CATEGORY

နိုင်ငံရေး

၈ လေးလုံးနေ့ စစ်ကောင်စီ လေကြောင်း ပစ်မည်ဆိုသည့် သတင်းကြောင့် သိန္နီပြည်သူထပ်မံရှောင်နေရ

၈ လေးလုံးနေ့ တွင် စစ်ကောင်စီ က လေကြောင်းဖြင့် တိုက်ခိုက်မည်ဆိုသည့် သတင်းကြောင့် သိန္နီမြို့နယ် အတွင်းနေထိုင်သည့် ပြည်သူများကို ကိုးကန့်တပ်ဖွဲ့ (MNDAA)က ရှောင်ခိုင်းထားကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီက တိုက်ပွဲ မဖြစ်ပွားသည့် နေရာများတွင်လည်း အကြောင်းမဲ့ လေကြောင်းတိုက်ခိုက် လုပ်ဆောင်ခဲ့ခြင်းကြောင့် ၈ လေးလုံးနေ့ မတိုင်မီ...

ပင်လုံ SSPP တပ်စခန်းနေရာကို စစ်ကောင်စီတပ် လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးကြဲ

သျှမ်းပြည် လွိုင်လင်မြို့နယ် ပင်လုံမြို့အနီး ဆနင်းတောင်ကြောရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းနေရာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၇ ရက်) ညနေ ၃ နာရီခွဲကျော်တွင် ပင်လုံမြို့အနီး ဆနင်းတောင်ကြောပေါ် နားစင်းရွာ...

“စစ်ကောင်စီ လေကြောင်းဗုံးကြဲ ရပ်တန့်ရေး တရုတ် က တားမြစ်နိုင်မှာလား”

သျှမ်းပြည်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ်တပ်များ ထိန်းချုပ်ထားသည့် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်မှ လေကြောင်းပစ်ခတ် တိုက်ခိုက်နေခြင်းအပေါ် တရုတ်နိုင်ငံမှ တားဆီးဟန့်တားပေးရန် ညီနောင်မဟာမိတ် ၃ ဖွဲ့က ယမန်နေ့ (ဩဂုတ်လ ၆ ရက်) တွင် တောင်းဆိုလိုက်သည်။ တိုင်းရင်းသား မိဘပြည်သူများကို သတ်ဖြတ်နေသော စစ်ကောင်စီတပ်၏ စစ်ရာဇဝတ် ကျူးလွန်နေမှုများကို...

ကွတ်ခိုင်မြို့ကို စစ်ကောင်စီ လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ထပ်မံကြဲ

သျှမ်းပြည်မြောက်ပိုင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့နယ်တွင် ယနေ့ (ဩဂုတ် ၇) ရက် ညနေပိုင်း ၂နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်မှ ပေါင် ၅၀၀ ဗုံး၂ လုံးထပ်မံလာကြဲသွားပြီး လူထိခိုက်မှုမရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (သြဂုတ် ၇)ရက် နေ့လည် ၂နာရီဝန်းကျင်တွင် စစ်ကောင်စီလေကြောင်းဖြင့် ပေါင် ၅၀၀ဗုံး ၂လုံးကို...

လေကြောင်းတိုက်ခိုက်မှုကြောင့် သိန္နီမြို့ တစ်လအတွင်း အရပ်သား ၁၃ ဦးသေဆုံး

သျှမ်းပြည် သိန္နီမြို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA မှထိန်းချုပ်လာပြီးနောက် စစ်ကောင်စီတပ်သည် မြို့ပေါ်သို့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် တစ်လအတွင်း အရပ်သား ၁၃ ဦးသေဆုံးသွားခဲ့သည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF က သြဂုတ် ၆ ရက်မှာ ထုတ်ပြန်ထားသည်။ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်းအဖြစ် MNDAA နှင့်...

