Saturday, April 20, 2024

CATEGORY

နိုင်ငံရေး

သီပေါ နမ့်လန်ဒေသရှိ စစ်ရှောင်(၅၀၀)ကျော် သောက်ရေနှင့် စားနပ်ရိက္ခာ ခက်ခဲနေ

သျှမ်းမြောက် သီပေါမြို့နယ် နမ့်လန်ဒေသတွင် ပြီးခဲ့သည့် သြဂုတ်လ (၁၁)ရက်နေ့က သျှမ်းတပ် (၂)တပ် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်(၅၀၀)ကျော် သောက်ရေနှင့် စားနပ်ရိက္ခာ ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA)နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA)တို့ သီပေါမြို့နယ် နမ့်လန်ဒေသ ဝမ်ကောင်းနှင့်...

ကျောက်မဲက မျှစ်သွားချိုးသည့် သားအဖ မိုင်းထိဒဏ်ရာရ

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် ပြီးခဲ့သည့် သြဂုတ်လ (၁၅)ရက် မနက် (၁၀)နာရီဝန်းကျင်တွင် မျှစ်သွားချိုးသည့် သားအဖ (၂)ဦး မိုင်းထိကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ကျောက်မဲမြို့မှ (၁၂)မိုင်ခန့် ကွာဝေးသည့် နမ့်မန်းကျေးရွာအနီးတွင် မျှစ်သွားချိုးတာဖြစ်ပြီး သားအဖ(၂)ဦးလုံး ဒဏ်ရာရရှိခဲ့တာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “မျှစ် သွားချိုးရင်းနဲ့ မိုင်းကို သွားထိမိတာ၊...

ကျောက်မဲမြို့နယ် တိုင်းရင်းသားအချင်းချင်း တိုက်ပွဲဖြစ် အရပ်သားတစ်ဦး ဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပန်ဖြတ်ကျေးရွာ နှင့် ပန်ကွမ်ကျေးရွာဟောင်း မှာ RCSS/SSA နှင့် မြောက်ပိုင်း မဟာမိတ်တို့သည် ယနေ့ (သြဂုတ် ၁၇)ရက် မနက် (၅)နာရီမှ စတင်ကာ လက်ရှိချိန်ထိ တိုက်ပွဲဖြစ်ပွားနေကြောင်း အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း စုံစမ်းသိရှိရသည်။ “ခုချိန်ထိ ရွာထဲမှာ ပစ်နေတုန်းပဲ။ အာစီ...

ကျောက်မဲ စစ်ရှောင် (၄၀၀)ကျော် အကူအညီ လိုအပ်နေ

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း ထပ်မံရောက်ရှိလာသည့် စစ်ဘေးရှောင် (၄၀၀)ကျော်အတွက် အကူအညီ လိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။ ယခုသြဂုတ်လ (၁၁)ရက်နေ့မှ စပြီး ကျောက်မဲမြို့နယ် ပန်ကွမ်၊ ပန်ဖြတ်ကျေးရွာအနီးတွင် လက်နက်ကိုင်တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားမှု ပြန်လည်ပြင်းထန်လာသည့်အတွက် ဒေသခံပြည်သူများ ကျောက်မဲမြို့ပေါ်နှင့် နီးစပ်ရာကျေးရွာတို့တွင် ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီ လိုအပ်နေကြောင်း သိရသည်။ “တိုက်ပွဲတွေက...

နမ့်စန် စကစ တပ် SSSG – PDF မှ တိုက်ခိုက်သည့်သတင်း ဌာနေ ပြည်သူ့စစ် မသိရှိ

နမ့်စန်မြို့ စစ်ကောင်စီတပ်ကို သျှမ်းတောင် SSSG – PDF မှဝင်ရောက်တိုက်ခိုက်သည့် သတင်း နှင့် ပက်သက်ပြီး နမ့်စန် အခြေစိုက် ပြည်သူ့စစ်များနှင့် ပြည်သူများက သိရှိခြင်း မရှိကြောင်း ၊ သေနတ်သံများလည်း မကြားရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ( သြဂုတ် ၁၅) ရက်တွင်...

