Tuesday, January 27, 2026

ထိုင်းရဲတပ်ဖွဲ့က ဧည့်သည်အသွင်ဆောင်ပြီး ကာရာအိုကေဆိုင်ကို ဝင်စစ်ဆေး၊ မြန်မာလုပ်သားများဖမ်းဆီးခံရ

ထိုင်းနိုင်ငံ နွန်ထပူရီခရိုင် နွန်ထပူရီမြို့ရှိ နာမည်ကြီး အဆင့်မြင့်ကာရာအိုကေဆိုင် တစ်ဆိုင်ကို ထိုင်းရဲတပ်ဖွဲ့က ဧည့်သည်အသွင်ဆောင်ပြီး ဝင်ရောက်စစ်ဆေးရာတွင် မြန်မာလုပ်သားများ ဖမ်းဆီးခံရကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့တွင် နွန်ထပူရမြို့ Bang Kraso ရပ်ကွက်ရှိ နာမည်ကြီး အဆင့်မြင့်ကာရာအိုကေဆိုင် တစ်ဆိုင်တွင် အထောက်အထားမဲ့ အလုပ်သမားများ အလုပ်ခန့်ထားကြောင်း သတင်းပေးပို့ချက်အရ ထိုင်းရဲတပ်ဖွဲ့က ဧည့်သည်အသွင်ဆောင်ပြီး သွားရောက်စုံစမ်းခဲ့ကြောင်း Khaosod သတင်းတွင် ဖော်ပြထားသည်။

ရဲတပ်ဖွဲ့များသည် ဆိုင်ထဲသို့ဝင်သွားပြီးနောက် အရက်လာငှဲ့ပြီး ဝန်ဆောင်မှုပေးသည့် ဆိုင်ဝန်ထမ်းတစ်ဦးထံမှ ကျသင့်ငွေအား QR ကုတ်ဖြင့် ရှင်းရာတွင် ငွေလက်ခံသည့်အကောင့်ပိုင်ရှင်မှာ မြန်မာအမည်ဖြစ်နေကြောင်း တွေ့ရှိခဲ့သည်ဟု သိရသည်။

ထိုကြောင့် လူဝင်မှုကြီးကြပ်ရေးဌာန (လဝက) အမှတ် ၃ မှ သွားရောက်စစ်ဆေးဖမ်းဆီးခဲ့ပြီး မြန်မာအလုပ်သမား ၇ ဦး ဖမ်းဆီးရမိကြောင်း သတင်း၌ ဖော်ပြထားသည်။

ထိုအပြင် ဆိုင်ပိုင်ရှင်အမည်ခံ ထိုင်းအမျိုးသမီးတစ်ဦးကိုလည်း တရားဝင်ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြား အလုပ်သမားများကို အလုပ်ခန့်မှုသဖြင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

အဆိုပါ မြန်မာအလုပ်သမားများသည် လုပ်ပိုင်ခွင့်မရှိသောအလုပ်များကို လုပ်ကိုင်ပြီး ဥပဒေချိုးဖောက်သည့်အတွက် အမည်ပျက် (Blacklist) စာရင်းသွင်းကာ ပြည်နှင်ဒဏ်ပေးသွားမည် ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း Khaosod သတင်းတွင် ဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့ ရွှေဆိုင်ပိုင်ရှင် အားချန်ကို မူးယစ်ရာဇာအဖြစ် ထိုင်းရဲတပ်ဖွဲ့ ဖမ်းဝရမ်းထုတ်

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် ရွှေဆိုင်များအပါအဝင် စီးပွားရေးလုပ်ငန်းပေါင်းများစွာ ပိုင်ဆိုင်ထားသည့် ကြီးမြတ်သောရွှေမြင်း ရွှေဆိုင်လုပ်ငန်းရှင် အားချန် (ခ) စီမာဘင် ကို မူးယစ်ရာဇာအဖြစ် ဖမ်းဝရမ်းထုတ်ပြီး ရှာဖွေနေကြောင်း ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးဘုတ်အဖွဲ့ (Office Of the Narcotics Control Board –...

