SSPP ထံ စိန်ကျော့နှင့် မိုင်းခေးဌာနေပြည်သူ့စစ် လက်နက်အပြည့်အစုံဖြင့် ပြန်လည်ဝင်ရောက်လာ

ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ထံသို့ စိန်ကျော့ပြည်သူ့စစ် ဉက္ကဋ္ဌ စဝ်လွယ်မောဝ် ခေါင်းဆောင်သည့် တပ်အင်အား အများအပြားသည် လက်နက်အပြည့်အစုံဖြင့် ပြန်လည်ပူးပေါင်းခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (စက်တင်ဘာလ ၅ ရက်) နံနက်ပိုင်းတွင် SSPP ဌာနချုပ် ဝမ်ဟိုင်းသို့ စိန်ကျော့ပြည်သူ့စစ်အဖွဲ့မှ ဥက္ကဋ္ဌ စဝ်လွယ်မောဝ် ဦးဆောင်ပြီး စိန်ကျော့ဌာနေပြည်သူ့စစ်နှင့် ယခင် SSPP မိုင်းခေး တပ်မဟာ (၃) မှ တပ်သားအားလုံးသည် လက်နက်အပြည့်အစုံဖြင့် SSPP/SSA ထံ လာရောက်ပူးပေါင်းခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“ဒီမနက် စဝ်လွယ်မောဝ် ဦးဆောင်တဲ့ စိန်ကျော့ ဌာနချုပ်နဲ့ မိုင်းခေး တပ်မဟာ (၃) ကို ဝမ်ဟိုင်းဌာနချုပ်မှာ ဉက္ကဋ္ဌ စဝ်ပန်ဖ ကိုယ်တိုင် အခမ်းအနားနဲ့ ကြိုတာ။ စိန်ကျော့နဲ့ မိုင်းခေးအဖွဲ့က အင်အားအကုန်လုံး မိခင်အဖွဲ့အစည်းမှာ ပြန်လာပူးပေါင်းတာပေါ့”ဟု စစ်ရေးသတင်းရင်းမြစ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

SSPP ဝမ်ဟိုင်းဌာနချုပ်သို့ လာရောက်ပူးပေါင်းခဲ့သည့် စိန်ကျော့ဌာနေပြည်သူ့စစ်နှင့် မိုင်းခေး တပ်မဟာ (၃) မှ တပ်သားများကို SSPP/SSA ဉက္ကဋ္ဌ ဗိုလ်ချုပ်ကြီးပန်ဖကိုယ်တိုင် အိုးစည်ဗုံမောင်းဖြင့် ကြိုဆိုခဲ့ကြောင်း သိရသည်။

SSPP ထံ စိန်ကျော့နှင့် မိုင်းခေးဌာနေပြည်သူ့စစ် လက်နက်အပြည့်အစုံဖြင့် ပြန်လည်ဝင်ရောက်လာ

လွန်ခဲ့သည့် ၂၀၁၀ ပြည့်နှစ်ခန့်က စဝ်လွယ်မောဝ် ဦးဆောင်သည့် စိန်ကျော့အဖွဲ့နှင့် SSPP တပ်မဟာ (၃) ဖြစ်ခဲ့သည့် စဝ်လှမြင့် ဦးဆောင်သည့် မိုင်းခေးအဖွဲ့တို့သည် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းခဲ့ပြီး (၁၄) နှစ်အကြာတွင် မူရင်း SSPP/SSA တပ်ဖွဲ့ထံသို့ ပြန်လည်ပူးပေါင်းလာခြင်း ဖြစ်သည်။

