ရဲ၊စစ်သား ခွင့်ပြုချက်ဖြင့်ဘော်ဆိုင်းအုပ်ချုပ်ရေးမှူး၏ သနပ်ဖက်ဂိုဒေါင်ထဲ လောင်းကစားဖွင့်နေ

သျှမ်းပြည်နယ်တောင်ပိုင်း၊ကလောမြို့နယ်၊ဘော်ဆိုင်းကျေးရွာ၊ကံသာအုပ်စုတွင် ရဲ၊စစ်သား ခွင့်ပြုချက်ဖြင့်ဘော်ဆိုင်းအုပ်ချုပ်ရေးမှူး၏သနပ်ဖက်ဂိုဒေါင်တွင်လောင်းကစားဝိုင်းဖွင့်လှစ်နေကြောင်း သတင်းရရှိသည်။

ဇူလိူင်လနောက်ဆုံးပတ်တွင် စတင်ဖွင့်လှစ်ခြင်းဖြစ်ပြီး လေးကောင်ဂျင် လောင်ကစားဝိုင်းအမျိုးအစားဖွင့်ကာ ယင်းလောင်းကစားဝိုင်းကြောင့် ဒေသခံများ ပျက်စီးနေကြောင်း ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

“လောင်းကစားကြောင့်ဘဝပျက်သူတွေ အများကြီး သားမယားတွေနဲ့ပါ ကွဲကြတာ၊ မိသားစုတွေ မျက်ရည်မျက်ခွက် ဒုက္ခပေါင်းစုံခံနေရတာ။ ဘော်ဆိုင်းအုပ်ချုပ်ရေးမှူး ဦးအောင်သန်း ရဲကင်းမှူးဒုရဲအုပ်(အမည်မသိ)ရပ်ကျေးစာရေးဇေယျာကျော်ဝင်းတို့ ပူးပေါင်း ပြီးဖွင့်နေတာ”ဟု ၎င်းက ဆက်ပြောသည်။

ထို့အပြင်ဘော်ဆိုင်းဒေသ အုပ်ချုပ်ရေးမှုများ လူကြီးပိုင်းများက စစ်ရှောင်များကို နေအိမ်ငှားရမ်းခွင့်မပြုကြောင်း သိရသည်။

နောက်ဒေသခံတစ်ဦးက “စစ်ရှောင်တွေကိုကြ နေအိမ်ငှားရမ်းခွင့်တောင်ပိတ်ပင်ထားကြပြီး လောင်းကစားဝိုင်းကြ ပြုလုပ်နေတာ အင်မတန်ရှက်စရာပါပဲ။ ဘော်ဆိုင်းမှာ စစ်ရှောင်တွေကို အိမ်မငှားရဘူး။ ငှားရင်အိမ်ရှင်တွေကိုယ်တိုင်တာဝန်ယူရမယ်။ တခုခု ဖြစ်ရင် အိမ်ရှင် က ပြစ်ဒဏ် နှစ်ဆခံရမယ်လို့ ခြိမ်းခြောက်ထားတယ်” ဟု အထက်ပါ ပုဂ္ဂိုလ် က ပြောသည်။

ဘော်ဆိုင်းမြို့သည် အေးချမ်းသောမြို့ဖြစ်ပြီး စစ်ကောင်စီအာဏာသိမ်းပြီးနောက်တွင် နိုင်ငံရေးအခြေအနေ အပြောင်းအလဲများကြောင့် လောင်းကစားဝိုင်းများ ပေါလာသဖြင့် သူခိုးများလည်း ပေါများလာကြောင်း ဒေသခံများကပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဘော်ဆိုင်းတွင် သတ္တုတွင်း တူးဖော်ရန် မြေဝယ်ယူသူ များလာ

0
သျှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ် ဘော်ဆိုင်းကျေးရွာတွင် သတ္တုတူးဖော်ရန် မြေဝယ်ယူသူ များလာသောကြောင့် မြေဈေးများ မြင့်တက်လာကြောင်း သတင်းရရှိသည်။ ဘော်ဆိုင်းဒေသအတွင်းသို့ သတ္တုတူးဖော်ရန် အတွက် တရုတ်ကုမ္ပဏီနှင့် အနယ်နယ် အရပ်ရပ်မှ ရောက်လာသည့် တပိုင်တနိုင်တူးဖော်မည့်သူများ က မြေဝယ်ယူသဖြင့် မြေစျေးများမြင့်တက်လာကြောင်း ဘော်ဆိုင်း ဒေသခံများက ပြောသည်။ “အရင်ကထက် ပိုပြီး မြေဝယ်တဲ့သူ...

မိုးနဲမြို့နယ် စေတီထီးတင်ပွဲ၌ လောင်းကစားဝိုင်းများ ထည့်သွင်းကျင်းပ

0
သျှမ်းပြည် တောင်ပိုင်း မိုးနဲမြို့နယ် စေတီ ထီးတင်ပွဲကို အကြောင်းပြပြီး လောင်းကစားဝိုင်း ဖွင့်လှစ်ကျင်းပနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၁၄ ရက်)တွင် မိုးနဲမြို့နယ် ကန်တုံ (ကင်တုံ) ကျေးရွာ ကန်တုံကျေးရွာတွင် မြို့နယ်အုပ်ချုပ်ရေးဌာနနှင့် မိုင်းနဲမြို့ခံများ ပူးပေါင်းကာ စေတီထီးတင်ပွဲကို ၄ ရက် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...