Tuesday, January 27, 2026

ထိုင်းနိုင်ငံသား အမည်ခံထားသည့် နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းများအား ထိုင်းရဲတပ်ဖွဲ့များမှ ဆက်တိုက်ဖမ်းဆီးနေ

ထိုင်းနိုင်ငံတွင် ထိုင်းနိုင်ငံသားအမည်ခံထားသည့် နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းများအား ထိုင်းရဲတပ်ဖွဲ့များမှ ဆက်တိုက်ဖမ်းဆီးနေကြောင်း ထိုင်းရောက်ရွှေ့ပြောင်းသမားအရေး ကူညီဆောင်ရွက်သူများထံမှ သိရသည်။

ဖေဖော်ဝါရီလမှစ၍ ထိုင်းနိုင်ငံ နေရာဒေသအသီးသီးရှိ နိုင်ငံခြားသားများ၏ ဥပဒေနှင့်မညီသော လှုပ်ရှားမှုကို စောင့်ကြည့်အရေးယူရန် ထိုင်းရဲချုပ် Kitrat Panphet က အမိန့်ထုတ်ပြန်ပြီးနောက် တရားမဝင်သော လုပ်ငန်းများ၊ နေထိုင်သူများ၊ ဝင်ရောက်လာသူများ၊ ရာဇဝတ်မှု ကျူးလွန်သူများ၊ အွန်လိုင်းငွေလိမ် လုပ်ငန်းများနှင့် ပတ်သူများအား ထိုင်းရဲတပ်ဖွဲ့များက ဆက်တိုက်ဖမ်းဆီးအရေးယူနေခြင်း ဖြစ်သည်။

“အခုဖမ်းနေတာက သတ်မှတ်ထားတဲ့ ဥပဒေနဲ့မညီတဲ့အတွက် ဖမ်းဆီးတာဖြစ်သလို တရားမဝင် လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့အတွက် ဖမ်းဆီးနေတာဖြစ်တယ်။ ပြီးတော့ ထိုင်းရောက်လူငယ်တွေက ဥပဒေနဲ့မနေဘဲ သူများကိုဓါးနဲ့လိုက်ခုတ်တာ၊ ခိုက်ရန်ဖြစ်ပွားတာတွေကြောင့် ဖမ်းနေတာ” ဟု ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားများ အလုပ်လုပ်ကိုင်ခွင့်ပြုထားသော်လည်း ကန့်သတ်ထားသည့် လုပ်ငန်းများ စုစုပေါင်း ၂၇ မျိုးရှိသည်။

ထိုင်းနိုင်ငံသားအမည်ခံ နိုင်ငံခြားသားများကို ရဲတပ်ဖွဲ့များဖမ်းဆီးနေ

ကန့်သတ်ထားသော လုပ်ငန်းများမှာ ဧည့်လမ်းညွှန်လုပ်ငန်း၊ ယာဉ်မောင်းလုပ်ငန်း၊ ပွဲစားနှင့် အေဂျင်စီ လုပ်ငန်း၊ ဈေး/ လှည့်လည်ရောင်းခြင်း လုပ်ငန်း စသည့်ဖြင့် ပါဝင်သည်။

သို့သော် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများက ထိုကန့်သတ်ထားသော လုပ်ငန်းများကို လုပ်ကိုင်နေကြောင်း တိုင်းကြားချက်ရရှိသဖြင့် အကောက်ခွန်၊ ပြည်သူ့ကျန်းမာရေးနှင့် အုပ်ချုပ်ရေးအဖွဲ့များက ကွင်းဆင်းစစ်ဆေးနေကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။

ထိုင်းအစိုးရသည် ထိုင်းနိုင်ငံသား အမည်ခံထားသည့် နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းများကို နှိမ်နှင်းရန် ဥပဒေကို တင်းကြပ်မည်ဟု သိရသည်။ လက်ရှိတွင် ထိုင်းဝန်ကြီးချုပ်က ကော်မတီတစ်ခုတည်ထောင်လိုက်ပြီး ထိုင်းနိုင်ငံသား အမည်ခံထားသည့် လုပ်ငန်းများအား တင်းကြပ်စွာ စုံစမ်းအရေးယူနေသည့် စီမံချက်များ လုပ်ဆောင်နေလျက်ရှိသည်။

