Saturday, February 7, 2026

CATEGORY

နိုင်ငံရေး

စစ်ကောင်စီမှအကြောင်းမဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ၄ ဦးသေဆုံး

ကရင်နီ(ကယား)ပြည်၊ လွိုင်ကော်၊ နိုးကိုးစံပြကျေးရွာနှင့် သရက်ပင်ရွာအတွင်းသို့ စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် အကြောင့်မဲ့ ပစ်ခတ်မှုကြောင့် အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ပြီး ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ နိုဝင်ဘာလ ၈ ရက်...

သီပေါမြို့တွင် မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံ ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ

သျှမ်းပြည် သီပေါမြို့နယ်တွင် မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံ ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် (နိုဝင်ဘာလ ၁ ရက်နေ့) တွင် သီပေါမြို့နယ် ကုန်စုံကျေးရွာဒေသခံ အမျိုးသား ၂ ဦးသည် တောထဲ မှိုသွားရှာနေစဉ် မြေမြှုပ်မိုင်းနင်းမိပြီး ပေါက်ကွဲခြင်းကြောင့် တစ်ဦး...

ပင်လောင်း စစ်တပ်ဂိတ်တွင် စစ်ရှောင်အမျိုးသမီးများကို ဓာတ်ပုံရိုက်ယူ၊ ထိပါးနှောင့်ယှက်မှုများရှိနေ

သျှမ်းပြည် ပင်လောင်းမြို့ နယ် နောင်တရားမြို့ စစ်ကောင်စီဂိတ်တွင် စစ်ရှောင်အမျိုးသမီးများကို ဓာတ်ပုံရိုက်ယူထားပြီး ထိပါးနှောင့်ယှက်မှုများ လုပ်နေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် အောက်တိုဘာ လမှ စပြီး နောင်တရားမြို့ စစ်ကောင်စိဂိတ်တွင် ကရင်နီနှင့် တခြားသော ပအိုဝ်းဒေသမှ ဖြတ်သန်းသွားလာသည့် စစ်ရှောင်များ အမျိုးသမီးများကို ဓာတ်ပုံများရိုက်ယူထားကြောင်းစစ်ဘေးရှောင်များကပြောသည်။ ထို့အပြင် ခန္ဓာကိုယ် အသားယူ...

မူဆယ်တွင် တရုတ်ဘက်က စက်သုံးဆီကန့်သတ်ခြင်းကြောင့် ဆီပြတ်၊ ဆီဆိုင်အချို့ တန်းစီဝယ်ယူနေရ

မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်မြို့တွင် တရုတ်ဘက်မှ စက်သုံးဆီတင်သွင်းခွင့် ကန့်သတ်လိုက်ခြင်းကြောင့် စက်သုံးဆီပြတ်လပ်ကာ ဓာတ်ဆီဆိုင်အချို့တွင် ဆီဝယ်ရန် တန်းစီးနေရသည်ဟု ဒေသခံများထံမှ စုံစမ်းသိရသည်။ ပြီးခဲ့သည့် (အောက်တိုဘာလ ၂၂ )ရက်နေ့မှ စတင်ပြီး တရုတ်အာဏာပိုင်များဘက်မှ စားနပ်ရိက္ခာနှင့် စက်သုံးဆီ တင်သွင်းခွင့်ကို ကန့်သတ်လိုက်ခြင်းကြောင့် စက်သုံးဆီပြတ်လပ်နေကြောင်း ဒေသခံများကပြောသည်။ ယနေ့ (နိုဝင်ဘာလ ၈...

တောင်ခမ်း တိုက်ပွဲပြင်းထန်

သျှမ်းပြည် နောင်ချိုမြို့နယ် တောင်ခမ်းဒေသတွင် ယမန်နေ့ (နိုဝင်ဘာလ ၇ ရက်) နံနက်ပိုင်းမှစ၍ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေကြောင်း စစ်ရေးသတင်းရင်းမြစ်က အတည်ပြု ပြောသည်။ တောင်ခမ်းရွာ မြောက်ဘက်ရှိ အမြောက်စစ်ဆင်ရေး ကွက်ကဲမှု ဌာနချုပ် (မစခ-၉၀၂) အပါအဝင် တပ်စခန်းများကို TNLA ပူးပေါင်းတပ်က ထပ်မံ...

နယ်စပ်ဂိတ်များ စစ်ကောင်စီ အပြည့်အဝ စီမံခန့်ခွဲခွင့်ရရေး ဆောင်ရွက်မည်ဟု တရုတ် ဝန်ကြီးချုပ် ပြောဆို

တရုတ်-မြန်မာနယ်စပ် ဂိတ်များ စစ်ကောင်စီ အပြည့်အဝ စီမံခန့်ခွဲခွင့်ရရေး ဆောင်ရွက်မည်ဟု တရုတ်ဝန်ကြီးချုပ် Mr. Li Qiang က စစ်ခေါင်းဆောင် မင်းအောင်လှိုင် နှင့် ယမန်နေ့ (နိုဝင်ဘာ ၆ ရက်) က တွေ့ဆုံစဥ် ပြောဆိုလိုက်သည်။ တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိင်ငံ၏ အချုပ်အခြာ...

