Friday, February 6, 2026

CATEGORY

နိုင်ငံရေး

ထိုင်းစစ်တပ်နှင့် UWSA အရာရှိငယ်များ နယ်စပ်တည်ငြိမ်ရေး တွေ့ဆုံဆွေးနွေး

မြန်မာ-ထိုင်းနယ်စပ်တလျှောက် ထိုင်းစစ်တပ်နှင့် ‘ဝ’တပ်ဖွဲ့ UWSA အရာရှိငယ်များအကြား နယ်နိမိတ်အငြင်းပွားမှု ပြဿနာဖြေရှင်းရန် နယ်စပ်တည်ငြိမ်ရေးကိစ္စ မြေမြင်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ (၁၈) ရက်တွင် ထိုင်းစစ်တပ်နှင့် ‘ဝ’တပ်ဖွဲ့ UWSA အကြား နယ်နိမိတ်အငြင်းပွားမှု ဖြစ်ပွားနေသည့် မြန်မာ-ထိုင်းနယ်စပ်တစ်နေရာတွင် နှစ်ဘက်တပ်ဖွဲ့ အရာရှိငယ်များအကြား တွေ့ဆုံခဲ့ပြီး နယ်စပ်တည်ငြိမ်ရေးအတွက်...

လဲချားမြို့နယ် စစ်ကောင်စီ ညမထွက်ရအမိန့်ထုတ်၊ ဒေသခံများ သွားလာရေး အခက်အခဲဖြစ်

သျှမ်းပြည် လဲချားမြို့နယ် စစ်ကောင်စီမှ ညမထွက်ရ အမိန့်ထုတ်ပြန်ပြီး စစ်ဆေးရေးဂိတ်များတွင် ည (၆) နာရီနောက်ပိုင်း ဖြတ်သန်းသွားလာခွင့်ကို တားမြစ်ကန့်သတ်လိုက်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၉ ရက်) ညနေပိုင်းတွင် လဲချားမြို့ရှိ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့များမှ မြို့ပေါ် ရပ်ကွက်များတွင် ည (၆) နာရီမှ...

ပင်းတယမြို့နယ်တွင် လုယက်မှုများကို ဖမ်းဆီးမှု မလုပ်နိုင်

သျှမ်းပြည်တောင်ပိုင်း ၊ပင်းတမြို့နယ်တွင် လုယက်မှုများကို ဖမ်းဆီးအရေးယူမှုများ မလုပ်ပေးကြောင်း ဒေသခံများထံမှ သိရသည်။ နိုင်ငံရေးမတည်ငြိမ်မှုနှင့် အလုပ်ကိုင်ရှားပါးလာမှုကြောင့် ပင်းတယမြို့နယ်တွင် ခိုးဆိုးလုယက်မှု၊ ဓားပြတိုက်ခံရမှုများ မကြာခဏ ဖြစ်လာနေပြီး ထိုလုယက်မှုများကို မည်သည့် အဖွဲ့အစည်းမှ ဖြေရှင်းမှု မလုပ်ပေးကြောင်း မြို့ခံ များကပြောသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၆) ရက်တွင် ပင်းတယ...

တောင်ကြီး ဆေးရုံတွင် ကချင် အမျိုးသမီးတစ်ဦးကို KIA ဆေးရဲမေဟုဆိုကာ စစ်ကောင်စီ အရပ်ဝတ်ဖြင့် ဝင်ရောက်ဖမ်းဆီး

သျှမ်းပြည် တောင်ကြီးမြို့ ပန်းလှိုင်ဆေးရုံတွင် လူနာစောင့်နေသည့် ကချင်လူငယ် အမျိုးသမီးတစ်ဦးကို KIA ဆေးရဲမေဟုဆိုကာ စစ်ကောင်စီမှ အရပ်ဝတ်များဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ (၁၆) ရက် ည ၁၀ နာရီခန့်တွင် တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ ပန်းလှိုင်ဆေးရုံ၌ လူနာစောင့်နေသည့် ကချင်လူငယ် အမျိုးသမီးတစ်ဦးကို TikTok...

နောင်ချိုမြို့တွင် တိုက်ပွဲ ဆက်လက်ပြင်းထန်

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်ရှောင်နေရသည့် ဒေသခံ အများစုသည် စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေရသည်ဟု စုံစမ်းသိရသည်။ ပြီးခဲ့သည့် (ဩဂုတ်လ ပထမ)ပတ်မှ စတင်၍ ယနေ့ (ဒီဇင်ဘာလ ၂၀ ရက်)အထိ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်သည် မြေပြင်ထိုးစစ် စတင်သဖြင့် တအာင်း(ပလောင်) အမျိုးသား...