ထိုစီမံချက်ထဲတွင် ဝန်ကြီးဌာနများအကြား သတင်းအချက် အလက်မျှဝေခြင်း၊ စုံစမ်းစစ်ဆေးခြင်း၊ ဖမ်းဆီး အရေးယူခြင်းနှင့် တိုင်းကြားမှုစင်တာ တည်ထောင်မှုများပါဝင်ကြောင်း သိရသည်။

ထို့ပြင် အီလက်ထရောနစ်စနစ် တည်ဆောက်ခြင်း၊ အန္တရာယ်များသည့် ထိုင်းနိုင်ငံသား အမည်ခံ လုပ်ငန်းများအား စစ်ဆေးခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာများကို ထောက်ပံ့ကူညီခြင်းနှင့် ဥပဒေ ချိုးဖောက်မှုများ ပြန်လည်လေ့လာသုံးသပ်မှုများ ပါဝင်ကြောင်း သိရသည်။

“အခုထိုင်းရဲတွေက ကျနော်ဆီကို အသိပေးလာတယ်။ ထိုင်းရောက် ရွှေ့ပြောင်းလူငယ်တွေ အုပ်စုဖွဲ့ပြီး တောင်းကျန်းတာ၊ ဆူညံတာမလုပ်ဖို့ အသိပေးလာပါတယ်။ ဒါတင်မကဘူး။ ရွှေ့ပြောင်းအလုပ်သမား တွေကော သတိထားစေချင်တယ်။ အခုထိုင်းမှာရှိတဲ့ တရားမဝင် လုပ်ငန်းတွေ၊ တရားမဝင် သူတွေ၊ ရာဇဝတ်မှု ကျူးလွန်သူတွေကို နှိမ်နင်းဖို့လုပ်နေတယ်” ဟု ထိုင်းရောက်ရွှေ့ပြောင်းအလုပ်သမားရေး ကူညီဆောင်ရွက်သူတစ်ဦးက ထပ်လောင်းပြောသည်။

ထိုကြောင့် ထိုင်းရောက်မြန်မာနိုင်ငံသားများအနေဖြင့် မူးရစ်ရမ်းကား၊ ခိုက်ရန်ဖြစ်ပွားခြင်း မပြုလုပ်ရန်၊ ဆူညံခြင်း မပြုလုပ်ရန်၊ အိမ်ရှင်အား လေးစားရန်နှင့် ဆင်ခြင်ပြီး နေထိုင်ရန် ၎င်းကတိုက်တွန်းသည်။

၂၀၂၄ စက်တင်ဘာ ၁ ရက်မှ ၂၀၂၅ ဇန်နဝါရီလ ၃၁ ရက်အတွင်း ထိုင်းနိုင်ငံသား အမည်ခံထားသည့် အမူ ၈၂၀ ကို စုံစမ်းစစ်ဆေးခဲ့ရာ ထိုင်းဘတ် ၁၂.၅ ဘီလီယမ်ကျော် ဆုံးရှုံးနစ်နာခဲ့ကြောင်း သိရသည်။

ထိုင်းနယ်စပ်တစ်လျှောက်နှင့် ခရိုင်အသီးသီးတွင် နိုင်ငံခြားသားများကို စီမံချက်ဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ (၆) ရက်သာအတွင်း နိုင်ငံခြားသား စုစုပေါင်း (၉,၅၀၀) ကျော် ဖမ်းဆီးခံရပြီး ထိုထဲတွင် မြန်မာနိုင်ငံသား (၄,၈၀၀) ကျော်ပါဝင်ကြောင်း ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၆ ရက်တွင် သတင်းထုတ်ပြန်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့ ရွှေဆိုင်ပိုင်ရှင် အားချန်ကို မူးယစ်ရာဇာအဖြစ် ထိုင်းရဲတပ်ဖွဲ့ ဖမ်းဝရမ်းထုတ်

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် ရွှေဆိုင်များအပါအဝင် စီးပွားရေးလုပ်ငန်းပေါင်းများစွာ ပိုင်ဆိုင်ထားသည့် ကြီးမြတ်သောရွှေမြင်း ရွှေဆိုင်လုပ်ငန်းရှင် အားချန် (ခ) စီမာဘင် ကို မူးယစ်ရာဇာအဖြစ် ဖမ်းဝရမ်းထုတ်ပြီး ရှာဖွေနေကြောင်း ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးဘုတ်အဖွဲ့ (Office Of the Narcotics Control Board –...

