ဘော်ဆိုင်းတွင် သတ္တုတွင်း တူးဖော်ရန် မြေဝယ်ယူသူ များလာ

သျှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ် ဘော်ဆိုင်းကျေးရွာတွင် သတ္တုတူးဖော်ရန် မြေဝယ်ယူသူ များလာသောကြောင့် မြေဈေးများ မြင့်တက်လာကြောင်း သတင်းရရှိသည်။

ဘော်ဆိုင်းဒေသအတွင်းသို့ သတ္တုတူးဖော်ရန် အတွက် တရုတ်ကုမ္ပဏီနှင့် အနယ်နယ် အရပ်ရပ်မှ ရောက်လာသည့် တပိုင်တနိုင်တူးဖော်မည့်သူများ က မြေဝယ်ယူသဖြင့် မြေစျေးများမြင့်တက်လာကြောင်း ဘော်ဆိုင်း ဒေသခံများက ပြောသည်။

“အရင်ကထက် ပိုပြီး မြေဝယ်တဲ့သူ များလာတယ်၊ မြေဈေးက အရင်က တစ်ဧကို ကျပ် (၈၅) သိန်းဆိုရင် အခုတော့ သိန်း (၂၀၀)နီးပါးအထိ ဈေးတက်လာတယ်၊ ဘော်ထွက်တဲ့ နေရာဆို ပိုပြီး ဈေးကြီးတယ်၊ အများအားဖြင့် တရုတ်ကုမ္ပဏီက နှစ်အလိုက် စာချုပ်ချုပ်ထားတဲ့ ဘော်တွင်းတွေ များတယ်၊ ဒေသခံတွေက တပိုင်တပိုင် တူးကြတာလည်း ရှိတယ်။”ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ မြေများသည် ဒေသခံများ၏ စိုက်ပျိုးမြေများဖြစ်ကြပြီး သနပ်ဖက်စိုက်ခင်းနှင့် တခြားသော နှစ်ရှည်သီးနှံများ စိုက်ပျိုးကြသော်လည်း ယခုအချိန်တွင် သတ္တု တူးဖော်ရန် အသုံးပြုနေကြသည်ဟု ၎င်းအမျိုးသားက ဆက်ပြောသည်။

ဆက်လက်ပြီး ဘော်ဆိုင်းဒေသတွင် အွန်လိုင်းစလော့ဂိမ်းများကြောင့် မြေရောင်းသူ များလာပြီး အချို့သော မြေကွက်များမှာ အွန်လိုင်းလောင်းကစားပြုလုပ်ရာမှ ပေါင်နှံထား၍ ပြန်မရွေးနိုင်သည့် မြေကွက်များ ကို ဈေးပေါပေါနှင့် ရောင်းသူများလည်း ရှိကြောင်း သိရသည်။

ဘော်ဆိုင်းဒေသတွင် သဘာဝသစ်တောများ ပြုန်းတီး၍ ယခင်နှစ်များထက် ပို၍ ပူလာပြီး သောက်သုံးရေများ ရေရှည်ရနိုင်ရန်ပင် စိုးရိမ်လာရကြောင်း ဒေသခံများက ပြောသည်။

“အရင် (၂၀၂၀)ခုနှစ်တုန်းကဆို ဘော်ဆိုင်းလမ်းက သစ်တောတွေနဲ့ အရမ်းလှတာ ပူလည်း မပူဘူး၊ ဒီအာဏာသိမ်းပြီးနောက်ပိုင်း ဘော်ဆိုင်းအဝင်လမ်းမှာ မိုးကာတဲသေးသေးလေးတွေ အများကြီးတွေ့လာရတယ် သတ္တုတူးတဲ့ သူတွေများလာတာ၊ သစ်ပင်ဆိုလည်း သိပ်မရှိတော့ဘူး၊ ဒီတိုင်း ဆက်သွားရင် ရေခမ်းပြီး ရေရှည်မှာ ဒုက္ခရောက်နိုင်တယ်။”ဟု သဘာဝ ပတ်ဝန်းကျင်‌ ထိန်းရေး လုပ်ဆောင်သူ လူငယ် အမျိုးသမီးတစ်ဦးက ပြောသည်။

