နယ်စပ်ဂိတ်များ စစ်ကောင်စီ အပြည့်အဝ စီမံခန့်ခွဲခွင့်ရရေး ဆောင်ရွက်မည်ဟု တရုတ် ဝန်ကြီးချုပ် ပြောဆို

တရုတ်-မြန်မာနယ်စပ် ဂိတ်များ စစ်ကောင်စီ အပြည့်အဝ စီမံခန့်ခွဲခွင့်ရရေး ဆောင်ရွက်မည်ဟု တရုတ်ဝန်ကြီးချုပ် Mr. Li Qiang က စစ်ခေါင်းဆောင် မင်းအောင်လှိုင် နှင့် ယမန်နေ့ (နိုဝင်ဘာ ၆ ရက်) က တွေ့ဆုံစဥ် ပြောဆိုလိုက်သည်။

တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိင်ငံ၏ အချုပ်အခြာ အာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို ထပ်လောင်း အသိအမှတ်ပြုကြောင်း တရုတ်နိုင်ငံ အတွင်း အခြေပြု၍ မြန်မာနိုင်ငံ အကျိုး ပျက်စီးအောင် ဆောင်ရွက်မှုများကို လက်ခံမည် မဟုတ်ကြောင်း၊ နှစ်နိုင်ငံ နယ်စပ်ဂိတ်များသည် အစိုးရ၏ စီမံခန့်ခွဲမှုအောက်တွင် ရှိရမည်ဖြစ်ပြီး အပြည့်အဝ စီမံခန့်ခွဲနိုင်ရေး အတွက် ဆက်လက် ဆောင်ရွက်သွာမည်ဖြစ်ကြောင်း တရုတ် ဝန်ကြီးချုပ်က ဆိုသည်။

ထို့အပြင် နိုင်ငံတကာ စာမျက်နှာတွင် တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံကို ကူညီပေးမည်ဟု ၎င်းက ကတိပြုသည်။

စစ်ခေါင်းဆောင် တရုတ်ခရီးစဉ်

လက်ရှိ ညီနောင်မဟာမိတ်တပ်များ ဝိုင်းထားသည့် မူဆယ် နယ်စပ်ဂိတ်ကိုသာ စစ်ကောင်စီ ထိမ်းချုပ်ထားနိုင်ပြီး ကျန်နယ်စပ်ဂိတ်များကို တိုင်းရင်းသား တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည်။

ယင်းတွေ့ဆုံ ဆွေးနွေးပွဲတွင် စစ်တပ်အနေဖြင့် ၂၀၁၈ ခုနှစ်ကတည်းက အပစ်အခတ်ရပ်စဲရေး ကြေညာခဲ့ပြီး လက်နက်ကိုင်အဖွဲ့များ တိုက်ခိုက်မှသာ တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်း၊ MNDAA ၊ AA နှင့် TNLA တို့က ၂၀၂၂ ခုနှစ်၊ ဧပြီလ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ကို ငြင်းပယ်ပြီး MNDAA က ၎င်းတို့၏ အထူးဒေသ (၁) ပြန်လည် အသက်သွင်းနိုင်ရေး သျှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်တပ်စခန်းများနှင့် ချင်းရွှေဟော်မြို့ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် အင်အားသုံးစတင်တိုက်ခိုက်ခဲ့ကြောင်း၊ တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုဖြင့် ငြိမ်းချမ်းရေး သဘောတူညီချက်ရရှိခဲ့သော်လည်း ၎င်းတို့ကသဘောတူညီချက်ကို ချိုးဖောက်ကာ မြို့ရွာများကို ဆက်လက် တိုက်ပွဲဖော်ဆောင်ခဲ့ကြောင်း မင်းအောင်လှိုင်က ဆိုသည်။

