Friday, February 6, 2026

CATEGORY

နိုင်ငံရေး

ထိုင်းတွင် ညစ်ညမ်းရုပ်ရှင် ထုတ်လုပ်မှုဖြင့် ဖမ်းဆီးခံရသည့် အမျိုးသမီးတစ်ဦးက ထောက်ပို့လုပ်နေသော မြန်မာ CDM ဖြစ်ကြောင်း စစ်လော်ဘီသတင်းအမှားဖြန့်

ထိုင်းနိုင်ငံတွင် ညစ်ညမ်းရုပ်ရှင်များ ရိုက်ကူးပြီး ထောက်ပို့လုပ်နေသော မြန်မာ CDM တစ်ဦးကို ရဲတပ်ဖွဲ့မှ ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ကြောင်း သတင်းအမှားဖြန့်ချိနေသည်။ စစ်ကောင်စီအားပေး တယ်လီဂရမ် ဝါဒဖြန့်ချန်နယ်လ်တစ်ခုဖြစ်သည့် “ဖောင်းကားစားဖိုးကဲကြီး” ချန်နယ်လ်မှ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ဖြန့်ချိခဲ့သည်။ ၎င်းက “ထိုင်းမှာထမင်းစားဖို့ အပြာရှင်ရှင်ကားတွေ ရိုက်ကူးပြီး တော်လှန်ရေးရန်ပုံငွေ ထောက်ပံ့ရန်...

ဘိန်းစာရွက်ရည်ကို ဖျော်ရည်သဘောနဲ့ သုံးစွဲလာကြ

ရက်ကောင်းရက်မြတ် ပွဲလမ်းသဘင်တွေ၊ လူမျိုးဓလေ့ ရိုးရာပွဲတော်တွေနဲ့ မင်္ဂလာဆောင် ပွဲအခမ်းအနားတွေမှာ သောက်ရေသန့် ပုလင်းထဲထည့်ကာ ဖျော်ရည်လားလို့ ထင်ရလောက်အောင် စားပွဲတိုင်းမှာ မြင်တွေ့နေရပါတယ်။ အဲ့လို မြင်တွေ့ရမှု အများဆုံးကတော့ သျှမ်းပြည် အရှေ့ပိုင်း ဒေသတွေမှာပါ။ အဲ့ဒီ စားပွဲပေါ်မှာ ချထားတဲ့ အရည်တွေဟာ ဘိန်းစာပင် (Kratom) ကနေ...

ကျိုင်းတုံမြို့တွင် ၁၃မျဉ်းစောင်းကိုင်သူအချို့ မြို့နယ်အုပ်ချုပ်ရေးမှူး ထောက်ခံစာပါမှသာ သွားခွင့်လာပြုမည်ဟုဆို

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ ကန့်သတ်ထားသည့် ၁၃မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သူတချို့သည် မြို့နယ်ထောက်ခံစာ လက်မှတ်ပါမှသာ သွားလာခွင့်ပြုမည်ဟု စုံစမ်းသိရသည်။ ဒီဇင်ဘာလ ဒုတိယပတ်မှ စတင်၍ ကျိုင်းတုံမြို့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ကန့်သတ်ထားသည့် ၁၃မျဉ်းစောင်း မှတ်ပုံတင်ကိုင်ဆောင်သူ ကချင်၊ ကိုးကန့်၊ ရခိုင်နှင့် တအာင်း(ပလောင်) လူမျိုးတို့သည် မြို့နယ်အုပ်ချုပ်ရေးမှူး ထောက်ခံချက်...

TNLA က တွေ့သမျှလူတွေကို အကုန်ဖမ်းပြီး လူသစ်စုဆောင်းကာ ရှေ့တန်းသို့ပို့ဆောင်နေဟု စစ်လော်ဘီများကဝါဒဖြန့်

တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA က တွေ့သမျှလူတွေကို အကုန်ဖမ်းပြီး လူသစ်စုဆောင်းကာ ရှေ့တန်းသို့ပို့ဆောင်နေသည်ဟုဆိုပြီး စစ်လော်ဘီချန်နယ်များက ဝါဒဖြန့်ချိနေသည်။ စစ်ကောင်စီအားပေး တယ်လီဂရမ်ဝါဒဖြန့် ချန်နယ်လ်တစ်ခုဖြစ်သည့် မှိုင်းဝေချန်နယ်လ်က ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး “နောင်ချိုဘက်မှာ အရှင်ဖမ်းမိတဲ့ TNLA အဖွဲ့ဝင် ၂...

တောင်ကြီး လိုင်စင်မဲ့ ကားများဖမ်းပြီး သျှမ်းမြောက်သို့ပို့

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် လိုင်စင်မဲ့ ကားများကို ဖမ်းပြီး သျှမ်းမြောက်ဘက် သို့ ပို့ဆောင်နေကြောင်း မြို့ခံ များထံမှ သိရသည်။ ဒီဇင်ဘာလ ဒုတိယပတ်မှ စပြီး ယာဉ်ထိန်းရဲနှင့် စစ်ကောင်စီ ပူးပေါင်းကာလိုင်စင်မဲ့ ကားများကိုဖမ်းဆီးနေပြီး ဖမ်းမိထားသည့် ကားများကို ပြည်လည်ရွေးထုတ်၍ မရတော့ကြောင်း မြို့ခံ များကပြောသည်။ ထိုကဲ့သို့ ဖမ်းဆီးခံ...

