သဘာဝဘေးကြုံရပြီးနောက် ကပ်ဆိုးကြီးကျော်လွှားနိုင်ရန် ဟိုပုံး ထမ်းစမ်းဂူပွဲတော် ပြန်လည်ကျင်းပခဲ့

သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် ထမ်းစမ်းဂူတွင် ပြန်လည်ထူထောင်ရေးကာလ၌ အခက်အခဲကြားမှ ပွဲတော်ပြန်လည်ကျင်းပခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (အောက်တိုဘာ ၃၁ ရက်)တွင် ဟိုပုံးမြို့နယ် ထမ်းစမ်းကျေးရွာရှိ ထမ်းစမ်းဂူ ဘုရားပွဲတော်ကို ပြန်လည်ကျင်းပပြုလုပ်ခဲ့ပြီး မဲနယ်တောင်ကြောမှ ရေဘေးသင့် ကျေးရွာများ အပါအဝင် ရွာပေါင်း (၈၀) ကျော်မှ ဒေသခံများ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

သဘာဝဘေးနှင့် စစ်ဘေးကြုံရသူများက အဆိုပါ ထမ်းစမ်းဂူ မီးထွန်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသည်ထက် ဒေသပြန်လည်ထူထောင်ရေးကို ပိုပြီး အာရုံစိုက်သင့်ကြောင်း၊ ဒုက္ခရင်ဆိုင်နေရသည့်ကြား ပွဲတော်ကျင်းပသည်မှာ အဆင်မပြေမှုများစွာ ရှိကြောင်း ပအိုဝ်းလူငယ် တစ်ဦးက ပြောသည်။

“ကိုးကွယ် ယုံကြည်မှု တစ်ခုလို့ပဲ မြင်တယ်ပေါ့လေ။ ဒါပေမယ့် ကိုယ်တွေက ဒီလို ရေဘေးဖြစ်လိုက်၊ စစ်ဘေးဖြစ်လိုက်နဲ့ သောကမျိုးစုံ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အချိန်မှာ မိသားစုနဲ့ ဒေသ ပြန်လည်ထူထောင်ရေးက ပိုအရေးကြီးတယ်။ တစ်ဘက်မှာလည်း ဒီလောက် ဒုက္ခရောက်ကြတာ ပွဲကျင်းပနိုင်ကြပါလား ဆိုတဲ့ မေးခွန်းတွေလည်း ဖြစ်လာမယ်”ဟု အဆိုပါ ဒေသခံ ပအိုဝ်းလူငယ်တစ်ဦးက ပြောဆိုသည်။

၎င်းပွဲတော်ကို ထမ်းစမ်းဂူအဖွဲ့ဝင် ဆရာတော်များနှင့် ထမ်းစမ်းဂူ ဂေါပက အဖွဲ့များ ဦးဆောင်ကျင်းပခဲ့ပြီး ကပ်ဆိုးများကို ကျော်လွှားနိုင်ရန် ရည်ရွယ်ချက်ဖြင့် မီးထွန်းပွဲတော်ကျင်းပခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

“ပွဲတော်ကတော့ ဒီတန်ကွတ်တန် မီးပုံးက ကပ်ဆိုးကြီးတွေကို ကျော်လွှားနိုင်ခြင်းလို့ ဆိုလိုတယ်။ ဒါကြောင့် ကပ်ဆိုးတွေကို ကျော်လွှားနိုင်အောင် စုပေါင်းပြီး ပွဲတော်ပြုလုပ်တာပါ။ လူစည်တာတော့ တွေ့တယ်”ဟု ပွဲတော်သွားရောက်ခဲ့သူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထမ်းစမ်းဂူပွဲတော်အတွင်း နယ်မြေလုံခြုံရေးကို ပအိုဝ်းပြည်သူ့စစ်(PNO) မှ လုံခြုံရေး ယူပေးခဲ့ကြောင်း သိရသည်။

ယခုလက်ရှိ ဟိုပုံးမြို့နယ်တွင် သဘာဝဘေးကြောင့် ပျက်စီးသွားခဲ့ရသည့် နေအိမ်များ၊ လမ်းများနှင့် စိုက်ခင်းများကို ပြန်လည်ပြုပြင်ရန် အကူအညီများစွာ လိုအပ်နေသေးကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...

ဖယ်ခုံမြို့နယ် ပြည်သူပိုင်ပစ္စည်းများ စစ်ကော်မရှင်တပ် သယ်ယူနေ

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ရွာအတွင်းဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများကို ကားများဖြင့် သယ်ယူနေကြောင်း သတင်းရရှိသည်။ ယခု ဇွန်လ တတိယပတ် အတွင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့ဝင်များက ရွာအတွင်း ဝင်ရောက်ပြီး ပြည်သူပိုင်...

အင်းလေးဒေသကို နယ်မြေတိုးချဲ့ရန် အစီအစဉ်မရှိကြောင်း PNO ပြော

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသကို ၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ထည့်သွင်းရန်နှင့် နယ်မြေတိုးချဲ့ရန် အစီအစဉ် လုံးဝမရှိကြောင်း ပအိုဝ်းပြည်သူ့စစ် (PNO) ဇွန်လ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အင်းလေးဒေသအား ပအိုဝ်းကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း သွတ်သွင်းမည့် ထိပ်တန်းလျှို့ဝှက် ညွှန်ကြားချက်စာတစ်စောင် လူမှုကွန်ရက်တွင် ပျံ့နှံ့နေမှုအပေါ် PNO ဗဟိုဌာနချုပ်ရုံးက ထုတ်ပြန်လိုက်ခြင်း...

ဟိုပုံးမြို့နယ်ရှိ နေအိမ်များ ဖျက်သိမ်းရန် သက်ဆိုင်ရာတာဝန်ရှိသူများက အိမ်ပိုင်ရှင်ထံ ပိုက်ဆံကောက်

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာမှ နေအိမ်များကို ဖျက်သိမ်းရန် စစ်ကော်မရှင်နှင့် ပအိုဝ်းပြည်သူ့စစ် PNOတပ်က အိမ်ပိုင်ရှင်များကို တစ်အိမ်လျှင် ငွေကျပ် ငါးသိန်းစီ ထပ်မံကောက်ခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ ပအိုဝ်းပြည်သူ့စစ် ( PNO)...