တန်ဆောင်တိုင်ပွဲ‌တော် ငှားရမ်းမည့်ဆိုင်ခန်းများ ကျပ်သိန်း ၂၀ ဝန်းကျင် ထိပေါက်ဈေးရှိ

သျှမ်းပြည် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲ‌တော်အတွက် ငှားရမ်းမည့်ဆိုင်ခန်းများသည် မြန်မာငွေ ကျပ် သိန်း ၂၀ ဝန်းကျင် ထိ ရှိနေကြောင်း သတင်းရရှိသည်။

နိုင်ငံရေးအခြေနေရှုပ်ထွေးနေ့သည့်ကြားမှ တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ကို စစ်ကောင်စီက လာမည့် နိုဝင်ဘာလ ၉ ရက်မှ ၁၅ ရက်နေ့အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုအဝေရာ မီးပုံးပျံကွင်းတွင် တန်ဆောင်တိုင်ပွဲတော်အတွက် ဆိုင်ခန်းများ ဆောက်လုပ်နေကြပြီး ငှားရမ်းမည့် ဆိုင်းခန်းများသည် မြန်မာငွေကျပ် ၄ သိန်းစ၍ သိန်း ၂၀ ဝန်းကျင် အထိ ပေါက်ဈေးရှိနေကြောင်း အသက် ၂၅ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဆိုင်ခန်းတွေက နေရာတွေပေါ်မူတည်ပြီးတော့ ဈေးတွေက ကွဲကြတယ်။ အပြင်နည်းနည်း ဝေးတဲ့ နေရာတွေ ဆိုရင် ဆိုင်ခန်း ၁ ခန်းကို ၄ – ၆ သိန်းထိရှိတယ်။ ပွဲနဲ့နီးလေ ဈေးပိုတက်လေ။ မုဒ်ဦးအဝင်နားတစ်ဝိုက်ဆို ၁၀ သိန်း။ အထဲမှာဆို ၁၄သိန်းကနေ သိန်း ၂၀ ဝန်းကျင် ထိရှိတယ်။အဲ့ဈေးနှုန်းတွေကတော့ ၁ ပတ်စာပေါ့။”ဟု ၎င်းက ပြောသည်။

တောင်ကြီး တန်ဆောင်တိုင်

လက်ရှိကာလသည် အခြေခံစားသောက်ကုန်စျေးမြင့်တက်နေပြီး ငွေကြေးခက်ခဲနေသည့်ကြား ညမီးကြီး တစ်လုံးကို သိန်း ၁၂၀ ဝန်းကျင်ကုန်ကျမည်ဖြစ်ပြီး စိန်နပန်းမီးပုံးပျံ တစ်လုံးလျှင် သိန်း ၄၀ ကျော်ကုန်ကျကြောင်း မီးပုံးပျံပြုလုပ်သူ နှင့် နီးစပ်သူတစ်ဦး ထပ်မံလောင်းပြောသည်။

“ဒီနှစ်ကတော့ ပစ္စည်းတွေကလည်း ဈေးကြီးတယ်။ညမီးကြီး တစ်လုံးကို သိန်း ၁၂၀ ဝန်းကျင်လောက်ကျတယ် အဲ့ဒါက ဟိုအရင်ချိန်ဆို မီးပုံးပျံအကြီးရတယ်။ ယမ်းတွေကလည်း ဒီနှစ်က ၂၅ ပိဿထိ။ စိန်နပန်းမီးပုံးပျံ ကလည်း တစ်လုံးကို သိန်း ၄၀ လောာက်ရှိမယ်။”ဟု ၎င်းကပြောသည်။

တန်ဆောင်တိုင်ပွဲကို တောင်ကြီးမြို့ ရပ်ကွက်ပေါင်းစုံနှင့် အေးသာယာ၊ ဟိုပုံး ဘက်ရှိ ဒေသခံများလည်း ပူးပေါင်း ပါဝင်မည်ဖြစ်ပြီး ရိုးရာမပျက် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဟု သျှမ်းပြည်နယ် တောင်ပိုင်း ရိုးရာမီးပုံးပျံ ပညာရှင်များအသင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုလက်ရှိတောင်ကြီးမြို့သည် ကရင်နီနှင့် သျှမ်းမြောက်ဘက် စစ်ဘေးရှောင်များအပြင် သျှမ်းတောင်အတွင်း တိုက်ပွဲ ဖြစ်ပွားသည့် ဒေသများမှလည်း လာရောက် တိမ်းရှောင်နေကြသည့် ဒေသဖြစ်သည်။

