Tuesday, April 23, 2024

CATEGORY

နိုင်ငံရေး

မိုင်းပွန်မြို့ အဝင်အထွက် ညဖြတ်သန်းခွင့်မပြု

သျှမ်းပြည် မိုင်းပွန်မြို့ ဂိတ်အဝင်အထွက်ကို စစ်ကောင်စီက ညအချိန်ဖြတ်သန်းခွင့် ပိတ်လိုက်ကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မိုင်းပွန်မြို့ ဂိတ်အဝင်အထွက်ကို စစ်ကောင်စီက မတ်လ ၁ရက်မှ စတင်ပြီး လမ်းများပြန်ဖွင့်ပေးသော်လည်း ည ၆ နာရီမှ မနက် ၆ နာရီထိ ကားကြီး၊ ကားငယ်များကို ဖြတ်သန်းသွားလာခွင့်မပြုကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက...

စစ်ပြေးဖမ်းရန် နယ်ကျွံခဲ့သည့် ‘ဝ’တပ်သားကို ကိုးကန့်တပ်သားများ ရိုက်နှက်၊ UWSA စာထုတ်တောင်းပန်ခိုင်း

သျှမ်းပြည် လောက်ကိုင်မြို့တွင် စစ်ပြေးဖမ်းဆီးရန် နယ်ကျွံသွားရောက်ခဲ့သော “ဝ”တပ်ဖွဲ့မှ တပ်ခွဲမှူးအဆင့်ရှိသူတစ်ဦးကို ကိုးကန့်တပ်သားများက ရိုက်နှက်ခြိမ်းခြောက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ၅ ရက်တွင် လောက်ကိုင်မြို့သို့ စစ်ပြေးလာသူများကို ဖမ်းဆီးရန်အတွက် “ဝ”တပ်ဖွဲ့ UWSA ၏ နမ့်တစ်ဒေသ တပ်ခွဲမှူးအဆင့်ရှိသူက သွားရောက်ခဲ့သည်။ မတ်လ ၆ရက်တွင် အဆိုပါ UWSA...

မိုးဗြဲမြို့ပေါ်သို့ တောမီးကူးစက်လာ နေအိမ် ၁၀၀ခန့် မီးလောင်ပြာကျ

သျှမ်းပြည် မိုးဗြဲမြို့ပေါ်သို့ တောမီးကူးစက် လောင်ကျွမ်းမှုကြောင့် ဘာသာရေးအဆောက်အဦးတစ်လုံးအပြင် နေအိမ် ၁၀၀ ခန့် မီးလောင်ခဲ့ကြောင်း စုံစမ်းသိရသည်။  သျှမ်းပြည် မိုးဗြဲမြို့၏ နောက်မြောက်ဖက်မှ တောမီးစတင်လောင်ကျွမ်းလာခြင်းကြောင့်မတ်လ ၁၀ ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် မိုးဗြဲမြို့ပေါ်ထိ ကူးစက်လောင်ကျွမ်းခဲ့သည်။ ထိုတောမီး ကူးစက်မှုကြောင့် မိုးဗြဲမြို့ စက်တော်ရာ၊ဒုန်းဒူထန်၊စည်ကား ၃၊ စည်ကား ၁၊ပွဲကုန်း ၃ စသည့် ရပ်ကွက်များရှိ နေအိမ် ၁၀၀ ခန့်မီးလောင်ပြာကျခဲ့ပြီး ဘာသာရေး အဆောက်အဦးတစ်လုံး လည်း မီးလောင်ခဲ့ကြောင်း အမှတ် (၁၀၀၁) တပ်ရင်း၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)မှ ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် မတ်၁၀ ရက်တွင်လည်း ဆောင်းပြောင်း-ဖယ်ခုံ လမ်းကို ခရီးသွားလာခြင်း မပြုလုပ်ရန် PDF/KNDF/URFမှ အရေးပေါ်  သတိပေးထုတ်ပြန်ခဲ့သည်။    ပင်လောင်းမြို့နယ် ဗန်းမောက် ၊နန်းဖာမူး၊ ဆောင်းပြောင်း အစရှိသော ကျေးရွာမျာတွင် စစ်ကောင်စီနှင့် PNOတို့ ပူးပေါင်းတပ်များ တပ်စွဲထားသဖြင့် အချိန်မရွေးတိုက်ပွဲ ဖြစ်ပွားလာနိုင်ကြောင်း၊ထိုကျေးရွာအတွင်းရှိ ပြည်သူများ၊စစ်ဘေးရှောင်အများ အချိန်မှီ ပြောင်းရွေ့ကြရန်  သတိပေးထုတ်ပြန်ခဲ့သည်။

