ထိုင်းနိုင်ငံတွင် တစ်ပတ်အတွင်း မြန်မာ ၄,၈၀၀ ကျော်ဖမ်းဆီးခံရ

ထိုင်းနိုင်ငံတွင် တစ်ပတ်အတွင်း မြန်မာ ၄,၈၀၀ ကျော်ဖမ်းဆီးခံရကြောင်း ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၆ ရက်တွင် သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၁၈ ရက်မှ ၂၄ ရက်အထိ ထိုင်းနယ်စပ်တစ်လျှောက်နှင့် ခရိုင်အသီးသီးတွင် တရားမဝင် ဝင်ရောက်လာသူများ၊ တရားမဝင် နေထိုင်သူများ၊ ရာဇဝတ်မှုကျူးလွန်သူများ၊ အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် ပတ်သက်သူများကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးခဲ့သည်။

ဖမ်းဆီးစစ်ဆေးမှု ၆ ရက်သာအတွင်း ပြစ်မှုကျူးလွန်သူ နိုင်ငံခြားသား စုစုပေါင်း ၉,၅၃၂ ဦးကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ထိုထဲတွင် ဖမ်းဝရမ်းထုတ်သားပြီးသူ ၂၀၇ ဦး၊ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၆,၂၃၉ ဦး၊ တည်းခိုနေထိုင်သူ ၈၇၅ ဦးနှင့် နိုင်ငံသားမှတ်ပုံတင် ရုပ်သိမ်းခံထားရသူ ၁၂၀ ဦး၊ ခွင့်မပြုထားသည့် တားမြစ်လုပ်ငန်းများ လုပ်ကိုင်သူ ၄၆၃ဦး နှင့် အခြားဥပဒေချိုးဖောက်သူ ၁,၆၂၈ ဦးတို့ ပါဝင်ကြောင်း ဆိုသည်။

ထို့ပြင် နိုင်ငံအလိုက်ဖမ်းဆီးအရေးယူမှုတွင် ထိုင်းနိုင်ငံသား ၅၆၄ ဦး၊ မြန်မာနိုင်ငံသား ၄,၈၇၉ ဦး၊ လာအိုနိုင်ငံသား ၁,၆၉၉ ဦး၊ ကမ္ဘောဒီးယားနိုင်ငံသား ၁,၃၇၆ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၀၃ ဦးနှင့် အခြားနိုင်ငံသား ၉၁၁ ဦးတို့ပါဝင်ကြောင်း ဖော်ပြထားသည်။

ထိုင်းနိုင်ငံ နေရာဒေသအသီးသီးရှိ နိုင်ငံခြားသားများ၏ ဥပဒေနှင့်မညီသော လှုပ်ရှားမှုများကို စောင့်ကြည့်အရေးယူရန် ထိုင်းရဲချုပ် Kitrat Panphet က (ဖေဖော်ဝါရီလ ၁၇ ရက်မှာ) အမိန့်ထုတ်ပြန်လိုက်ပြီးနောက် ယင်းကဲ့သို့ဖမ်းဆီးခံရမှုများရှိလာခြင်း ဖြစ်သည်။

ထိုကြောင့် ထိုင်းရောက် မြန်မာပြောင်းရွှေနေထိုင်သူများ၊ အလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံ ဥပဒေများအား လိုက်နာကြရန်နှင် သတိထား သွားလာနေထိုင်ကြရန် အသိပေးအပ်ပါသည်။

လက်ရှိ မြန်မာနိုင်ငံတွင် တိုက်ပွဲများနှင့် စစ်မှုထမ်းဥပဒေများကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လာသူများသည် ယခုရက်ပိုင်းအတွင်း အစုလိုက်အပြုံလိုက်ဖမ်းဆီးခံနေရသည်။

“အခုချိန်မှာ ဘတ်ရိုက်နေတဲ့အချိန်လည်း ဖြစ်တော့ အကုန်လုံးကိုစိုးရိမ်နေရတာပဲ။ Name List ရှိလည်း အခုဖမ်းနေတယ်ပြောတယ်။ ဖမ်းခံရရင်တော့ တကယ်မလွယ်ဘူး။ မြန်မာပြည် ပြန်ပို့ခံရရင်တော့ ဘဝကြီးကသွားပြီ” ဟု ထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးက ပြောသည်။

