မူဆယ်တွင် တရုတ်ဘက်က စက်သုံးဆီကန့်သတ်ခြင်းကြောင့် ဆီပြတ်၊ ဆီဆိုင်အချို့ တန်းစီဝယ်ယူနေရ

မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်မြို့တွင် တရုတ်ဘက်မှ စက်သုံးဆီတင်သွင်းခွင့် ကန့်သတ်လိုက်ခြင်းကြောင့် စက်သုံးဆီပြတ်လပ်ကာ ဓာတ်ဆီဆိုင်အချို့တွင် ဆီဝယ်ရန် တန်းစီးနေရသည်ဟု ဒေသခံများထံမှ စုံစမ်းသိရသည်။

ပြီးခဲ့သည့် (အောက်တိုဘာလ ၂၂ )ရက်နေ့မှ စတင်ပြီး တရုတ်အာဏာပိုင်များဘက်မှ စားနပ်ရိက္ခာနှင့် စက်သုံးဆီ တင်သွင်းခွင့်ကို ကန့်သတ်လိုက်ခြင်းကြောင့် စက်သုံးဆီပြတ်လပ်နေကြောင်း ဒေသခံများကပြောသည်။

ယနေ့ (နိုဝင်ဘာလ ၈ ရက်)နေ့အထိ မူဆယ်မြို့ရှိ စက်သုံးဆီဆိုင်အချို့တွင် ဆီဝယ်ရန် အလုအယက် တန်းစီဝယ်ယူနေရပြီး ဆီဆိုင်ကြီးတချို့ လည်း ပိတ်လိုက်ရသည်ဟု မြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အောက်တိုဘာ ၂၂ ရက်နေ့ကတည်းကပဲ ဆီတွေ အလုယက်လိုက်ဝယ်နေရတယ် ဒီနေ့အထိပဲ။ အကန့်သတ်နဲ့ရောင်းတာ တချို့ဆိုင်ကြီးတွေဆို ပိတ်လိုက်ရတယ်။ ဆီဈေးက ဆိုင်ကြီးမှာဝယ်ရင် ပုံမှန်ဈေးနဲ့ရတယ်။ အပြင်ဆိုင်တွေက ဈေးအရမ်းတင်ရောင်းကြတယ်။ အခုဆို တရုတ်ဘက်က လာတဲ့ ဆီတွေ တစ်ပက်ကို ၁ ရက် ကား ၂ စီးပဲ ပေးသွင်းတော့တယ်” ဟု ၎င်းက ပြောသည်။

တရုတ်ဘက်မှ စက်သုံးဆီတင်သွင်းခွင့် မကန့်သတ်ခင်က မူဆယ်မြို့၌ တစ်ပတ်လျှင် ၃ ရက် ဆီဘောက်ဆာကားများ ပေးသွင်းလျက်ရှိရာ ယခု တစ်ပတ်ကို ၁ ရက်သာ ဆီဘောင်ဆာကား ၂ စီး ပေးသွင်းနေကြောင်း ၎င်းအမျိုးသား ထပ်လောင်းပြောသည်။

ထို့အပြင် မူဆယ်မြို့အဝင်ရှိ အေးရှားဝေါးဂိတ်တွင်လည်း ဓာတ်ဆီ နှင့် ဒီဇယ်ကို စစ်ကောင်စီတပ်ဖွဲ့က သယ်ယူခွင့်မပြုသောကြောင့် ဒေသခံများနှင့် တောင်သူလယ်သမားများ အခက်တွေ့နေကြောင်း ကျေးရွာဒေသခံတစ်ဦးက ပြောသည်။

“နမ့်ခမ်းကနေ မူဆယ်လာတဲ့လမ်း အေးရှားဝေါလ်ဂိတ်မှာ ဓာတ်ဆီ၊ ဒီဇယ် ပေးမသယ်ဘူး။ တကယ် ဒုက္ခရောက်နေတာ။ နမ့်ခမ်းနဲ့ မူဆယ်ကြား ကုန်သွယ်ဖြတ်လိုက်တာ။ စယ်လန့်နဲ့ အေးရှားဝါးကြားမှာ ရှိတဲ့ရွာတွေပဲ အခက်ခဲရောက်နေတာ။ ဆီလည်းဝယ်မရ၊ မီးလည်းမမှန်တော့ တောင်သူလယ်သမားတွေဘဲ ခက်ခဲနေတာ။ လယ်ယာတွေလုပ်ဖို့ ခက်ကုန်ပြီ” ဟု ၎င်းကပြောသည်။

