CATEGORY

နိုင်ငံရေး

WFP က စစ်ကောင်စီထံမှတစ်ဆင့် ရေဘေးဒဏ်ခံစားရသူများကို စားနပ်ရိက္ခာများ ထောက်ပံ့မယ်ဆိုတဲ့ သတင်းအမှား

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Programme-WFP) က စစ်ကောင်စီထံမှတစ်ဆင့် မြန်မာနိုင်ငံရဲ့ ရေဘေးဒဏ်ခံစားရသော လူပေါင်း ၅ သိန်းအတွက် စားနပ်ရိက္ခာထောက်ပံ့မယ်ဆိုပြီး သတင်းတစ်ပုဒ် ဖြန့်ချိနေပါတယ်။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ် KO Thet ချန်နယ်ကနေ စက်တင်ဘာလ ၂၀ ရက်နေ့မှာ ဖြန့်ချိခဲ့တာဖြစ်ပြီး“နစကအစိုးရမှတစ်ဆင့် မြန်မာနိုင်ငံ၏ ရေဘေးဒဏ်ခံစားနေရသော...

နွားစာ မြက်သွားရိတ်သည့် မိုင်းနောင်ဒေသခံ (၃)ဦး မိုင်းနင်းမိပြီး တစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာပြင်းထန်

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် မိုင်းနောင်မြို့အနီး ဝမ်စိမ်းကျေးရွာတွင် နွားစာအတွက် ထော်လာဂျီဖြင့် မြက်သွားရိတ်သည့် အရပ်သား (၃) ဦး မိုင်းနင်းမိရာ တစ်ဦး ပွဲချင်းပြီး သေဆုံးပြီး၊ နှစ်ဦးဒဏ်ရာ ပြင်းထန်ကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၂၁) ရက် နံနက် (၇) နာရီကျော်တွင် ကျေးသီးမြို့နယ် မိုင်းနောင်မြို့အနီး...

သီပေါမြို့ စစ်ကောင်စီလေကြောင်းဗုံးကြဲ အရပ်သား ၅ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သည့် သီပေါမြို့နယ်အတွင်း စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်သဖြင့် အရပ်သား ၅ဦးသေဆုံးပြီး၊ ၃ဦး ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။  စစ်ကောင်စီသည် ယမန်နေ့ ( စက်တင်ဘာ ၂၃)ရက် နံနက်ပိုင်းတွင် သီပေါမြို့ ဘုရားကုန်း ရပ်ကွက်သို့ စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့်...

မဲနယ်တောင်ဒေသတွင် ပြည်သူတစ်ဦးကို PNO စစ်သားတစ်ဦးမှ သေနတ်ဖြင့်ပစ်ခတ်

သျှမ်းပြည်နယ်တောင်းပိုင်း၊ ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ လုံးဟီး(စံဖူး)ကျေးရွာရှိ ပြည်သူတစ်ဦးကို ပအိုဝ်းပြည်သူ့စစ် (PNO) စစ်သားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၂၃)ရက် နံနက် ၃နာရီအချိန်တွင် PNOတပ်ဖွဲ့ဝင် ဘထူးဆိုသူသည် တစ်ရွာတည်းနေထိုင်သည့် ဦးညိုအား တလျနွိုးရွာကို လိုက်ခဲ့ရန် သေနတ်ဖြင့် ခြိမ်းခြောက်ခေါ်ဆောင်၍ တောထဲတစ်နေရာ၌...

လားရှိုးမြို့ပေါ် စစ်ကောင်စီ ထပ်မံလေကြောင်းဗုံးကြဲ အရပ်သား ၁၀ ဦးထက်မနည်းဒဏ်ရာရ၊ ၁ ဦးသေဆုံး

သျှမ်းပြည်မြောက်ပိုင်း ကိုးကန့်တပ်ဖွဲ့ (  MNDAA )ထိန်းချုပ်ထားသည့် လားရှိုးမြို့အတွင်းသို့  စစ်ကောင်စီမှ ပေါင် (၅၀၀) ဗုံး ၄ လုံးထပ်မံကြဲရပြီး အရပ်သား ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိ၊ ၁ ဦး သေဆုံးမှုကြောင်း စုံစမ်းသိရသည်။