ပင်လောင်းမြို့နယ်ရှိ ကျေးရွာအတွင်း စစ်ကောင်စီတပ်စွဲ၍ တိုက်ပွဲပြန်ဖြစ်

သျှမ်းပြည် ပင်လောင်းမြို့နယ်ရှိ ကျေးရွာများအတွင်းသို့ စစ်ကောင်စီနှင့်လက်အောက်ခံ ပြည်သူ့စစ် PNA အဖွဲ့တို့ အင်အားဖြည့်တင်းပြီးစာသင်ကျောင်းအတွင်း  လာရောက်တပ်စွဲနေပြီး၊ ဒေသအတွင်း လှုပ်ရှားနေသည့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ PDF များတို့နှင့် တိုက်ပွဲပြန်လည်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ ပင်လောင်းမြို့နယ် ဗန်းမောက်ကျေးရွာတွင် ပြီးခဲ့သည့် မတ်လ ၆ ရက်မှစတင်ကာ  စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ပြည်သူ့စစ် PNA တပ်ဖွဲ့တို့က အင်အားအများအပြားဖြည့်တင်းခဲ့ပြီး ကျေးရွာစာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းတွင် တပ်စွဲနေသည်။ ယင်းကဲ့သို့ စစ်ကောင်စီတပ်မှ အင်းအားဖြည့်တင်းလာသောကြောင့် ဒေသအတွင်း လှုပ်ရှားနေသည့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ PDF များနှင့်စစ်ရေးတင်းမာခဲ့ပြီး မတ်လ ၁၀ ရက်မှစ၍ ပင်လောင်းမြို့နယ် နမ်းဖာမူကျေးရွာတွင် နှစ်ဖက်တပ်ဖွဲ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ “အခုတိုက်ပွဲကြောင့် တချို့ကတွေ ပင်လောင်းမြို့ပေါ်မှာရှိတဲ့ မိတ်ဆွေ၊ ဆွေမျိုးတွေဆီ ပြေးကြတယ်။ တချို့ကျတော့လည်း ရွာတွေဘက်ကဘုန်းကြီးကျောင်းမှာခိုလှုံကြတယ်။ တိုက်ပွဲက ဒီထက်ဆိုးလာနိုင်တဲ့ အခြေအနေရှိတယ်” ဟု ပင်လောင်းမြို့နယ် ဒေသခံအမျိုးသားတစ်ဦးကပြောသည်။ အဆိုပါ တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ် နမ်းဖာမှု၊ ကုန်းပေါး၊ ဗန်းမောက်၊ နောင်ဝိုးနှင့် ကားရား စသည့်ကျေးရွာများမှ စစ်ဘေးရှောင်ဦးရေ ၃ထောင်ကျော် ထပ်မံထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ လက်ရှိ တိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့်မှ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် IPDFနှင့် ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် Pekhon PDF ထံသို့ Signal ဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားရှင်း မရှိသေးပေ။ ထို့အပြင် ပင်လောင်းမြို့နယ်အတွင်း တိုက်ပွဲပိုမိုပြင်းထန်းလာနိုင်သောကြောင့် ဒေသခံများအနေဖြင့် ရှေ့လျှောက် အိမ်ပြန်သို့ ထွက်သွားလာခြင်း၊ ခရီးသွားလာခြင်း မပြုကြရန် ပြည်သူ့စစ် PNO အဖွဲ့က အသိပေးထားကြောင်း ပင်လောင်းမြို့ဒေသခံ အသက် ၃၀ ကျော်အမျိုးသားတစ်ဦးက ပြောသည်။ “အခုပင်လောင်းမြို့မှာရှိတဲ့ စာသင်ကျောင်းတွေမှာ စားမေးပွဲတွေဖြေပြီးသွားရင် ပြည်သူတွေအနေနဲ့ အိမ်ကနေ အပြင်မထွက်ကြဖို့၊ ခရီးသွားလာတာတွေ၊ တောင်ကြီးသွားတာတွေ မပြုလုပ်ကြဖို့ PNO ဘက်ကပြောလာတယ်။ အခုကတိုက်ပွဲက ပြန်ပြီးပြင်းထန်လာနိုင်တဲ့ အခြေအနေရှိလားတော့ မသိဘူး” ဟု ၎င်းကပြောသည်။ ပြီးခဲ့သည့် ၂၀၂၃ မတ်လတွင်လည်း ပင်လောင်းမြို့နယ် နိမ့်နိန်းကျေးရွာ၌ စစ်ကောင်စီတပ်နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးရွာနှင့် နေအိမ်များ မီးလောင်ပျက်စီးခြင်း၊ ဒေသခံများ အစုလိုက်အပြုံလိုက်သတ်ခြင်း စသည့်ဖြင့် အဖြစ်အပျက်များကြုံတွေ့ခဲ့ရသဖြင့် ဒေသခံများက စိုးရိမ်နေကြသည်။ “တိုက်ပွဲဖြစ်လာရင်တော့ အဓိကစားဖို့သောက်ဖို့ ခက်ခဲလာမှာ အသေအချာပဲ။ အခုလည်း ကုန်ပစ္စည်းတွေ ကလည်း ဈေးတက်တော့ ဝယ်ဖို့ကလည်းခက်တယ်။ အခုပိုဆိုးတာက ဂိတ်တွေမှာ ဆန်၊ ဆီ၊ ဆား၊ ဆေးဝါးတွေ ပေးမသယ်တော့ဘူး” ဟု အထက်ပါ အသက်၃၀ ကျော်အမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။ အလားတူ ဖယ်ခုံ- ပင်လောင်းနယ်စပ်အနီး စစ်ကောင်စီတပ်များ စစ်ရေးလှုပ်ရှားများ ပြုလုပ်လာနေသောကြောင့် ဒေသခံများ အနေဖြင့် ဘီလူးချောင်းအတွင်း ညဘက်စက်လှေများ သွားလာခြင်းနှင့် ညအချိန်ငါးရှားခြင်း မပြုလုပ် ကြရန်လည်း အင်းလေးပြည်သူ့ကာကွယ်ရေး IPDF ကမတ်လ ၈ ရက်မှာ ပူးတွဲစာ ထုတ်ပြန်ခဲ့သည်။

