ဘော်ဆိုင်း
ရဲ၊စစ်သား ခွင့်ပြုချက်ဖြင့်ဘော်ဆိုင်းအုပ်ချုပ်ရေးမှူး၏ သနပ်ဖက်ဂိုဒေါင်ထဲ လောင်းကစားဖွင့်နေ
SHAN -
သျှမ်းပြည်နယ်တောင်ပိုင်း၊ကလောမြို့နယ်၊ဘော်ဆိုင်းကျေးရွာ၊ကံသာအုပ်စုတွင် ရဲ၊စစ်သား ခွင့်ပြုချက်ဖြင့်ဘော်ဆိုင်းအုပ်ချုပ်ရေးမှူး၏သနပ်ဖက်ဂိုဒေါင်တွင်လောင်းကစားဝိုင်းဖွင့်လှစ်နေကြောင်း သတင်းရရှိသည်။ ဇူလိူင်လနောက်ဆုံးပတ်တွင် စတင်ဖွင့်လှစ်ခြင်းဖြစ်ပြီး လေးကောင်ဂျင် လောင်ကစားဝိုင်းအမျိုးအစားဖွင့်ကာ ယင်းလောင်းကစားဝိုင်းကြောင့် ဒေသခံများ ပျက်စီးနေကြောင်း ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။ "လောင်းကစားကြောင့်ဘဝပျက်သူတွေ အများကြီး သားမယားတွေနဲ့ပါ ကွဲကြတာ၊ မိသားစုတွေ မျက်ရည်မျက်ခွက် ဒုက္ခပေါင်းစုံခံနေရတာ။ ဘော်ဆိုင်းအုပ်ချုပ်ရေးမှူး ဦးအောင်သန်း ရဲကင်းမှူးဒုရဲအုပ်(အမည်မသိ)ရပ်ကျေးစာရေးဇေယျာကျော်ဝင်းတို့ ပူးပေါင်း...