အင်းလေးဒေသ ခရုပြဿနာဆိုးရွားနေ

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်း ခရုများ စပါးကို ဝင်ရောက်ဖျက်ဆီးမှုကြောင့် စပါးစိုက်ပျိုးသူများလျော့ကျလာ ကြောင်း စုံစမ်းသိရသည်။ ယခုနှစ်အတွင်းတွင် စပါးစိုက်ပျိုးသည့် အင်းလေးဒေသမှ လယ်သမားများအနေဖြင့် စပါးစတင်စိုက်ပျိုးသည့်အချိန်တွင် ခရုများလာသဖြင့် ယခင်နှစ်ထက် ပိုးသတ်ဆေးဖြန်းပေးနေရကြောင်း၊ခရုပြဿနာကြောင့် စပါးစိုက်ပျိုးသူများလည်း နည်းပါးလာကြောင်း အင်းလေးဒေသ စပါးစိုက်ပျိုးသူ တစ်ဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။ ‘’နှစ်တိုင်း စပါးမစိုက်ခင်နဲ့စိုက်ပျိုးပြီးအချိန်ထိ...

တောင်ကြီးမြို့ စက်သုံးဆီများ ထောက်ခံစာဖြင့် တန်းစီဝယ်ရ ခရီးသည်လိုင်းကားများပိုကြပ်တည်းလာ

သျှမ်းပြည် တောင်ကြီးမြို့အတွင်း ထောက်ခံစာဖြင့် စက်သုံးဆီများကို တန်းစီဝယ်ယူနေရမှုကြောင့် ခရီးသည်တင် လိုင်းကားပြေးဆွဲသူများအတွက် ယခင်ကထက်ပိုကြပ်တည်းလာကြောင်းစုံစမ်းသိရသည်။ ပြီးခဲ့သည့် (ဇူလိုင်လ ၃၁)ရက်မှစတင်ပြီး တောင်ကြီးမြို့တွင် စက်သုံးဆီရောင်းချနေသည့် ဆိုင်ကြီးများတွင် ထောက်ခံစာဖြင့် တန်းစီပြီး စက်သုံးဆီကို ဝယ်ယူနေရသကဲ့သို့ စက်သုံးဆီ စျေးနှုန်းများလည်း တရိပ်ရိပ် မြင့်တက်လာခဲ့သည်။ ထို့ကြောင့် စက်သုံးဆီများကို တန်းစီ၍ဝယ်ယူနေရပြီး အကန့်သတ်ဖြင့်ရောင်းချပေးနေသည့်အတွက်...

ဆီဆိုင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးကျော်သေဆုံး၊ ဒရုန်းနှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိ

သျှမ်းပြည် ဆီဆိုင်မြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးကျော်သေဆုံးပြီး ဒရုန်းတစ်စင်းနှင့် လက်နက်ခဲယမ်းအချို့ကို တော်လှန်ရေးတပ်ဖွဲ့များဘက်က သိမ်းဆည်းရမိကြောင်း သိရသည်။ ဆီဆိုင်မြို့၏ အရှေ့ဘက် ၆ မိုင်ခန့်သာဝေးကွာသည့် လွယ်ထွဲကျေးရွာအနီးတွင် စစ်ကောင်စီတပ်၊ ပြည်သူ့စစ် PNO နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA တို့ ယမန်နေ့(...

နောင်ချို စစ်အင်အားဖြည့်နေသည့် စစ်ကောင်စီတပ်နှင့် TNLA ပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲဖြစ်

သျှမ်းပြည် နောင်ချိုမြို့နယ်သို့ စစ်အင်အား ဖြည့်တင်းနေသည့် စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၆ ရက်) နံနက် ၁၁ နာရီကျော်မှ စတင်ပြီး နောင်ချိုမြို့ တောင်ဘက်ရှိ ရွှေမုဋ္ဌောနှင့် ရေဖြူရွာအနီးတွင်...

သီပေါမြို့နယ် စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲ ၂ ဦးသေ ၁ ဦးဒဏ်ရာရ

သျှမ်းပြည် သီပေါမြို့နယ်တွင် စစ်ကောင်စီမှ လေကြောင့်ဖြင့် ဗုံးကြဲချပြီး နှစ်ဦး သေဆုံးကာ၊ တစ်ဦး ဒဏ်ရာ ပြင်းထန်းခဲ့ကြောင်း သိရသည်။ ယမန်နေ့ (သြဂုတ်လ ၆ ရက်)တွင် ညနေ ၄ နာရီဝန်းကျင်တွင် သီပေါမြို့နယ် နောင်ကော်ကြီးကျေးရွာရှိ ရေလယ်ဘုရားကျောင်းကို စစ်ကောင်စီမှ လေကြောင်း ဗုံးကြဲချခဲ့ပြီး၊ ဦးဇင်းတစ်ပါး...

Latest news