လက်ရှိတွင် စစ်ကောင်စီနှင့် ယူနန်ပြည်နယ်အကြား တရားဝင် ကုန်သွယ်မှု ပြုလုပ်နေသည့် မူဆယ်-ရွှေလီ နယ်စပ်ဂိတ်၊ ကချင်ပြည်နယ်ရှိ ကန်ပိုက်တီ နယ်စပ်ဂိတ်တို့တွင်လည်း အောက်တိုဘာလ (၂၅) ရက်မှ စတင်ပြီး တရုတ်ဘက်မှ စားနပ်ရိက္ခာနှင့် စက်သုံးဆီ တင်သွင်းခွင့် ပိတ်လိုက်ခြင်းကြောင့် ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာကြောင်း ဒေသခံများက ပြောဆိုသည်။

မြန်မာ-တရုတ် နယ်စပ်တလျှောက် စစ်ကောင်စီထိန်းချုပ်နိုင်သည့် နယ်စပ်ဂိတ် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ထိန်းချုပ်သည့် နယ်စပ်ဂိတ်စုစုပေါင်း (၇) ဂိတ် ဆက်လက်ဖွင့်လှစ်ထားသော်လည်း ပို့ကုန်သွင်းကုန် စစ်ဆေးမှု တင်းကြပ်ပြီး အခြား (၈) ဂိတ်မှာ ပိတ်ထားကြောင်း ယူနန်ပြည်နယ် ကုန်သွယ်ရေးဌာန ထုတ်ပြန်ချက်အရ သိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်မြို့နယ်ရှိ ကျေးရွာများတွင် ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် ထမ်ဆိုင်းကျေးရွာနှင့် အနီးနားကျေးရွာများတွင် ဘောင်းဘီဝတ်ခွင့် ပိတ်ပင်ထားပြီး၊ ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလဆန်းပိုင်းမှစကာ ထမ်ဆိုင်းကျေးရွာနှင့် ၎င်းပတ်ဝန်းကျင် အနီးနားရှိကျေးရွာမှ ဒေသခံများ ရိုးရာ ဝတ်စားဆင်ယင်မှု လျော့နည်းလာခြင်း၊ ကျေးရွာ ဂုဏ်သိက္ခာထိခိုက်စေလာမှုကြောင့် ဘောင်းဘီဝတ်ဆင်မှုကို ကျေးရွာသူကြီးများက ကန့်သတ်လိုက်ကြောင်း ၎င်းဒေသခံများက ပြောသည်။ အဆိုပါ ကန့်သတ်ချက်ကို...

ဆီဆိုင်တွင် မိုင်းရှင်းရန် PNO ကို ငွေပေးနေရ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စိုက်ခင်းများအတွင်း ကျန်ရှိနေသည့် စစ်လက်နက်အကြွင်းအကျန် မြေမြုပ်မိုင်းများကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ထံငွေပေးပြီး ရှင်းခိုင်းနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီမှစပြီး ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)၊ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်တို့အကြား...

ဆီဆိုင်မြို့နယ် PNO စစ်ဆေးရေးဂိတ်တွင် ကန့်သတ်ကုန်များကို စစ်ဆေးတင်းကြပ်နေ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) စစ်ဆေးရေးဂိတ်များတွင် ကန့်သတ်ကုန်ပစ္စည်းများကို စစ်ဆေးတင်းကြပ်နေကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့နယ်အတွင်း အခြေခံစားသောက်ကုန်များ ၊ ဆေးဝါးများ နှင့် စက်သုံးဆီများကိုသယ်ယူပို့်ဆောင်ရာာတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO များက သယ်ယူပို့ဆောင်ရန် ကန့်သတ်မှုများ ပြုလုပ်...

ဆီဆိုင်မြို့နယ်တွင် မိုးကြိုးစက်ကွင်းကြောင့် နွားအကောင်ရေ ၅၀ ခန့်သေဆုံး

0
သျှမ်းပြည် ဆီဆိုင်မြို့နယ်တွင် မိုးကြိုးစက်ကွင်း ထိမှန်ခြင်းကြောင့် နွားအကောင်ရေ ၅၀ ခန့် သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂၁ ရက်) နေ့လယ် ၂ နာရီခန့်တွင် ဆီဆိုင်မြို့နယ် ကောင်ဝါးတောင်ရွာရှိ တောင်ယာအနီးတွင် နွားအုပ်လိုက် ကျက်စားနေချိန် မိုးကြိုးစက်ကွင်း ထိမှန်ခဲ့ခြင်းကြောင့် နွား အကောင်ရေ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...