ကျိုင်းတုံ တောင်ပေါ်ကျေးရွာအချို့ ဆန်ပြတ်လပ် အငတ်ဘေးကြုံနေရ

သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ဒေသ ကျေးရွာအချို့တွင် ဆန်ပြတ်လပ်မှုကြောင့် အငတ်ဘေးကြုံနေရကြောင်း စုံးစမ်းသိရသည်။

ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ဒေသရှိ ကျေးရွာ ၃၀ ဝန်းကျင်သည် ယမန်နှစ် ၂၀၂၄ တွင် ရေကြီးရေလျှံမှု၊ တောင်ပြိုမှုများ ကြုံတွေ့ခဲ့ရသည်။

ထို့နောက် တောင်ပေါ်တွင် စိုက်ပျိုးထားသည့် ဆန်များကို ကြွက်များက ဖျက်စီးခြင်းကြောင့် ဆန်စပါး ပြတ်လပ်မှုကို ယခုနှစ်ကြုံတွေ့လာရခြင်းဖြစ်ကြောင်း တောင်ပေါ်ဒေသသို့ ကျန်းမာရေး ပရဟိတ လုပ်ဆောင်ပေးနေသည့် ဆရာဝန် နန်းမာလာဝမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီနှစ်က ကြွက်တွေ အရမ်း သောင်းကျန်းတယ်။ သူတို့ စိုက်ထားတဲ့ သီးနှံတွေ ပျက်စီးဆုံးရှုံးမှုဖြစ်တဲ့အထိပဲ။ ဘာမှပြန်မရတဲ့သူ ရှိသလို တချို့ကျတော့ စားဖို့လောက်ပဲ ပြန်ရတယ်။ ပိုက်ဆံမရှိတော့ ဝယ်စားလို့လည်း မရဘူး။ ရေကြီးတောင်ပြိုတဲ့နောက်ဆက်တွဲ ကြွက်ပေါလာတာပဲ”ဟု ဆရာဝန် နန်းမာလာဝမ်း က ဆိုသည်။

ကျိုင်းတုံတောင်ပေါ်ဒေသ

လက်ရှိ တောင်ပေါ်ဒေသ ဆန်ပြတ်လပ်မှုကြောင့် ဆန်အစား သီးနှံများ၊ ဖရုံသီးများ၊ ပိန်းဥများကို တူးပြီး စားသောက်နေရကြောင်း၊ အချို့လည်း ချေးငှား၍ စားကြသကဲ့သို့ အချို့ ရွာသားများသည် လုပ်အားခဖြင့် ဆန်လဲလှယ်ကြပြီး အကူညီများလည်း လိုအပ်နေကြောင်း ပရဟိတ ကျန်းမာ‌ရေး ဆရာဝန် နန်းမာလာဝမ်းက ဆက်ဆိုသည်။

ကျိုင်းတုံတောင်ပေါ်ဒေသ

“ပိုက်ဆံရှိတဲ့သူကတော့ ဆန်ဝယ်စားကြတာပေါ့။ တချို့တွေကြတော့ ရှိတဲ့ ရွှေဖရုံသီးတွေ ပိန်းဥတွေစားကြတာ၊ တချို့ကျတော့ ရွာသူကြီးဆီမှာ ချေးငှားပြီးစားကြတယ်။ တချို့ကျတော့လည်း ကြိုက်တာခိုင်း ဆန်တော့ပေးဆိုပြီး တောင်းတာ” ဟု နန်းမာလာဝမ်းက ပြောသည်။

အလားတူ မိုင်းပျဉ်းမြို့နယ်ရှိ တောင်ပေါ်ဒေသကျေးရွာအချို့တွင်လည်း စပါးခင်းကို ကြွက်များဖျက်ဆီးသဖြင့် ဆန်ပြတ်လပ်မှု ပြဿနာများ ကြုံတွေ့နေရကြောင်းသိရသည်။

“ဒီနှစ်က ပိုပြီးခက်ခဲကြတယ်။ မိုင်းပျဉ်းဘက်လည်း ဒီလိုပြဿနာကြုံတွေ့ရတယ်။ လူနာတွေ ဆေးခန်းလာပြရင် ကြားနေရတာ” ဟု ၎င်းဆရာဝန်က ထပ်လောင်းပြောသည်။