စစ်ခေါင်းဆောင် တရုတ်ခရီးစဉ်

ယင်း ၃ ဖွဲ့ အနေဖြင့် ငြိမ်းချမ်းရေးကို လိုလားကြောင်း ရှင်းလင်းပြတ်သားသည့် လုပ်ဆောင်ချက် ပြသမှသာ ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသ လက်နက်ကိုင်များကို အထောက်အပံ့ဖြစ်စေသည့် တရားမဝင်လုပ်ငန်းများ၊ တရားမဝင် ကုန်သွယ်မှုများကို တိုက်ဖျက်ရှင်းလင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

တရုတ်ဝန်ကြီးချုပ်ကလည်းမြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ကူညီမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေး အရေးကြီးပြီး တရုတ်နိုင်ငံတွင်း အခြေပြု၍ မြန်မာနိုင်ငံ၏ အကျိုးကို ပျက်စီးအောင် ဆောင်ရွက်နေမှုများကို လက်သင့်ခံမည်မဟုတ်ကြောင်း ၊ တရုတ်-မြန်မာစင်္ကြန်တည်ဆောက်ရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောဆိုသည်။

ယင်းတွေ့ဆုံပွဲတွင် စစ်တပ်က သျှမ်းမြောက် အပါအဝင် နိုင်ငံအနှံ့ ပြည်သူများကို ပစ်မှတ်ထားဗုံးကြဲမှုနှင့် ပြည်သူများကို နေ့စဉ် ဖမ်းဆီး သတ်ဖြတ် နေအိမ်များ မီးရှို့ ဖျက်ဆီးမှု အပါအဝင် စစ်တပ် ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများနှင့်ပတ်သက်ပြီး တရုတ် ဝန်ကြီးချုပ်က တစုံတရာ သတိပေး ပြောဆိုခြင်းမရှိပေ။

ယင်းသို့တွေ့ဆုံပြီးနောက် နိုင်ငံရေးနှင့် စီးပွားေရးအရအရေးမပါသည့် တရုတ်- မြန်မာ နားလည်မှုစာချွန်လွှာနှင့်သဘောတူညီ (၇)ခုကို လက်မှတ်ရေးထိုးခဲ့သည်။

မင်းအောင်လှိုင် တရုတ် ရောက်ရှိပြီးနောက် မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်မြို့ရှိ ဂျယ်ကောင်ဂိတ်မှ ကုန်ပစ္စည်းများကို တရုတ်ဘက်က အတင်းအကြပ်ကန့်သတ်လိုက်သည်ဟု မူဆယ်မြို့ကုန်သည်တစ်ဦးက ပြောသည်။

“၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်းအတွင်း ညီနောင်မဟာမိတ်သုံးဖွဲ့မှ ထိန်းချုပ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဂိတ်ရှိ ကျင့်စန်းကျော့၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကြူကုတ် (ပန်ဆိုင်း)၊ ရန်လုံကျိုင်းနှင့် နမ့်ခမ်းမြို့ရှိ ကုန်သွယ်ရေးဂိတ်တို့ကို ဇူလိုင်လမှစတင်၍ တရုတ်ဘက်မှ ပိတ်ထားရာက ယခု ပိုမိုတင်းကျပ် လိုက်ခြင်း ဖြစ်သည်သည်။

ထို့အတူ KIA ထိန်းချုပ်မှုအောက်ရှိ လိုင်ဇာ၊ လွယ်ဂျယ်၊ ပါဝန်နှင့် ဖီမော်မြို့နယ် နယ်စပ်ဂိတ်အားလုံးကို အောက်တိုဘာလအတွင်းက တရုတ်ဘက်မှ ပိတ်ထားသည်။