တန်ဆောင်တိုင်ပွဲတော်အတွင်း ဟိုတယ်အခန်းများ လူပြည့်နေသည့်အပြင် အခန်းခများလည်း ဈေးမြင့်တက် နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးတွင် အချင်းချင်း စကားများရန် ဖြစ်ရာမှ ဓားဖြင့် ထိုးသတ် အမျိုးသားတစ်ဦး သေဆုံး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ စိန်ပန်းရပ်ကွက်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး အချင်းချင်းစကားများ ရန်ဖြစ်ရာမှ ဓားဖြင့်ထိုးသတ်မှုဖြစ်ပြီး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင်လ (၉)ရက်နေ့တွင် စိန်ပန်းရပ်ကွက် နှင်းဆီလမ်းထိပ် အရက်ဆိုင်တွင် သက်လတ်ပိုင်းအရွယ် ကိုထွန်းထွန်းနိုင်နှင့် ကိုထက်ပိုင်မှူး တို့ စကားများရန်ဖြစ်ကြပြီး ဓားဖြင့်ထိုးမှုကြောင့် ကိုထက်ပိုင်မှူး...

တောင်ကြီးတွင် Kpay ပြေစာအတုပြပြီး ငွေလိမ်လည်ထုတ်ယူမှုရှိနေ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် Kpay ပြေစာအတုပြပြီး ‌ငွေလိမ်လည်ထုတ်ယူသူ များလာသဖြင့် ဈေးဆိုင်အချို့ အခက်တွေ့နေရကြောင်း သိရသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၇ရက်တွင် တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်မှ ဈေးဆိုင်တွင် လူရှုပ်နေချိန်ကို အခွင့်ကောင်းယူကာ ငွေသွင်းပြေစာအတုများကို ဆိုင်ရှင်အားပြ၍ ငွေကျပ် သိန်း(၃၀) ထုတ်ယူသွားခဲ့ကြောင်းကိုယ်တိုင်ကြုံတွေ့ရသည့် ကုန်စုံဆိုင်ပိုင်ရှင်တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထိုသို့...

တောင်ကြီးတွင် အီးစီးကရက် မှောင်ခိုရောင်းဝယ်မှု ကြီးထွားနေဆဲ ၊ ဈေးနှုန်းနှစ်ဆမြင့်တက်

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် အီးစီးကရက် (E- cigarette) နှင့် ပတ်သက်ပြီး အာဏာပိုင်များက ဖမ်းဆီးအရေးယူမှုများ ဆက်တိုက်ပြုလုပ်နေသော်လည်း မှောင်ခိုရောင်းဝယ်မှုများ ဆက်လက်ရှိနေပြီး ဈေးနှုန်းများလည်း ယခင်ထက် နှစ်ဆနီးပါး မြင့်တက်လာကြောင်း ဒေသခံများထံမှ သိရသည်။ တောင်ကြီးမြို့တွင် အီးစီးကရက် ရောင်းချသူများနှင့် သုံးစွဲသူများကိုပါ ဖမ်းဆီးအရေးယူမှုများ ရှိနေခြင်းကြောင့်...

မိန်းကလေးငယ်ကို ကျပ်တစ်သိန်းဖြင့် လူကုန်ကူးခဲ့သည့် ပွဲစားများ

0
“အဓိက အလုပ်ရှာရင်းနဲ့ ရောင်းစားခံရတာပေါ့ကွာ။ သူတို့ကို အလုပ်ရှာပေးမယ်၊ လစာကောင်းကောင်းပေးမယ် ပြောပြီး ရောင်းစားလိုက်တာ”ဟု တောင်ကြီးမြို့ အုပ်ချုပ်ရေးမှူးတစ်ဉီးက ပြောသည်။ ပြီးခဲ့သည့် ဇွန် ၁၃ရက် တွင် တောင်ကြီးမြို့နေ အသက် (၁၆)နှစ် အရွယ်နှင့် အသက် (၁၇)နှစ်အရွယ် မိန်းကလေး နှစ်ဉီးသည် အလုပ်ရှာဖွေရန် ရွှေညောင်မြို့သို့...

သျှမ်းတောင်မှာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်၊ စိုက်ခင်းများပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ၊ဟိုပုံးမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် တောင်လေးလုံးကျေးရွာဘက်တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး နေအိမ်များနှင့် စိုက်ခင်းများ ပျက်စီးသွားကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ (၄)ရက် မှစပြီး ဇွန်လ (၈)ရက်အထိ  သျှမ်းပြည် တောင်ပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းနေပြီး တောင်ကြီးမြို့ပေါ်မှ စီးဆင်းလာသည့် ရေများကြောင့် အေးသာယာနှင့် ညောင်ရွှေဘက်တွင်...