပြည်သူတို့က စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူးကို တဆင့်ပြန်ခေါ်ခိုင်နေပြီး၊...

ချင်းမိုင်အလုပ်သမားများအတွက် တစ်ရက်လုပ်အားခ ဘတ် ၆၀၀ အထိပေးရန်တောင်းဆို

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများအပါအဝင် ထိုင်းအလုပ်သမားများက စုပေါင်းပြီး တစ်ရက်လျှင် လုပ်အားခ ဘတ် ၆၀၀ အထိတိုးပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။ ယမန်နေ့ (မေ ၁) ရက်တွင် ကျရောက်သော မေဒေး (သို့) အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့၌ မြန်မာရွှေ့ပြောင်း အလုပ်သမားများအပါအဝင် ထိုင်းအလုပ်သမားများကစုပေါင်းပြီး ကိုယ်စီတောင်းဆိုချက် ပိုစတားများ...

ဆီဆိုင်မြို့နယ်တွင်း စစ်ကောင်စီ လက်နက်ကြီး၊ဒရုန်း ပစ်ခတ်၊ပြည်သူများကို ရွာပြင်ထွက်ဖို့ တားမြစ်

သျှမ်းပြည် ဆီဆိုင်မြို့နယ်တွင် နေ့စဥ် စစ်ကောက်စီမှ လက်နက်ကြီးများ ဒရုန်းများဖြင့် ပစ်ခတ်နေပြီး ပအိုဝ်းပြည်သူ့စစ် ( PNO )က ကျေးရွာရှိ ဒေသခံများကို ဓားစာခံများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ သျှမ်းပြည် ဆီဆိုင်မြို့နယ် ဝိုင်းလုံကျေးရွာကို ယမန်နေ့(ဧပြီလ ၃၀ ရက်) ညနေ ၃ နာရီဝန်းကျင်တွင်...

Latest news