မိုင်းငေါ့စစ်ရှောင်စခန်းအနီး လက်နက်ကြီးကျ၊ စစ်ရှောင်နေရာပြောင်းရန် ပြင်ဆင်နေ

သျှမ်းမြောက် ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့ရှိ စစ်ရှောင်စခန်းအနီးတွင် သြဂုတ်လ (၁၄)ရက်နေ့၊ မွန်းလွဲ (၃)နာရီခန့်က လက်နက်ကြီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့သဖြင့် စစ်ရှောင်များ နေရာထပ်မံပြောင်းရန် ပြင်ဆင်နေကြောင်း စုံစမ်းသိရသည်။ မိုင်းငေါ့မြို့ မန်ပင့်ကျေးရွာ စာသင်ကျောင်းတွင် စစ်ရှောင်စခန်းဖွင့်လှစ်ထားတာဖြစ်ပြီး လက်နက်ကြီးကျ ရောက်ပေါက်ကွဲမှုကြောင့် စစ်ရှောင်များ နေရာပြောင်းရွှေ့ရန် ပြင်ဆင်နေကြောင်း ဒေသခံထံမှ...

မိုင်းကိုင်ရောက် စစ်ရှောင် (၆၄)ဦး အစားအသောက်နှင့် ဆေးဝါးလိုအပ်

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စုတွင် စစ်ရှောင် (၆၄) ဦး အစားအသောက် နှင့် ဆေးဝါးများ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ သြဂုတ် (၁၁) ရက်နေ့က သီပေါမြို့နယ် နမ့်လန်ဒေသအနီးရှိ သျှမ်းတပ် (၂) တပ် တိုက်ပွဲကြောင့် မွေးကင်းစ ရက်သားကလေးအပါအဝင် ဒေသခံ (၃၀၀) ကျော်...

တောင်ကြီး လူငယ် (၂)ဦး စစ်ကောင်စီ ရိုက်နှက် ဖမ်းဆီးသွား

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်း Mytel ရုံးအနီးတွင် စစ်ကောင်စီက ဆိုင်ကယ်စီးလာသည့် လူငယ် နှစ်ဦးကို ရိုက်နက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ သြဂုတ် (၁၃) ရက် မနက် (၉) နာရီခန့်တွင် ဆာကူရာသံဆိုင်ရှေ့တွင် အိမ်စီးကားဖြင့် ရပ်ထားသည့် စစ်ကား၊ ရဲကား (၅)...

တရုတ်နယ်စပ်မျဉ်း ပန်ဆိုင်းမြို့ အနီးရောက် စစ်ရှောင် မိုးကာနှင့် ဆေးဝါးလိုအပ်နေ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် ပန်ဆိုင်းမြို့အနီး တရုတ်နယ်စပ်မျဉ်းပေါ်တွင် ရောက်ရှိနေသည့် စစ်ရှောင် (၂၀၀) ကျော်အတွက် မိုးကာ နှင့် ဆေးဝါးများ အရေးပေါ် လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ သြဂုတ် (၂)ရက် တွင် စစ်ကောင်စီတပ် နှင့် ကိုးကန့်တပ်( MNDAA)တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ အရပ်သားနေထိုင်သည့်ကျေးရွာထဲ လက်နက်ကြီး...

ကျောက်မဲ စစ်ရှောင် (၁၀၀)ခန့် အရေးပေါ် စားနပ်ရိက္ခာလိုအပ်နေ

သျှမ်းမြောက် ကျောက်မဲမြို့နယ် အတွင်း တိုင်းရင်းသားလက်နက်ကိုင်ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ (၁၀၀)ခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အရေးပေါ် စားနပ်ရိက္ခာလိုအပ်နေကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့နယ် ပန်ကွမ်ကျေးရွာအုပ်စု ပန်ကွမ်နှင့် ပန်ဖြတ်ကျေးရွာတွင် သြဂုတ် ၁၀ ရက် တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွှတ်မြောက်ရေးတပ်မတော်...

Latest news