မိုင်းဖုန်းဆရာတော် မွေးနေ့မင်္ဂလာပွဲ လာရောက်ကြမည့် ပြည်သူများကို ထောက်ခံစာယူလာရန် သတိပေး

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် ကျင်းပပြုလုပ်မည့် မိုင်းဖုန်းဆရာတော်၏ မွေးနေ့မင်္ဂလာပွဲတော်သို့ လာရောက် ဖူးမျှော် ပူဇော်ကြမည့် မိဘပြည်သူများ ထောက်ခံစာ ယူလာကြရန် သတိပေးထားကြောင်း သတင်းရရှိသည်။ ဇန်နဝါရီလ ၁ ရက်မှ ၅ ရက်နေ့အထိ တာချီလိတ်မြို့နယ်တွင် ကျင်းပမည့် မိုင်းဖုန်းဆရာတော် အရှင်ဉာဏသံဝရ၏ ဝိဇာတပူဇာ မွေးနေ့မင်္ဂလာပွဲတော်ကို လာရောက်ဖူးမျှော်...

ဗန်းမော်စစ်မျက်နှာသို့ မူဆယ်မြို့ဘက်မှ စစ်ကောင်စီတပ်သားများ အင်အားဖြည့်နေ

ကချင်လွတ်လပ်ရေး တပ်မတော်(KIA) ပူးပေါင်းတပ်များ ထိုးစစ်ဆင် တိုက်ခိုက်နေသည့် ဗန်းမော်နှင့် မံစီဒေသ စစ်မျက်နှာသို့ မူဆယ်မြို့ရှိ စစ်ကောင်စီတပ်သားများ အင်အားဖြည့်နေကြောင်း သတင်းရရှိသည်။ အဆိုပါ မူဆယ်မြို့ စစ်ကောင်စီတပ်သားများထဲတွင် တရုတ်ဘက်ပြေးသွားသည့် တပ်များဖြင့် အင်အားဖြည့်တင်း ခုခံနေသည်ဟု စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဒီဇင်ဘာလ ၂၄ ရက်) တွင်...

နောင်တရားမြို့ရှိ စစ်ဘေးရှောင် ၃ ထောင် ဝန်းကျင် အတွက် စောင် နှင့် အနွေးအထည်များ လိုအပ်

သျှမ်းပြည် ပင်လောင်းမြိုနယ် နောင်တရားမြို့တွင် ကျန်ရှိနေသည့် စစ်ဘေးရှောင် ၃ ထောင်ဝန်းကျင်အတွက် စောင် နှင့် အနွေးအထည်များလိုအပ်နေကြောင်း စုံစမ်းသိရသည်။ တိုက်ပွဲများကြောင့် နောင်တရားမြို့ အမျိုးသား တပေါင်းကွင်း နှင့် မြို့မဈေးသစ်တွင် လာရောက် တိမ်းရှောင် နေထိုင်နေသည့် စစ်ဘေးရှောင် ၃ ထောင်ဝန်းကျင် အတွက် စောင်...

ပင်းတယမြို့နယ်ရှိ ဘုန်းကြီးကျောင်းထဲ စစ်ကောင်စီ တပ်စွဲနေ

သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ် မိုင်းလီ ကျေးရွာ ရှိ ဘုန်းကြီးကျောင်းတွင် စစ်ကောင်စီတပ် လာရောက်တပ်စွဲထားကြောင်း ဒေသခံများထံ စုံစမ်းသိရသည်။ ပြီးခဲ့သည့် ( ဒီဇင်ဘာလ ပထမ ပတ်) ကတည်းကစပြီး စစ်ကောင်စီ တပ် အင်အား (၁၀၀) ခန့် သည် ပင်းတယမြို့နယ် မိုင်းလီကျေးရွာရှိ ဘုန်းကြီးကျောင်းတွင်...

သင်တန်းဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းများ တပ်ရင်း၊ တပ်ဖွဲ့အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြပြီဟု စစ်ကောင်စီထုတ်ပြန်

ပြည်သူ့စစ်မှုထမ်းသင်တန်းမှ သင်တန်းဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းများသည် တပ်ရင်း၊ တပ်ဖွဲ့အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြပြီဖြစ်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၀ ရက်မှစတင်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက အသက်သွင်းပြီးသည့်နောက်ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁) ကို (ဧပြီလ ၈ ရက်) မှစတင်၍ ဖွင့်လှစ်သင်ကြာပေးခဲ့သည်။ ထိုသင်တန်းများမှ သင်တန်ဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းများသည် တာဝန်ကျရာ...

Latest news