ထို့အပြင် မြန်မာ-တရုတ်နယ်စပ် “ဝ” တပ်ဖွဲ့ UWSA နှင့် မိုင်းလားတပ်ဖွဲ့ NDAA တို့ ထိန်းချုပ်ထားသည့် နယ်စပ်ဂိတ်များတွင် တရုတ်နိုင်ငံဘက်မှ စားနပ်ရိက္ခာနှင့် စက်သုံးဆီများကို သယ်ဆောင်ခွင့်မပြုဘဲ ပန်ဆန်းနှင့် မိုင်းလားနယ်စပ်ဂိတ်ကြီးများကိုပါ အောက်တိုဘာလ နောက်ဆုံးပတ်မှစတင်၍ တရုတ်ဘက်မှ ပိတ်ထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တရုတ်အရိပ်အောက်က အာဏာသိမ်းသမ္မတ၏ အနာဂတ်

0
အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယခရီးစဉ်အပြီး သီတင်းပတ် နှစ်ပတ်ခန့်အကြာတွင် တရုတ်နိုင်ငံသို့ ထပမဆုံးအကြိမ် သမ္မတအဖြစ် သွားရောက်ခဲ့ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့သည်။   ဦးမင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်ဘဝမှ ယခုအချိန်အထိ တရုတ်နိုင်ငံသို့ (၁၃) ကြိမ်တိုင် သွားရောက်ခဲ့ဖူးသော်လည်း ယခုတစ်ကြိမ်သည် အရပ်သားအစိုးရအသွင်ဖြင့် သမ္မတ ရာထူးရယူပြီးနောက် ပထမဆုံးခရီးစဉ် ဖြစ်သည်။  အဆိုပါခရီးစဉ်အတွင်း...

ချင်းရွှေဟော်နယ်စပ်တွင် ဂိတ်သစ် တိုးချဲ့နေ

0
ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားသည့် ချင်းရွှေဟော်မြို့တွင် တရုတ်-မြန်မာ နယ်စပ်ဂိတ်ဟောင်းကို ပြန်လည်ပြုပြင်ချဲ့ထွင်နေပြီး ဂိတ်သစ်တစ်ခုကိုလည်း မကြာမီဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဂိတ်ဟောင်းကို ကုန်တင်ကားကြီးများ အဆင်ပြေစွာ သွားလာနိုင်ရန် ကွင်းပြင်ပုံစံ တိုးချဲ့နေပြီး ခြံစည်းရိုးအသစ်များကိုလည်း ပြန်လည်တည်ဆောက်နေကြောင်း “ဝ”ဒေသတွင်း မီဒီယာတစ်ခုဖြစ်သော Wa News Land...

နိုင်ငံတကာအသိအမှတ်ပြုမှုအတွက် ဦးမင်းအောင်လှိုင် တရုတ်ခရီးစဉ်စတင်

0
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ (၅) ရက်ကြာ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးအဖြစ် ယနေ့ (ဇွန်လ ၁၅ ရက်) တွင် တရုတ်နိုင်ငံသို့ စတင်ထွက်ခွာပြီ ဖြစ်ကြောင်း သိရသည်။  ယခုခရီးစဉ်သည် ဦးမင်းအောင်လှိုင် သမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်း ဒေသတွင်း အင်အားကြီးနိုင်ငံများထံမှ သံတမန်ရေးရာ...

“တရုတ်မယားအဖြစ် ရောင်းစားခံရမှုက မြန်မာနိုင်ငံ တစ်နိုင်ငံလုံးကို ခြိမ်းခြောက်လာနေပြီ”

0
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်နောက်ပိုင်း လူကုန်ကူးမှုပုံစံသည် နယ်စပ်ဂိတ်များ ပိတ်သွားခြင်းကြောင့် တရားမဝင် ခိုးပေါက်များနှင့် ဆိုရှယ်မီဒီယာမှတစ်ဆင့် လှည့်ဖြားသည့် နည်းလမ်းများ ပြောင်းလဲလာသည်။  အထူးသဖြင့် အသက် ၁၈ နှစ်မှ ၄၀ နှစ်ကြား အမျိုးသမီးများသည် တရုတ်မယားအဖြစ်နှင့် ကလေးမွေးရန် ကုန်စည်သဖွယ် ထပ်ခါတလဲလဲ ရောင်းစားခံနေရသည့်အပြင် ပြည်တွင်းရှိ...