ထိုင်းနိုင်ငံသား အမည်ခံထားသည့် နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းများအား ထိုင်းရဲတပ်ဖွဲ့များမှ ဆက်တိုက်ဖမ်းဆီးနေ

0
ထိုင်းနိုင်ငံတွင် ထိုင်းနိုင်ငံသားအမည်ခံထားသည့် နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းများအား ထိုင်းရဲတပ်ဖွဲ့များမှ ဆက်တိုက်ဖမ်းဆီးနေကြောင်း ထိုင်းရောက်ရွှေ့ပြောင်းသမားအရေး ကူညီဆောင်ရွက်သူများထံမှ သိရသည်။ ဖေဖော်ဝါရီလမှစ၍ ထိုင်းနိုင်ငံ နေရာဒေသအသီးသီးရှိ နိုင်ငံခြားသားများ၏ ဥပဒေနှင့်မညီသော လှုပ်ရှားမှုကို စောင့်ကြည့်အရေးယူရန် ထိုင်းရဲချုပ် Kitrat Panphet က အမိန့်ထုတ်ပြန်ပြီးနောက် တရားမဝင်သော လုပ်ငန်းများ၊ နေထိုင်သူများ၊ ဝင်ရောက်လာသူများ၊...

ချင်းမိုင်ရှိ စားသောက်ဆိုင်နှင့် ကာရာအိုကေဆိုင်များကို ထိုင်းရဲတပ်ဖွဲ့ ဝင်ရောက်စစ်ဆေး ဖမ်းဆီးနေ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့အတွင်း ရွှေ့ပြောင်းအလုပ်သမားများ ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်၊ ကာရာအိုကေဆိုင်များကို ထိုင်းရဲတပ်ဖွဲ့မှ ဝင်ရောက်စစ်ဆေး ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ ၈ ဦး ဖမ်းဆီးခံရကြောင်း သတင်းသိရသည်။ ချင်းမိုင်မြို့တွင် ရွှေ့ပြောင်းအလုပ်သမားများမှ ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်နှင့် တွဲဖွင့်ထားသော ကာရာအိုကေ ဆိုင်တစ်ခုကို ထိုင်းရဲတပ်ဖွဲ့က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၈...

ထိုင်းနိုင်ငံတွင်း မြန်မာလုပ်သား ၁ ဦး ဓားထိုးခံရပြီး သေဆုံး

0
ထိုင်းနိုင်ငံ စမွတ်ဆာခွမ်းခရိုင်အတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား ၁ ဦးကို အမည်မသိ လူတစ်စုမှ ဓားဖြင့် ဝိုင်းဝန်းထိုး၍ သေဆုံးသွားခဲ့ကြောင်း စုံစမ်း သိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၆ ရက် မနက်ပိုင်း ၁ နာရီဝန်းကျင်တွင် အသက် ၂၀ နှစ်အရွယ် မြန်မာလုပ်သားတစ်ဦးသည် အိမ်သို့ ပြန်လာနေစဉ်...

တရုတ်နိုင်ငံမှ မြန်မာလုပ်သား (၂၅၀၀) နေရပ်ပြန်

0
မြန်မာ - တရုတ်နယ်စပ် တရုတ်နိုင်ငံ ဂျယ်ဂေါင်နှင့် ရွှေလီမြို့ ရှိ မြန်မာလုပ်သား (၂၅၀၀) ခန့်သည် မြန်မာနိုင်ငံသို့ ပြန်ဝင်လာခဲ့ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ မြန်မာလုပ်သား (၂၅၀၀) ခန့်သည် ရွှေလီမြို့ရှိ အလုပ်များကို (၆) လအကြာ ပိတ်ထားမှာဖြစ်ပြီး ဇူလိုင် (၂၆) ရက်မှ...