ထိုင်းရဲတပ်ဖွဲ့က ဧည့်သည်အသွင်ဆောင်ပြီး ကာရာအိုကေဆိုင်ကို ဝင်စစ်ဆေး၊ မြန်မာလုပ်သားများဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ နွန်ထပူရီခရိုင် နွန်ထပူရီမြို့ရှိ နာမည်ကြီး အဆင့်မြင့်ကာရာအိုကေဆိုင် တစ်ဆိုင်ကို ထိုင်းရဲတပ်ဖွဲ့က ဧည့်သည်အသွင်ဆောင်ပြီး ဝင်ရောက်စစ်ဆေးရာတွင် မြန်မာလုပ်သားများ ဖမ်းဆီးခံရကြောင်း သိရသည်။ ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့တွင် နွန်ထပူရမြို့ Bang Kraso ရပ်ကွက်ရှိ နာမည်ကြီး အဆင့်မြင့်ကာရာအိုကေဆိုင် တစ်ဆိုင်တွင် အထောက်အထားမဲ့ အလုပ်သမားများ...

ချင်းမိုင်ရှိ စားသောက်ဆိုင်နှင့် ကာရာအိုကေဆိုင်များကို ထိုင်းရဲတပ်ဖွဲ့ ဝင်ရောက်စစ်ဆေး ဖမ်းဆီးနေ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့အတွင်း ရွှေ့ပြောင်းအလုပ်သမားများ ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်၊ ကာရာအိုကေဆိုင်များကို ထိုင်းရဲတပ်ဖွဲ့မှ ဝင်ရောက်စစ်ဆေး ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ ၈ ဦး ဖမ်းဆီးခံရကြောင်း သတင်းသိရသည်။ ချင်းမိုင်မြို့တွင် ရွှေ့ပြောင်းအလုပ်သမားများမှ ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်နှင့် တွဲဖွင့်ထားသော ကာရာအိုကေ ဆိုင်တစ်ခုကို ထိုင်းရဲတပ်ဖွဲ့က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၈...

မိုင်းတုံ တရားမဝင်ထိုင်းနိုင်ငံသားတစ်ဦးကို ရဲတပ်ဖွဲ့မှ ငွေညှစ်ပြီးပြန်လွှတ်

0
သျှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းတုံမြို့တွင် တရားမဝင် ထိုင်းနိုင်ငံသားတစ်ဦးကို ရဲများမှာ ငွေညှစ်ပြီး ပြန်လွှတ်လိုက်ကြောင်း ဒေသခံများထံမှသိရသည်။ မိုင်းတုံမြို့အနီးတဝိုက် နားကောင်းမူးနားတွင် တရားမဝင်လာရောက်သည့် ထိုင်းနိုင်ငံသားတစ်ဦးကို ယမန်နေ့ (အောက်တိုဘာလ ၅ ရက်)တွင် ဖမ်းဆီးငွေညှစ်ခဲ့ပြီး အဆိုပါ ထိုင်းနိုင်ငံသားမှာ ထိုင်းနိုင်ငံသို့ ပြန်လို့မရသည့် မှောင်ခိုလုပ်သားတစ်ဦးဖြစ်ပြီး မြန်မာရဲများကို ဘတ်...

သျှမ်းပြည် လေကြောင်းခရီးစဉ်အတွင်း နိုင်ငံခြားသားလိုက်ပါခွင့် စစ်ကောင်စီ ပိတ်ပင်

0
မြန်မာနိုင်ငံတွင် နိုင်ငံခြားသားများ တရားမဝင် ဝင်ရောက်လာပြီး အွန်လိုင်းလိမ်လည်မှု နှင့် အွန်လိုင်းလောင်းကစား တွင် ပါဝင်ပတ်သက်နေသောကြောင့် သျှမ်းပြည်လေကြောင်း ခရီးစဥ်တွင် နိုင်ငံခြားသားများကို သွားခွင့်မပြုဘဲ စိစစ်ဟန့်တားသွားမည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။ နိုင်ငံခြားသားများသည် အွန်လိုင်းလိမ်လည်မှု (Online Scam) နှင့် အွန်လိုင်းဂိမ်းလောင်းကစား (Online Gambling)...