လက်နက်ချမှုဖြင့် နာမည်ကျော်သည့် ကလောမြို့က တပ်မ (၅၅) နောင်ချိုသို့ စစ်ကူသွား

ကိုးကန့်ဒေသ၊ လောက်ကိုင်တွင် လက်နက်ချခဲ့သဖြင့် နာမည်ကျော်ကြားသည့် သျှမ်းတောင်၊ ကလောမြို့ အခြေစိုက် စစ်ကောင်စီ တပ်မ (၅၅) သျှမ်းမြောက်၊ နောင်ချို ဒေသဘက် စစ်ကူသွားခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဇူလိုင်လ ၁၄ ရက်) တွင် ပြောသည်။

စစ်ကား ၃၂ စီးပါ အဆိုပါ စစ်ကူစစ်ကြောင်းသည် ပြီးခဲ့သည့် ရက်ပိုင်းက စစ်တပ်မြို့ဖြစ်သည့် ဗထူးတပ်မြို့တွင် စုဖွဲ့၍ ရပ်စောက် -ကျောက်ဂူ အင်တောလမ်းမှ ထွက်ခွာသွားရာ လက်ရှိ နောင်ချိုမြို့နယ်၊ တောင်ခမ်းဒေသရှိ အမှတ် (၉၀၂) အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်သို့ ရောက်ရှိနေပြီဟု ၎င်းကဆိုသည်။

“ဒီယာဉ်တန်းဟာ နောင်ချိုဘက်ကို ဆက်ထွက်နိုင်တယ်” ဟု ၎င်းက သုံးသပ်သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့က (၆၀၆) ဒုံးတပ်ကို TNLA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်ပြီးနောက် နောင်ချိုမြို့ကို အလုံးစုံ ထိမ်းချုပ်ထားကာ ဇူလိုင်လ ၁၂ ရက်နေ့က ဂုတ်ထိပ်၊ ဂုတ်တွင်းကို ထပ်မံ တိုက်ခိုက် သိမ်းပိုက်ထားသည်။

ယင်းအခြေအနေကြောင့် စစ်ကောင်စီ အနေဖြင့် အမှတ် (၉၀၂) အမြောက်ကွပ်ကဲမှုဌာနချုပ်နှင့် လက်ရုံးတပ်များရှိရာ တောင်ခမ်းဒေသသို့ TNLA ထိုးစစ်ဆင်မည်ကို စိုးရိမ်သဖြင့် တပ်မ (၅၅) စစ်ကူပေးပို့ခြင်း ဖြစ်နိုင်ကြောင်း စစ်ရေးသတင်းရင်းမြစ်က သုံးသပ်သည်။

တိုက်ခိုက်ရေးတပ်ရင်း ၁၀ ရင်း၊ နည်းဗျူဟာ (၃) ခုဖြင့် စုဖွဲ့ထားသည့် စစ်ကောင်စီ၏ နာမည်ကျော် တပ်မ (၅၅) သည် ပြီးခဲ့သည့် နှစ်က ကရင်နီပြည်နယ်တွင် တပ်ပျက်ခဲ့ပြီး ရခိုင်ပြည်နယ်တွင်လည်း အကျဆုံးများကာ လက်ရှိ ကရင်နီ ပြည်နယ်၊ မြဝတီမြို့သို့ ဦးတည်နေသည့် အောင်ဇေယျ စစ်ကြောင်းတွင်လည်း ပါဝင်နေသည်။

“အရင်နှစ်က ကယား (ကရင်နီ) မှာ ကျတာ အများကြီးပဲ။ ကလော က ခလရ (၇) နဲ့ ခမရ (၁၁၂) ဆို တပ်လုံးကျွတ်နီးပါးပဲ။ စစ်မတိုက်ရတဲ့ စစ်ဦးစီး (ကလော စစ်ဦးစီး တက္ကသိုလ်) ကတောင် အဆစ်ပါသွားသေးတယ်။ အခုလည်း တပ်မ (၅၅) ထဲမှာ စစ်သားမကျန်သလောက်ပဲ” ဟု စစ်တပ်နှင့် နီးစပ်သည့် ကလောမြို့ခံ တစ်ဦးက ပြောဆိုသည်

