ထိုင်းနိုင်ငံတွင်း မြန်မာလုပ်သား ၁ ဦး ဓားထိုးခံရပြီး သေဆုံး

ထိုင်းနိုင်ငံ စမွတ်ဆာခွမ်းခရိုင်အတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား ၁ ဦးကို အမည်မသိ လူတစ်စုမှ ဓားဖြင့် ဝိုင်းဝန်းထိုး၍ သေဆုံးသွားခဲ့ကြောင်း စုံစမ်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၆ ရက် မနက်ပိုင်း ၁ နာရီဝန်းကျင်တွင် အသက် ၂၀ နှစ်အရွယ် မြန်မာလုပ်သားတစ်ဦးသည် အိမ်သို့ ပြန်လာနေစဉ် ပန်ယာဖျတ်အုပ်စု ဝပ်ကမ်ဖရားဘုန်းကြီးကျောင်းအနီးရှိ အဝတ်လျော်စက်တစ်ဆိုင်၌ ဆိုင်ကယ် ဦးထုပ်စောင်းထားသော အမည်မသိ လူ ၄ ဦးမှ ရောက်ရှိလာပြီး ဓားဖြင့် ဝိုင်းဝန်းထိုးခဲ့ကြောင်း ထိုင်းသတင်းဌာနတစ်ခုတွင် ရေးသားဖော်ပြထားသည်။

ယင်းကဲ့သို့ ဓားထိုးခံရပြီးနောက် ဆေးရုံလူမှုကယ်ဆယ်ရေးအဖွဲ့မှ လာရောက်ကူညီပြီး စမွတ်ဆာခွမ်းဆေးရုံသို့ ပို့ဆောင်ခဲ့ပေမယ့် ပြင်းထန်သည့် ဒဏ်ရာဖြင့် သွေးထွက်လွန်ကာ သေဆုံးသွားခဲ့ကြောင်း တာဝန်ရှိသူ ထိုင်းရဲတပ်ဖွဲ့မှ ထိုင်းသတင်းမီဒီယာများကို ပြောကြားထားသည်။

“သူတို့ ၄ ယောက်စလုံးက ဆိုင်ကယ် ဦးထုပ်စောင်းထားတယ်။ ဆိုင်ကယ် နံပါတ်ပြားလည်း မတွေ့ရဘူး။ သူ့ (မြန်မာလုပ်သား) ကို ရှေ့နောက်လာတားပြီး ဓားနဲ့ ဝိုင်းထိုးကြတယ်။ သူလည်း ဓားထိုးခံရပြီး ဆေးရုံကိုရောက်သွားတဲ့ အချိန်ခဏမှာပဲ ဆုံးသွားတယ် “ ဟု ထိုင်းရဲတပ်ဖွဲ့မှ ထိုင်း မီဒီယာများကို ပြောကြားထားသည်။

အဆိုပါ လူသတ်မှု နှင့် ပတ်သက်ပြီး ပုဂ္ဂိုလ်ရေးကြောင့် ဖြစ်နိုင်ပြီး၊ တရားခံလူသတ်မှု ကျူးလွန်သူ ၄ ဦးကို လမ်းထိပ်၌ တပ်ဆင်ထားသော CCTV မှတ်တမ်းမှ ခြေရာခံ လိုက်လံစုံစမ်း စစ်ဆေးဖမ်းဆီးသွားမည်ဟု တာဝန်ရှိသူ ထိုင်းရဲတပ်ဖွဲ့မှ ထိုင်းမီဒီယာများကို ပြောကြားခဲ့သည်။

ဘန်ကောက်မြို့ မြန်မာလုပ်သားအရေး တက်ကြွဆောင်ရွက်သူ ခွန်ရက်လွို က ထိုင်းနိုင်ငံအတွင်း ဉပဒေနှင့် ပတ်သက်ပြီး ယခုလို ပြောဆိုထားသည်။

“ကျနော်တို့ နေတဲ့နေရာမှာလည်း ဖြစ်ခဲ့ဖူးပါတယ်။ ထိုင်းနိုင်ငံမှာ ၁၀ နာရီနောက်ပိုင်းဆို ဆူညံလို့ မရတော့ဘူး။ ဒါပေမယ့် ကျနော်တို့ မြန်မာလုပ်သား တွေက ညပိုင်းဆိုရင် အရက်သောက်မူးပြီး ဆူညံတာ၊ သွေးဆူပြီး ရန်ရှာတတ်တာ။ အဲ့လိုတွေကြောင့် ဓားနဲ့အပိုင်းပိုင်း ခုတ်ခံရပြီး သေဆုံးသွားတဲ့ ကလေးတွေအများကြီး ရှိတာပေါ့နော်။ သူများနိုင်ငံမှာနေရင် သတိဝီရိယ ထားဖို့လိုတယ် “ ဟု ခွန်ရက်လွို ကပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှု၊ စစ်ရေးပဋိက္ခများ ဖြစ်ပွားမှုကြောင့် အလုပ်အကိုင် ရှားပါးလာသဖြင့် ပြည်သူများသည် တိုင်းတစ်ပါးကို အလုပ်လုပ်ကိုင်ဖို့အတွက် ထွက်ခွာလာခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...