သျှမ်းမြောက် တကျော့ပြန် လေကြောင်း တိုက်ခိုက်မှု သတိပြုရန်လိုအပ်

တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ နှင့် ၁၆ ရက်နေ့က ပြုလုပ်သည့် ကိုးကန့်တပ် (MNDAA) နှင့် စစ်ကောင်စီ တို့၏ ဆွေးနွေးပွဲ ရလဒ် တစုံတရာ ထွက်ပေါ်ခြင်းမရှိဘဲ ပြီးဆုံးသွားပြီးနောက် သျှမ်းမြောက်ဒေသနေ ပြည်သူများ အနေဖြင့် တကျော့ပြန် လေကြောင်း...

ခေါင်းစဉ်အမျိုးမျိုးဖြင့် သျှမ်းတောင်မှ ပြည်သူများ အခွန်အခများထည့်နေရ

သျှမ်းပြည်တောင်ပိုင်းအတွင်းရှိ တောင်ကြီးနှင့် အနီးတဝိုက်မြို့နယ်များအတွင်း မီးမလာသော်လည်း မီတာခများမြင့်တက်လာသည့်အပြင် ပြည်သူများမှာ ခေါင်းစဉ်အမျိုးမျိုးဖြင့် အခွန်ဆောင်နေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ (၁) ရက်နေ့မှ စတင်ပြီး စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနမှ မီတာခများအား တစ်ယူနစ် ကျပ်(၃၀)မှ ကျပ်(၅၀) ထိ တိုးမြှင့်ကောက်ခံခဲ့ပြီသော်လည်း လက်ရှိတွင်...

ကလောမြို့ ခမရ (၁၁၂) တပ်တွင်း လေးကောင်ဂျင်ဝိုင်း လူစည်ကား

သျှမ်းပြည်တောင်ပိုင်း ကလောမြို့ပြင်၊ အင်းပြင်ကျေးရွာတွင် တည်ရှိသည့် စစ်ကောင်စီ ၏ခြေမြန်တပ်ရင်း ခမရ (၁၁၂) တပ်တွင်း လေးကောင်ဂျင် လောင်းကစားဝိုင်း ပြုလုပ်နေရာ လောင်းကစားသူများဖြင့် စည်ကားနေသည်ဟု ကိုယ်တိုင် သွားရောက်ခဲ့သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ကလော-တောင်ကြီး ပြည်ထောင်စုလမ်းမ ဘေးတွင် တည်ရှိသည့် ကလောမြို့ အခြေစိုက်...

ထိုင်းနှင့် UWSA အကြား နယ်နိမိတ်ပြဿနာဖြေရှင်းမှု ဘယ်အခြေအနေ ရောက်ပြီလဲ

မြန်မာ-ထိုင်းနယ်စပ်တလျှောက် ထိုင်းစစ်တပ်နှင့် ‘ဝ’တပ်ဖွဲ့ UWSA အကြား နယ်နိမိတ်အငြင်းပွားမှု ပြဿနာ ပြန်လည်စတင်လာသည်မှာ ဒီဇင်ဘာလ (၁၈) ရက်တွင် တစ်လပြည့်မြောက်ပြီ ဖြစ်သည်။ ပြီးခဲ့သည့် နိုဝင်ဘာလ (၁၈၊ ၁၉) ရက်တို့တွင် ထိုင်းစစ်တပ်၏ ဖိတ်ခေါ်မှုကြောင့် UWSA တောင်ပိုင်း (၁၇၁) စစ်ဒေသမှ “တာ့ထန်”...

MNDAA က ဖမ်းဆီးထားသည့် သိန္နီမြို့ ဒေသခံအချို့ကို မိုင်းရယ်ဘက်သို့ပို့

သျှမ်းပြည် သိန္နီမြို့ ဒေသခံများကို မူးယစ်သုံးစွဲသည်ဟုစွပ်စွဲပြီး ကိုးကန့်တပ် MNDAA မှ ဖမ်းဆီးသွားပြီးနောက် အချို့က မိုင်းရယ်ဘက်သို့ ပို့ဆောင်ခံရပြီး၊ အချို့က ပိုက်ဆံဖြင့် ပြန်ရွေးကာ ပြန်လည်လွတ်မြောက်လာကြောင်း စုံစမ်းသိရှိရသည်။ အောက်တိုဘာလဆန်းမှစ၍ ကိုးကန့်တပ် MNDAA သည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ခေါင်းစဉ်ဖြင့် သိန္နီမြို့အတွင်းရှိ မူးယစ်ဆေးသုံးစွဲသူ၊ ရောင်းချသူများကို...

Latest news