လောက်ကိုင်မြို့ လူအများအိပ်မောကျချိန် စစ်ကောင်စီ လေကြောင်းက ဗုံးကြဲ တိုက်ခိုက်

သျှမ်းမြောက်ရှိ ကိုးကန့်တပ် MNDAA သိမ်းပိုက် အုပ်ချုပ်နေသည့် လောက်ကိုင်မြို့ကို ယနေ့ (ဇူလိုင်လ ၁၄ ရက်) နံနက်ပိုင်း လူအများ အိပ်မောကျချိန် စစ်ကောင်စီတပ် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

လောက်ကိုင်ဒေသတွင် တိုက်ပွဲ ဖြစ်ပွားမှု မရှိသော်လည်း ‘၁၀၂၇’ စစ်ဆင်ရေး ဒုတိယပိုင်း စတင်ပြီးနောက် စစ်ကောင်စီဘက်က ဗုံးကြဲ တိုက်ခိုက်မည်ကို စိုးရိမ်သဖြင့် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ရာက ယခုကဲ့သို့ ဗုံးကြဲလာခြင်း ဖြစ်သည်။

“မနက် ၂ နာရီကျော်လောက်က ဗုံးလာကြဲတာ။ အဆောက်အအုံတွေ ပျက်စီးတယ်လို့ သိရတယ်။ လူထိမထိကတော့ မသိဘူး။ မနက်လင်းကတည်းက အပြင်ထွက်တဲ့လူ သိပ်မရှိဘူး။ မီးနဲ့ အင်တာနက်က မရတာ ရက်ကြာနေပြီ” ဟု မြို့ခံ တစ်ဦးက ပြောသည်။

ဒေသတွင်း သတင်းများ ဖော်ပြနေသည့် လူမှုကွန်ရက် စာမျက်နှာ တချို့တွင် လောက်ကိုင်မြို့ကို စစ်ကောင်စီက ယနေ့ မနက် ၂ နာရီခွဲနှင့် ၃ နာရီ ၂ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ဟွမ်ကျားလိဟွာ ဟိုင်တည်နှင့် ဖူလီလိုက်ဟိုတယ် ဗုံးထိမှန်ခဲ့သည်ဟု ဖော်ပြထားသည်။

ဖြစ်စဥ် အသေးစိတ်ကိုမူ သျှမ်းသံတော်ဆင့် အနေဖြင့် ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့ ကိုးကန့်တပ် လားရှိုးမြို့ကို စတင် တိုက်ခိုက်စဉ် ကတည်းက လောက်ကိုင်မြို့ကို တရုတ်ဘက်မှ လျှပ်စစ်မီးနှင့် အင်တာနက် ဖြတ်တောက်ထားကာ နယ်စပ်ဂိတ်များ ပိတ်ထားခဲ့သည်။

ယင်းနောက် လောက်ကိုင်မြို့ရှိ စာသင်ကျောင်းများ ပိတ်ထားပြီး လေကြောင်းရန် အထူးသတိပြုရန် ကိုးကန့် အုပ်ချုပ်ရေးအဖွဲ့က ကြေညာကာ ပြည်သူ့စစ်သင်တန်းပေးခဲ့ကြောင်း ဒေသခံများ အနေဖြင့် စားနပ်ရိက္ခာနှင့် စက်သုံးဆီများ ဝယ်ယူစုဆောင်းခဲ့သည်ဟု ဒေသခံများက ပြောဆိုထားသည်။

၁၀၂၇ စစ်ဆင်ရေး ပထမပိုင်း ကာလက ကိုးကန့်တပ် MNDAA သည် သျှမ်းမြောက်ရှိ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ ဖောင်းဆိုင်၊ မုန်းကိုး၊ ပန်ဆိုင်း၊ ကွမ်းလုံ နှင့် သိန္နီမြို့များကို သိမ်းပိုက်ခဲ့ပြီး ယခု လားရှိုးမြို့ကို အကြီးအကျယ် ထိုးစစ်ဆင်နေစဥ် လောက်ကိုင်မြို့ ဗုံးကြဲခံရခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

လောက်ကိုင် MNDAA ဖမ်းဆီးထားသည့် စစ်သုံ့ပန်း ၂၀၀ နီးပါးကို လားရှိုးတွင် ထပ်မံလွှတ်ပေး

0
သျှမ်းပြည် လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သုံ့ပန်း ၂၀၀ နီးပါးကို လားရှိုးမြို့၌ ပြန်လွှတ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၁၅ ရက်) နေ့လယ်ပိုင်းတွင် တိုက်ပွဲအတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်း (၂၀၀) နီးပါးကို သိန္နီဘက်မှ ကားဖြင့်တင်ဆောင်လာပြီး...

လောက်ကိုင်တွင် လူသတ်မှုကျူးလွန်သူ အမျိုးသား ၄ ဦးကို MNDAA သေဒဏ်စီရင်

0
ထိုင်း-မြန်မာနယ်စပ် လောက်ကိုင်မြို့တွင် လူသတ်မှုအပါအဝင် ရာဇဝတ်မှုများ ကျူးလွန်သည်ဟုဆိုကာ အမျိုးသား ၄ ဦးကို ကိုးကန့်တပ် (MNDAA) က ဇွန်လ ၁၃ ရက် နံနက်ပိုင်းတွင် သေဒဏ်စီရင်ခဲ့ကြောင်း MNDAA ၏ ထုတ်ပြန်ချက်အရ သိရသည်။ လောက်ကိုင်မြို့ တုံချိန်ရပ်ကွက်ရှိ အားကစားကွင်းတွင် ကျင်းပသည့် အဆိုပါတရားစီရင်ရေး...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...