မိုင်းတုံ တရားမဝင်ထိုင်းနိုင်ငံသားတစ်ဦးကို ရဲတပ်ဖွဲ့မှ ငွေညှစ်ပြီးပြန်လွှတ်

သျှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းတုံမြို့တွင် တရားမဝင် ထိုင်းနိုင်ငံသားတစ်ဦးကို ရဲများမှာ ငွေညှစ်ပြီး ပြန်လွှတ်လိုက်ကြောင်း ဒေသခံများထံမှသိရသည်။

မိုင်းတုံမြို့အနီးတဝိုက် နားကောင်းမူးနားတွင် တရားမဝင်လာရောက်သည့် ထိုင်းနိုင်ငံသားတစ်ဦးကို ယမန်နေ့ (အောက်တိုဘာလ ၅ ရက်)တွင် ဖမ်းဆီးငွေညှစ်ခဲ့ပြီး အဆိုပါ ထိုင်းနိုင်ငံသားမှာ ထိုင်းနိုင်ငံသို့ ပြန်လို့မရသည့် မှောင်ခိုလုပ်သားတစ်ဦးဖြစ်ပြီး မြန်မာရဲများကို ဘတ် ၇ သိန်းကျော်ပေးခဲ့ရကြောင်း ဒေသခံအမျိးသားတစ်ဦးးကပြောသည်။

“ နားကောင်းမူးနားမှာ မနေ့က ဖမ်းမိတယ်။ ရဲတွေက ဘတ် ၇သိန်းကျော်ပေးခဲ့ရတယ်ပြောတယ်။ ပြီးရင် ပြန်လွှတ်ပေးလိုက်တာတဲ့။” ဟု ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မိုင်းတုံအနီးတဝိုက်ဒေသများတွင် တရားမဝင်တရုတ်နိုင်ငံသားနှင့် ထိုင်းနိုင်ငံသားများ ပိုမိုများပြားလာပြီး ရဲများမှလည်းငွေကြေးယူကာ နေထိုင်ခွင့်ပေးထားကြောင်းနှင့် ငွေလိုအပ်သည့်အချိန်တွင် ဖမ်းဆီးငွေညှစ်နေကြောင်း အဆိုပါအမျိုးသားက ထပ်လောင်းပြောသည်။

ထိုင်းနိုင်ငံနှင့်ထိစပ်နေသည့် မိုင်းတုံတွင် တရားမဝင် လုပ်ငန်းနှင့် တရားမဝင်နေထိုင်နေကြသည့် လူများ ပိုမိုများပြားလာတာကြောင့် မှောင်ခိုစီးပွားရေးပိုမိုလုပ်ကိုင်လာကြကြောင်း သိရသည်။

“ လူက ပိုစုံလာတော့ မှောင်ခိုလုပ်ငန်းတွေ အများကြီးရှိလာတယ်။ လူကုန်ကူးမှုအထိပါ ရှိတယ်။နယ်စပ်ဆိုတော့ ဈေးလည်းကြီး ငွေရှာရလည်းလွယ်တယ်။လိုချင်တာလည်း အကုန်ရတယ်။” ဟု မိုင်းတုံဒေသခံတစ်ဦးက ပြောသည်။

လက်ရှိသျှမ်းအရှေ့ပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် ရေကြီးရေလျှံမှု၊တောင်ပြိုမှုတွေဖြစ်ခဲ့ပြီး တံတာပျက်စီးတာကြောင့် ကုန်သွယ်ရေးမှာ ထိခိုက်နှောင့်နှေးမှုများရှိနေကြောင်း သိရသည်။

ရေကြီးမြေပြိုမှုများကြောင့် အင်တာနက်၊ ဖုန်းလိုင်း နှင့် လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်နေတာကြောင့်မိုင်းတုံနှင့် မိုင်(၃၀) ကျော်ဝေးသည့် ဖုန်းလိုင်းရရှိသည့်နေရာသို့သွားရောက်ကာ အသုံးပြုနေရကြောင်းသိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မယ်ဆိုင်တွင် စုဝေးနေထိုင်သည့် လူငယ် ၁၁ ဦးကို ဖမ်းဆီး၊ တရားမဝင် မြန်မာနိုင်ငံသား ၃ ဦး ပါဝင်

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့နယ်အတွင်း ညဉ့်နက်သန်းခေါင် စုဝေးပြီး လမ်းပေါ်တွင် ဆိုင်ကယ်ပြိုင်မောင်းရန် ပြင်ဆင်နေသည့် လူငယ်တစ်စုကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာ တရားမဝင် ခိုးဝင်လာသည့် မြန်မာနိုင်ငံသား လူငယ် ၃ ဦး အပါအဝင် စုစုပေါင်း ၁၁ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ပြီးခဲ့သည့် ဇွန်လ...

မြန်မာ-ထိုင်းနယ်စပ်ရှိ အဖြိုက်နက်သိုက်များ တရုတ်နှင့် ရုရှား အပြိုင်လုနေ

0
မြန်မာ-ထိုင်းနယ်စပ်အနီး မိုင်းတုံမြို့နယ်ရှိ လွယ်ချီလိတ်တောင်တန်းတွင် တရုတ်နှင့် ရုရှားနိုင်ငံတို့မှ ကုမ္ပဏီများက အဖြိုက်နက်သတ္တုသိုက်များကို အပြိုင်အဆိုင် တူးဖော်ရန် ကြိုးပမ်းနေကြကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ထုတ်ပြန်သည်။ လွယ်ချီလိတ်တောင်၏ တောင်ဘက်ခြမ်းတွင် တရုတ်ကုမ္ပဏီတစ်ခုသည် 'ဝ'ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် ပူးပေါင်းကာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှစ၍...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...