လားရှိုးမြို့ပေါ် ညအပြင်ထွက်သူများကို စစ်ကောင်စီက သေနတ်ပစ် ခြိမ်ခြောက်

သျှမ်းပြည် လားရှိုးမြို့ပေါ်တွင် စစ်ကောင်စီက ညနေ (၆)နာရီကျော် နေအိမ်အပြင်ထွက်သူများကို သေနတ်ပစ် ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် လားရှိုးမြို့ပေါ်တွင် ယခုရက်တစ်ပတ်အတွင်း၌ စစ်ကောင်စီက ည ၆ နာရီမှစတင်ပြီး နေအိမ်အပြင် မထွက်ရန် လော်စပီကာဖြင့် လိုက် ကြေညာခဲ့သည်။ ထို့နောက် ညအချိန်အပြင်ထွက်သူများကို စစ်ကောင်စီ၏ တပ်သားမျာက...

နမ္မတူ ဗုံးခိုကျင်းမြေပြိုပိ အမျိုးသမီး ၁ ဦး သေဆုံး

သျှမ်းပြည် နမ္မတူမြို့တွင် ဗုံးခိုကျင်း တူးနေစဉ် မြေပြို၍ မြေကြီးပိမိပြီး အမျိုးသမီး ၁ ဦး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ မတ်လ ၉ ရက်တွင် နမ္မတူမြို့နယ် သတလရပ်ကွက်၌ တိုက်ပွဲစိုးရိမ်မှုကြောင့် နေအိမ်အနီး ဗုံးခိုကျင်း တူးနေစဉ် ဝင်ရောက်ကြည့်ရှုခဲ့သည့် အမျိုးသမီး အပါအဝင် လူ ၂...