ရေကြီး၊မြေပြိုမှုများကြောင့် ရွာငံ ဆန်ပြတ်လပ်မှု စတင်ကြုံနေရ

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်ရှိကျေးရွာအများစုတွင် ရေကြီး၊မြေပြိုမှုများကြောင့် ဆန်ပြတ်လပ်မှု စတင်ရင်ဆိုင်နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ လယ်ပိုင်းမှစပြီး သျှမ်းပြည်နယ်တောင်ပိုင်း နှင့် မြန်မာနိုင်ငံနေရာအချို့တွင် မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု၊မြေပြိုမှုဆက်တိုက်ဖြစ်ပွားပြီး လမ်းများပျက်စီးကာ ကုန်သွယ်စီးဆင်မှု ပြတ်တောက်မှု ရှိလာသည်။ ထိုသို့ ကုန်သွယ်စီးဆင်းမှု ပြတ်တောက်လာသဖြင့် ရွာငံမြို့နယ်အတွင်း အဓိကစားသုံးကုန်ဖြစ်သည့် ဆန်များ...

နောင်ချိုမြို့ပေါ် စစ်ကောင်စီလေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲ၊ အရပ်သားထိခိုက်မှုရှိ

သျှမ်းပြည် နောင်ချိုမြို့ပေါ်သို့ စစ်ကောင်စီမှ လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်သဖြင့် အရပ်သား ထိခိုက်ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာ (၁၉)ရက် မှ စတင်ပြီး နောင်ချိုမြို့ပေါ် လူနေရပ်ကွက်နှင့် မြို့မစျေး၊ စာသင်ကျောင်းအနီးသို့ စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် အရပ်သား(၄)ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)...

စစ်ကောင်စီရဲ့ ကြေညာချက်တွေကို ဂရုမစိုက်တာကြောင့် ရေဘေးခံစားရလို့ လိမ်လည်ဝါဒဖြန့်

မြန်မာနိုင်ငံတဝှမ်း ရေဘေးခံစားကြရတဲ့ နေရာတွေမှာ တော်လှန်ရေးထောက်ခံသူတွေ နေထိုင်ကြတဲ့ အရပ်ဒေသအများစုဖြစ်ပြီး သာသနာ၊ ဘာသာကို စော်ကားကြတာ၊ စစ်ကောင်စီရဲ့ ကြေငြာချက်တွေကို ဂရုမစိုက်တာတွေကြောင့် အခုလိုရေးဘေးခံစားနေတယ်ဆိုပြီး သတင်းအမှားဖြန့်ချိနေပါတယ်။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ် မှိုင်းဝေချန်နယ်ကနေ စက်တင်ဘာလ ၁၅ ရက်နေ့မှာ ဖြန့်ချိခဲ့တာဖြစ်ပြီး “ဂျင်းသတင်းတွေ တင်နေတဲ့ Khit Thit...

ပင်လောင်းမြို့နယ် တိုက်ပွဲမရှိ စစ်ကောင်စီ တဖက်သတ်ပစ်ခတ်နေ၊ အရပ်သားတစ်ဦးဒဏ်ရာရ

သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ် အတွင်း တိုက်ပွဲ ဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီ လက်နက်ကြီး တဖက်သတ် ပစ်ခတ်မှုကြောင့် ဗန်းမောက်ကျေးရွာ ဒေသခံ တစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။ စစ်ကောင်စီသည် စက်တင်ဘာ ၁၇ရက်တွင် ပင်လောင်းမြို့နယ် ဗန်းမောက်ကျေးရွာအတွင်းသို့ တဖက်သတ်ပစ်ခတ်ပြီးနောက် အသက် ၃၀ အရွယ်ရှိ...

မိုးကုတ်၊ မိုးမိတ်ရှိ TNLA မြို့အုပ်ချုပ်ရေးအဖွဲ့မှ အခွန်စကောက်၊ ရွှေလုပ်ကွက်များ တစ်နှစ်စာ ရွှေ(၁၀)ပိဿာ တောင်းခံဟုဆို

သျှမ်း-မန္တလေးနယ်စပ် မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့တွင် TNLA မှ ဖွဲ့စည်းပေးထားသည့် မြို့အုပ်ချုပ်ရေးအဖွဲ့များမှ အခွန် စတင်ကောက်ခံနေပြီး ရွှေမျှောလုပ်ကွက်များကို တစ်နှစ်စာအတွက် ရွှေ(၁၀)ပိဿာ တောင်းခံနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၄) ရက်တွင် မိုးကုတ်မြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က...

Latest news