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွင် ဖွဲ့စည်းပုံအားဖြင့် တပ်အင်အား (၃၀၈) ဦး ရှိခြင်းကြောင့် SSPP/SSA ထံသို့ လာရောက်ပူးပေါင်းခဲ့သည့် ဆင်ကျော့နဲ့ မိုင်းခေး တပ်မဟာ (၃) မှာ အင်အား (၆၀၀) ကျော် အနည်းဆုံး ရှိနိုင်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်းက သီပေါနှင့် မိုင်းရယ်မြို့နယ်အစပ် စိန်ကျော့ကျေးရွာအုပ်စုအတွင်း စိန်ကျော့ပြည်သူ့စစ်ဌာနချုပ်အနီးရှိ စစ်ကောင်စီတပ် ခလရ-၂၃ ကိုးကန့်တပ်ဖွဲ့ MNDAA မှ ဝင်ရောက်သိမ်းပိုက်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက်ဒေသ KIA ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ရောက်စဉ် MNDAA စစ်အင်အားဖြည့်

0
သျှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိလာသည့် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ဒေသခံ ပြည်သူလူထုအပြင် ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့များမှ ခေါင်းဆောင်များကိုလည်း တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ပထမပတ်အတွင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာနှင့် နမ့်ခမ်းမြို့သို့ ရောက်ရှိလာသည့် ကချင်လွတ်လပ်ရေးကောင်စီ KIC ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ကချင်လွတ်လပ်ရေးတပ်...

မိုင်းကိုင်- နမ့်လန်ကြား SSPP စစ်ဆေးရေးဂိတ်များ စစ်ကော်မရှင်တပ် ထပ်မံဆုတ်ခိုင်း

0
သျှမ်းပြည် တောင်ပိုင်း မိုင်းကိုင်မြို့ မှ သျှမ်းပြည် မြောက်ပိုင်း နမ့်လန်မြို့ကို သွားတဲ့ လမ်းမပေါ်ရှိသည့် SSPP/SSA စစ်ဆေးရေးဂိတ်များ ထပ်မံ ဖြုတ်သိမ်းဆုတ်ခွာရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မိုင်းကိုင် - နမ့်လန် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA စစ်ဆေးရေးဂိတ်ကို စစ်ကော်မရှင်တပ်...

တရုတ်ဖိအားကြောင့်လားရှိုး-မူဆယ် လမ်းမပေါ်ရှိ SSPP နှင့် KIA ဂိတ်များ ဖြုတ်သိမ်းဆုတ်ခွာရ

0
မြန်မာ - တရုတ်နယ်စပ် အဓိက ကုန်သွယ်ရေးလမ်းဖြစ်သည့် လားရှိုး - မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ SSPP/SSA နှင့် KIA တပ်တို့၏ စစ်ဆေးရေးဂိတ်များ တရုတ်ဖိအားကြောင့် ဖြုတ်သိမ်းဆုတ်ခွာရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ တတိယပတ်တွင် လားရှိုး - မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ဖမ်းဆီးခံရသည့် ရွာသားနှစ်ဦး ပြန်မလွှတ်သေး

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်ဖမ်းဆီးခဲ့သည့် ရွာသားများထဲမှ အချို့မှာ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ (၁၀) ရက်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)...

ကွဲအက်ရာကို ကျော်လွှားပြီး စုပေါင်းအားနဲ့ အာဏာရှင်ကို ရင်ဆိုင်နိုင်ဖို့

0
မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ တရားဝင်အခင်းအကျင်းရဖို့ ဟန်ပြရွေးကောက်ပွဲကျင်းပပြီး တရားဝင်လွှတ်တော်၊ တရားဝင်အစိုးရ၊ တရားဝင်သမ္မတ နေရာရဖို့ အာဏာသိမ်းစစ်တပ်က လုံးပမ်းနေချိန်မှာ သျှမ်းပြည်တိုင်း ရင်းသား လက်နက်ကိုင်အုပ်စုကြားမှာ ယှဉ်ပြိုင်မှုတွေ ပြည့်နှက်လာပြီး ပဋိပက္ခတွေဟာ နေ့စဉ်နဲ့အမျှ တိုးများလာနေပါတယ်။ TNLA နဲ့ KIA ၊ TNLA နဲ့ SSPP ၊...