ဆီဆိုင်နှင့် ဟိုပုံးမြို့နယ်တွင် စစ်ကောင်စီမှ မီးလောင်ဗုံးသုံး၊ နေအိမ်အများအပြား မီးလောင်

ဆီဆိုင်နှင့် ဟိုပုံးမြို့နယ်တွင် တိုက်ပွဲများဆက်လက်ပြင်ထန်နေပြီး စစ်ကောင်စီ၏ လက်နက်ကြီး ဒရုန်းတိုက်ခိုက်မှုကြောင် ပြည်သူနေအိမ် ၁၆ လုံးထက်မနည်းပျက်စီးခဲ့ကြောင်း သိရသည်။ ဆီဆိုင်မြို့နယ်တွင် ယမန်နေ့ (မတ်လ ၁၀ရက်)မနက် ၇ နာရီမှ ၅ နာရီထိ စစ်ကောင်စီစစ်နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တို့ တိုက်ပွားများပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ လက်နက်ကြီး...

မူဆယ် PDF အယောင်ဆောင်အဖွဲ့က ငွေညှစ်တောင်းခံသူထံ လက်ပစ်ဗုံး ပို့ပြီး အသက်အန္တရာယ် ခြိမ်းခြောက်

မူဆယ်မြို့ တောင်ရပ်ကွက်ရှိ တရုတ်-မြန်မာ ငွေလဲလုပ်ငန်း လုပ်ကိုင်သည့် နေအိမ်သို့ မူဆယ် PDF အယောင်ဆောင်အဖွဲ့ MSPDF က နှစ်ရက်ဆက်တိုက် လက်ပစ်ဗုံး လာရောက်ပစ်ချပြီး Viber မှတဆင့် ငွေညှစ်တောင်းခံစာနှင့် မိသားစုဝင်များကိုလည်း အသက်အန္တရာယ် ခြိမ်းခြောက်ခဲ့ကြောင်း မူဆယ်ဒေသခံများက ပြောသည်။ သျှမ်းပြည် မူဆယ်မြို့တွင်...

PNO/ PNA အဖွဲ့ ပုံးအင်းဒေသ၌ ဆက်ကြေးတိုးကောက်နေ

သျှမ်းတောင် ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း စစ်ကောင်စီနှင့်အတူ ပူးပေါင်းပါဝင်တိုက်ခိုက်နေသည့် ပအိုဝ်းပြည်သူ့စစ် PNO/PNA အဖွဲ့က ပုံးအင်းဒေသရှိ ဒေသခံများထံ  ဆက်ကြေး တိုးကောက်လာနေကြောင်း စုံစမ်းသိရသည်။  ဆီဆိုင်မြို့နယ် ဆိုင်လဲကျေးရွာအုပ်စုအတွင်း နေထိုင်သည့် (ရွာပေါင်း ၃၅ ရွာ) ဒေသခံများအနေဖြင့် မဖြစ်မနေ ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့ထံသို့ အခွန်ဆောင်ရန် မတ်လ ၉ ရက်နေ့၌...

ဖယ်ခုံ တိုက်ပွဲ စစ်ဦးစီးတက္ကသိုလ် နည်းပြ ဒုတိယဗိုလ်မှူးကြီးအောင်ကိုဝင်း သေဆုံး

သျှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲ အတွင်း စစ်ဦးစီး တက္ကသိုလ် နည်းပြ ဒုတိယဗိုလ်မှူးကြီးအောင်ကိုဝင်း မတ်လ ၈ ရက်နေ့က ဒရုန်းဗုံး ထိမှန်ပြီးနောက် မတ်လ ၉ ရက်နေ့တွင် သေဆုံးသွားသည်ဟု စစ်ရေးသတင်းရင်းမြစ်က ယနေ့ (မတ်လ ၁၁ ရက်နေ့)...

Latest news