ကျိုင်းတုံတောင်ပေါ်ဒေသက ကလေးငယ်များ

ထိုဆန်ပြတ်လပ်မှု အခက်အခဲများ ကြုံတွေ့နေရသည့် တောင်ပေါ်ဒေသ ကျေးရွာ ၃၀ ဝန်းကျင်သည် ကျိုင်းတုံမြို့နှင့် ၂၅ မိုင်ခန့် ကွာဝေးပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်အပြင် လျှပ်စစ်မီးနှင့် ဖုန်းလိုင်းများလည်း မရှိကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ် တောင်ပေါ်ဒေသများသည် နဂိုကတည်းက ဆင်းရဲသည့်ဒေသဖြစ်ပြီး ထိုဒေသခံများသည် တောင်ယာကို အဓိက အားထားနေရသည့် ဒေသဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျိုင်းတုံ ဘုန်းကြီးကျောင်းအတွင်း အာဏာပိုင်၏ ခွင့်ပြုချက်ဖြင့် လောင်းကစားဖွင့်လှစ်နေ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် ဘုန်းကြီးကျောင်းအတွင်းတစ်ခုတွင် လောင်းကစားဝိုင်းမျိုးစုံကို အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ခွင့်ပေးနေကြောင်း ဒေသခံများက ပြောသည်။ ကျိုင်းတုံမြို့နယ် မိုင်းဇင်းကျေးရွာအုပ်စု နောင်နွန်းကွက်သစ်ရှိ ဝိသုဒ္ဓါရုံစာသင်တိုက်အတွင်း၌ ဧပြီလ ၁ ရက်နေ့မှစတင်ကာ လောင်းကစားဝိုင်းများကို တစ်လကြာ ဖွင့်လှစ်ခွင့်ပေးထားခြင်း ဖြစ်သည်။ အဆိုပါ ဝိုင်းများတွင် ကြက်ဝိုင်း၊ ဂျင်ဝိုင်း၊ ပိုက်ကျူး၊ ငါးပစ်ဂိမ်း၊...

ကျိုင်းတုံမှာ စစ်ကော်မရှင်တပ်က လူငယ်များကိုပေါ်တာဆွဲ ကျပ်သိန်းတစ်ရာဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများ လုပ်ဆောင်နေပြီး ဖမ်းဆီးခံရသူများကို ငွေကျပ်သိန်း တစ်ရာဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှစပြီး ကျိုင်းတုံမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပေါ်ပေါ်ထင်ထင်လုပ်လာပြီး ညနေခင်းအချိန်တွင် စစ်ကော်မရှင်တပ်က အိမ်စီးကားများဖြင့် လူငယ်များကို ဖမ်းဆီးနေကာ...

စက်သုံးဆီ ကန့်သတ်ရောင်းချမှုကြောင့် မိုင်းလား-ကျိုင်းတုံ ကားခ ဈေးနှုန်းမြင့်တက်လာ

0
သျှမ်းပြည် အရှေ့ပိုင်းတွင် စက်သုံးဆီဈေးနှုန်းမြင့်တက်ပြီး အကန့်သတ်ဖြင့် ဝယ်နေရခြင်းကြောင့် မိုင်းလား - ကျိုင်းတုံ ကားခများ ဈေးနှုန်းမြင့်တက်လာကြောင်း စုံစမ်းသိရသည်။ လက်ရှိ အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခကြောင့် စက်သုံးဆီစျေး ပြဿနာဖြစ်လာပြီး စျေးနှုန်းမြင့်တက်လာသည့်အပြင် စက်သုံးဆီ ရှားပါးမှု ဖြစ်လာသည့်အတွက် မိုင်းလား-ကျိုင်းတုံ ပြေးဆွဲနေသည့် ကားများသည် တနေ့လျှင့်...

ကျိုင်းတုံ ဆိုင်ကယ်သူခိုးသောင်းကျန်းနေ

0
သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ဆိုင်ကယ်များ ခိုးယူခံရခြင်း၊ လုယက်ခြင်းများ မကြာခဏ ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်မှစပြီး ကျိုင်းတုံမြို့သည် ပြည်သူများ အတွက် လုံခြုံမှုကင်းမဲ့နေသည့်အပြင် စစ်ကော်မရှင် လက်အောက်ခံတာဝန်ရှိသူများမှ ဆိုင်ကယ်သူခိုးများ၊ လုယက်သူများကို ဖမ်းဆီး အ‌ရေးယူးဆောက်ရွက်မှုကြောင်း လည်း ကျိုင်းတုံမြို့ ဒေသခံ...

အိန္ဒိယသံအမတ်ကြီး ကျိုင်းတုံနှင့် တာချီလိတ်မြို့သို့ လာရောက်လေ့လာ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့သို့ အိန္ဒိယနိုင်ငံ သံအမတ်ကြီး လာရောက်ပြီး မြန်မာ-ထိုင်း-လာအို နယ်စပ်ကုန်သွယ်ရေးဂိတ်များကို လေ့လာခဲ့ကြောင်း သတင်းသိရသည်။ ဇန်နဝါရီလ (၃၁) ရက်တွင် ကျိုင်းတုံမြို့ရှိ ဗုဒ္ဓဂါယာ ပုံစံတူ ဆောက်လုပ်ထားသည့် ဗုဒ္ဓဥယျာဉ်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုးကွယ်သည့် ဝစီပိတ်ဆရာတော်ကို အိန္ဒိယသံအမတ်ကြီး Mr. Abhay...