ပြီးခဲ့သည့် “၁၀၂၇” စစ်ဆင်ရေး ကာလ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့၊ လွတ်လပ်ရေးနေ့တွင် တပ်မမှူး ဗိုလ်မှူးချုပ်ဇော်မျိုးဝင်း ဦးဆောင်သည့် တပ်မ (၅၅) အပါအဝင် စစ်တပ် အဆင့်မြင့် အရာရှိ စစ်သည် မိသားစုဝင် ၄၀၀၀ ကျော် လက်နက်ချခဲ့ရာ “လောက်ကိုင် ဒစက လက်နက်ချမှု” အဖြစ် သမိုင်းတွင် နာမည်ကျော်ခဲ့သည်။

ယင်းသို့ လက်နက်ချခဲ့သဖြင့် တပ်မ (၅၅) တပ်မမှူး ဗိုလ်မှူးချုပ်ဇော်မျိုးဝင်း ကို စစ်ကောင်စီက သေဒဏ် ချမှတ်ခဲ့သည်။ လက်ရှိ တပ်မမှူးမှာ ယခင် စကခ (၈) ဗျူဟာမှူး ဗိုလ်မှူးချုပ်အောင်စိုးမင်း ဖြစ်သည်။

တပ်မ (၅၅) သည် ခြေလျင်တပ်ရင်း အမှတ် (၃)-ကလောမြို့၊ ခြေလျင်တပ်ရင်း အမှတ် (၇)-ကလောမြို့၊ ခြေလျင်တပ်ရင်း အမှတ် (၉၄)-ရွှေညောင်မြို့၊ ခြေမြန်တပ်ရင်းအမှတ် (၁၈)-ဟဲဟိုးမြို့၊ ခြေမြန်တပ်ရင်း အမှတ် (၁၁၂)-ကလောမြို့၊ ခြေမြန်တပ်ရင်း အမှတ် (၁၁၇)-ဟဲဟိုးမြို့၊ ခြေမြန်တပ်ရင်း အမှတ် (၅၀၈)-(ရပ်စောက်) ဗထူးတပ်မြို့၊ ခြေမြန်တပ်ရင်း အမှတ် (၅၀၉)-ဗထူးတပ်မြို့၊ ခြေမြန်တပ်ရင်း အမှတ် (၅၁၁)-တီကျစ်မြို့၊ ခြေမြန်တပ်ရင်း အမှတ် (၅၁၂)-တီကျစ်မြို့ တို့နှင့် ဖွဲ့စည်းထားသည့် တိုက်ခိုက်ရေးတပ် ဖြစ်သည်။

SHANBurmese

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ကလောမြို့ ရေကြီးနေ ၊ ရေဘေးအတွက် အရေးပေါ် စားဝတ်နေရေးလိုအပ်

0
မြန်မာတဝှမ်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့်နေရာအနှံ့ ရေကြီးမှုဖြစ်ပွာနေပြီး ထိုထဲတင် တောင်ပေါ်ဒေသ ကလောမြို့လည်း အပါအဝင်ဖြစ်သည်။​ ယမန်နေ့ ဩဂုတ်လ (၁၀) ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကလောချောင်းရေ လျှံ၍ ကလောမြို့ ရပ်ကွက် (၁၊၂၊၃၊၄) ဘက်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သောကြောင့် လူဦးရေ ၂၀၀ ကျော် ရေဘေးသင့်၍ ဘေးလွတ်ရာသို့...

“ချိန်းဆောသံတွေ တိတ်လာတဲ့ ကလောမြို့”

0
မြို့ပတ်ဝန်းကျင် တောင်တန်းများသည် စိမ်းလန်းသည့် သစ်တောများဖြင့် တင့်တယ်လှသည်။ တောင်တန်းများ ဝန်းရံထားသည့် ကလောမြို့သည် မိုးတွင်းကာလ စိမ်းစိုလှပနေသည်။ ထိုနည်းတူ ထင်းရှူးတောများကြား ထိုးထိုးထောင်ထောင် အဆောက်အုံများ ရှိနေသည်ကိုလည်း တွေ့နေရသည်။ သို့သော် မြို့ခံအချို့ကမူ မိုးတွင်းကာလ နေ့စဉ် စိုးရိမ်သောက အပြည့်ဖြင့် နေထိုင်နေရသည်ဟု ဆိုကြသည်။ အထူးသဖြင့် ၂၀၂၄ ခုနှစ်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...