သစ်ပင်သစ်တောများကို ထိန်းသိမ်း၍ သတ္တုတူးဖော်မှုကို လျော့ချရန်နှင့် ယခင်က စိုက်ပျိုးခဲ့သော သစ်နှံများဖြင့် အသက်မွေးဝမ်းကျောင်း ပြု၍ ထိန်းသိမ်းကြရန် အကြံပြုထားသည်။

ယခုလက်ရှိ ဘော်ဆိုင်း‌ဒေသတွင် တရုတ်လူမျိုးများ သွားလာဝင်ထွက်မှု များလာပြီး စစ်ကော်မရှင်တပ်၊ ၎င်း၏လက်အောက်ခံ ရဲများက အကြပ်ကိုင် ငွေတောင်းမှုများ ရှိလာကြောင်း သိရသည်။

ကလောမြို့နယ် ဘော်ဆိုင်းကျေးရွာအုပ်စုတွင် တရားမဝင် လာရောက်နေထိုင်ပြီး သတ္တုတူးဖော်နေသည့် တရုတ်နိုင်ငံသား အများအပြား ရှိနေကာ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မေလတွင်လည်း ဘော်ဆိုင်းကျေးရွာတွင် တရားမဝင် နေထိုင်နေသည့် တရုတ်နိုင်ငံသား (၂)ဦးကို ဖမ်းဆီး၍ ပြည်နှင်ဒဏ်ပေးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ထို့အပြင် ဘော်ဆိုင်းကျေးရွာတွင် ရေရှားပါးမှုများ နှစ်စဉ်ဖြစ်ပေါ်နေပြီး အများစုမှာ သတ္တုတူးဖော်မှု နောက်ဆက်တွဲအနေဖြင့် ရေရှားပါးခြင်းနှင့် အပူချိန်ပိုမြင့်လာခြင်းများ ဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရဲ၊စစ်သား ခွင့်ပြုချက်ဖြင့်ဘော်ဆိုင်းအုပ်ချုပ်ရေးမှူး၏ သနပ်ဖက်ဂိုဒေါင်ထဲ လောင်းကစားဖွင့်နေ

0
သျှမ်းပြည်နယ်တောင်ပိုင်း၊ကလောမြို့နယ်၊ဘော်ဆိုင်းကျေးရွာ၊ကံသာအုပ်စုတွင် ရဲ၊စစ်သား ခွင့်ပြုချက်ဖြင့်ဘော်ဆိုင်းအုပ်ချုပ်ရေးမှူး၏သနပ်ဖက်ဂိုဒေါင်တွင်လောင်းကစားဝိုင်းဖွင့်လှစ်နေကြောင်း သတင်းရရှိသည်။ ဇူလိူင်လနောက်ဆုံးပတ်တွင် စတင်ဖွင့်လှစ်ခြင်းဖြစ်ပြီး လေးကောင်ဂျင် လောင်ကစားဝိုင်းအမျိုးအစားဖွင့်ကာ ယင်းလောင်းကစားဝိုင်းကြောင့် ဒေသခံများ ပျက်စီးနေကြောင်း ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။ "လောင်းကစားကြောင့်ဘဝပျက်သူတွေ အများကြီး သားမယားတွေနဲ့ပါ ကွဲကြတာ၊ မိသားစုတွေ မျက်ရည်မျက်ခွက် ဒုက္ခပေါင်းစုံခံနေရတာ။ ဘော်ဆိုင်းအုပ်ချုပ်ရေးမှူး ဦးအောင်သန်း ရဲကင်းမှူးဒုရဲအုပ်(အမည်မသိ)ရပ်ကျေးစာရေးဇေယျာကျော်ဝင်းတို့ ပူးပေါင်း...