ကျိုင်းတောင်းမြို့တွင်း တပ်သားသစ် စုဆောင်းသည့်သတင်း RCSS ငြင်းဆို

သျှမ်းပြည်တောင်ပိုင်း ကျိုင်းတောင်းမြို့တွင် သျှမ်းပြည်ပြန်လည်ထူးထောင်ရေးကောင်စီ၊ သျှမ်းတပ်မတော် (RCSS/SSA)သည် တပ်သားသစ် စုဆောင်းနေသည့်ကိစ္စ မဟုတ်ကြောင်း ငြင်းဆိုလိုက်ကြောင်း စုံစမ်း သိရသည်။ လက်ရှိ ကျိုင်းတောင်းမြို့တွင် တပ်သားသစ် အပြင်းအထန်လိုက်လံဖမ်းဆီး၊ နေအိမ်အတွင်းထိ ဝင်ရောက်ဖမ်းဆီးမှုတွေ မပြုလုပ်ကြောင်းနှင့် တရားဥပဒေနှင့် မကိုက်ညီသည့် လုပ်ရပ်ကို လုပ်ဆောင်မှုမရှိကြောင်း ဒု-ဗိုလ်မှုကြီး အုမ်ခေးက သျှမ်းသံတော်ဆင့်ကို...

လွိုင်လင် စစ်ကောင်စီက ဆေးသမားများကိုဖမ်းဆီး မြို့အဝင် ဂိတ် ကင်းစောင့်ခိုင်း

သျှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်မြို့နှင့် အနီးတဝိုက်တွင် စစ်ကောင်စီက ဆေးသမားများကို ဖမ်းဆီးပြီး မြို့အဝင်၊အထွက် ဂိတ်များတွင် ကင်းစောင့်ခိုင်းနေကြောင်း ဒေသခံများထံမှ သိရှိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ဒုတိယပတ်မှ စပြီး စစ်ကောင်စီတပ်မှ ဒေသတွင်း စစ်မှုထမ်းခေါ်ယူရန် လူအင်အားနည်းလာသောကြောင့် မူးယစ်ဆေးသုံးစွဲသူများကို ဖမ်းဆီးကာ တပ်သားသစ်အဖြစ် အစားထိုးစုဆောင်းလာကြောင်း သိရသည်။ အဆိုပါ တပ်သားသစ်များသည်...

ဓာတ်ပုံကို အသုံးပြုပြီး ပြည်သူများအပေါ် လိမ်လည်အလှူခံခြင်း အထူးသတိပြုရန် KNDF ကအသိပေး

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ဖွဲ့ဝင်များ၏ ဓာတ်ပုံများကို အသုံးပြု၍ ပြည်သူများအပေါ် လိမ်လည်အလှူခံခြင်းကို မသမာသူများမှ ပြုလုပ်လျှက်ရှိနေသဖြင့် အထူးသတိပြုရန် KNDF ကအသိပေးထုတ်ပြန် ကြေညာထားသည်။ KNDF ၏ ဗဟိုဌာနများ ၊ ဗျူဟာများ ၊ တပ်ရင်းများ၏ အမည်များနှင့် တပ်ဖွဲ့ဝင်များ၏ ဓာတ်ပုံများကို အသုံးပြု၍ ပြည်သူများအပေါ်...

လားရှိုးမြို့နယ် UWSA က အရပ်သားစစ်မှုထမ်းစာရင်းကောက်

သျှမ်ပြည် လားရှိုးမြို့နယ်တွင် ‘ဝ’တပ်ဖွဲ့ UWSA ဝင်ရောက်လာပြီးနောက် အရပ်သားများကို စစ်မှုထမ်းရန်ပြောဆို ခြိမ်းခြောက်နေကြကြောင်း သတင်းရရှိသည်။ လားရှိုးမြို့နယ် ‘ဝ’တပ်ဖွဲ့ UWSA ဝင်‌ရောက် ထိန်းချုပ်ထားသည့် မိုင်းကျက်ကျေးရွာတွင် အောက်တိုဘာလမှ စ၍ အရပ်သားများကို စစ်မှုထမ်းရန် နာမည်စာရင်းများပေးခိုင်းပြီး၊ စာရင်းမပေးပါက ဒဏ်ပေးမည်ဟု ခြိမ်းခြောက်မှုများ လည်း ရှိနေကြောင်း...

Latest news