ထိုသို့ ဖမ်းဆီးရမိသော မြန်မာနိုင်ငံသားများကို ထိုင်းရဲတပ်ဖွဲ့က ပြည်နှင်ဒဏ်ပေးပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့သည်။ ထိုသို့ ပြန်ပို့ခံရသည့် မြန်မာလူငယ်များကို စစ်ကောင်စီက စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်ခြင်းများ ရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁ ရက်နှင့် ၂၂ ရက်တွင်လည်း နေပြည်တော်မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး နှင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့ရာ ကျားဖြန့်၊ အွန်လိုင်းလောင်းကစား အပါအဝင် တရားမဝင်လုပ်ငန်းများ တိုက်ဖျက်ရေးနှင့် နှစ်နိုင်ငံသတင်း အချက်အလက်ဖလှယ်ရေး အကြောင်းများ ဆွေးနွေးခဲ့ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်တွင် တစ်ရက်လျှင် ဘတ် ၇,၀၀၀ ဝင်ငွေရှိသည့် မြန်မာနိုင်ငံသား ဈေးသည် တိုင်ကြားခံရပြီး ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ Chang Phueak နယ်မြေတွင် စျေး လှည့်လည်ရောင်းချနေသော ဆိုင်များအတွင်း တရားဝင်အလုပ်လုပ်ကိုင်ခွင့် (ပါမစ်) မရှိဘဲ ဈေးရောင်းချနေသည့် မြန်မာနိုင်ငံသားတစ်ဦးအား အာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင် ဖော်ပြသည်။ ယမန်နေ့ ( စက်တင်ဘာလ ၉ ရက်) ညနေပိုင်းက ချင်းမိုင်ခရိုင် လဝက၊...

ထိုင်းတွင် တားမြစ်အလုပ် လုပ်ကိုင်သည့် ရွှေ့ပြောင်းလုပ်သားများကို ပြည်နှင်ဒဏ်အထိ တင်းကြပ်စွာ အရေးယူမည်

0
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) မရှိဘဲ ရွှေ့ပြောင်းလုပ်သားများကို ငှားရမ်းခြင်း သို့မဟုတ် ဥပဒေအရ ခွင့်ပြုထားသည့် အလုပ်အကိုင်နယ်ပယ် ပြင်ပတွင် ခိုင်းစေခြင်းများ မပြုလုပ်ကြရန် ထိုင်းအစိုးရက အလုပ်ရှင်များ၊ စီးပွားရေးလုပ်ငန်းများနှင့် အများပြည်သူသို့ သတိပေးကြောင်း ထိုင်းသတင်းဌာနများတွင်ဖော်ပြသည်။ အစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ မနက်ဒါရက်စ် (Patdarasm Thongsaluaykorn)...

PV ပတ်စ်ပို့အသစ်လဲရန် နေပြည်တော်ခွင့်ပြုချက် လိုအပ်လာမှုကြောင့် ထိုင်းရောက်မြန်မာများ စိုးရိမ်နေ

0
ထိုင်းနိုင်ငံတွင် အလည်အပတ်နိုင်ငံကူးလက်မှတ် (PV) ကိုင်ဆောင်ထားသူများ ပတ်စ်ပို့သက်တမ်းတိုးခြင်းနှင့် အမျိုးအစားပြောင်းလဲခြင်း လုပ်ငန်းစဉ်များတွင် နေပြည်တော်၏ တိုက်ရိုက်ခွင့်ပြုချက် ရယူရမည်ဆိုသည့် သတင်းများကြောင့် ထိုင်းရောက်မြန်မာလုပ်သားများကြား စိုးရိမ်မှု မြင့်တက်နေသည်။ ယခင်က PV အမျိုးအစားမှ PJ အလုပ်သမားပတ်စ်ပို့သို့ ပြောင်းလဲခြင်းကို ဘန်ကောက်မြို့ရှိ မြန်မာသံရုံးတွင် ဆောင်ရွက်နိုင်သော်လည်း ယခုအခါ နေပြည်တော်သို့...

ရယောင်းရှိ တရုတ်ဒေတာစင်တာ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ထိုင်းရဲတပ်ဖွဲ့ဝင်စီးနင်း၊ မြန်မာ ၂၀ ဦးဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ ရယောင်းခရိုင်အတွင်း တရုတ်ရင်းနှီးမြှုပ်နှံသူများ ဦးစီးလုပ်ကိုင်နေသည့် ဒေတာစင်တာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကို ထိုင်း အာဏာပိုင်များက ဝင်ရောက်စီးနင်းခဲ့ပြီး တရားမဝင် မြန်မာနိုင်ငံရွှေ့ပြောင်းအလုပ်သမား ၂၀ ဦးနှင့် တရုတ်နိုင်ငံသား ၄ ဦး၊ စုစုပေါင်း ၂၄ ဦး ဖမ်းဆီးရမိခဲ့ကြောင်း ဘန်ကောက်ပို့စ်တွင်ဖော်ပြသည်။ ပြီးခဲ့သည့် သြဂုတ် ၁၁...

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...