သျှမ်းပြည် လေကြောင်းခရီးစဉ်အတွင်း နိုင်ငံခြားသားလိုက်ပါခွင့် စစ်ကောင်စီ ပိတ်ပင်

မြန်မာနိုင်ငံတွင် နိုင်ငံခြားသားများ တရားမဝင် ဝင်ရောက်လာပြီး အွန်လိုင်းလိမ်လည်မှု နှင့် အွန်လိုင်းလောင်းကစား တွင် ပါဝင်ပတ်သက်နေသောကြောင့် သျှမ်းပြည်လေကြောင်း ခရီးစဥ်တွင် နိုင်ငံခြားသားများကို သွားခွင့်မပြုဘဲ စိစစ်ဟန့်တားသွားမည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

တာချီလိတ်လေဆိပ်

နိုင်ငံခြားသားများသည် အွန်လိုင်းလိမ်လည်မှု (Online Scam) နှင့် အွန်လိုင်းဂိမ်းလောင်းကစား (Online Gambling) တွင် ပါဝင်ကျူးလွန်နေကြသဖြင့် ပုံရိပ်မထိခိုက်စေရေး ကာကွယ်နိုင်ရန် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများကို စစ်ဆင်ရေး ကာလသတ်မှတ်ပြီး မေ ၆ ရက်မှစတင်ကာ သျှမ်းပြည်သို့ သွားမည့် နိုင်ငံခြားသားများကို လိုက်ပါခွင့်မပြုရန် စစ်ကောင်စီ ကွပ်ကဲမှု အဖွဲ့ ခွဲမှူး ဒုတိယ ရဲမှူးကြီး ဇော်မင်းသန့် လက်မှတ်ဖြင့် ထုတ်ပြန်ထားသည်။

“နိုင်ငံခြားသားတွေကို လက်မှတ်မရောင်းဖို့၊ ကြိုတင် ဝယ်ယူထားတဲ့ နိုင်ငံခြားသားတွေကိုလည်း လက်မှတ် ပြန်ပယ်ဖျက်ဖို့ စာလာတယ်။ ကျနော်တို့ အခု နိုင်ငံခြားသားတွေကို လေယာဥ်လက်မှတ် မရောင်းပေးတော့ဘူး” လို့ လေယာဥ်လက်မှတ်ရောင်းသည့် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည် လောက်ကိုင်မြို့၊ တာချီလိတ်မြို့များတွင် အွန်လိုင်း လိမ်ညာမှု၊ အွန်လိုင်း လောင်းကစားများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လာပြီး၊ ထိုထဲတွင် တရုတ်နိုင်ငံသား နှင့် ထိုင်းနိုင်ငံသား အများစု ပါဝင်ကြောင်း ထိုနယ်မြေတွင် နေထိုင်သည့် ဒေသခံများက ပြောဆိုသည်။

စစ်ကောင်စီ ထုတ်ပြန်ထားသည့် စာ

“များသောအားဖြင့်တော့ တရုတ်နဲ့ ထိုင်းတွေက ပိုများတယ်။ လေကြောင်းလိုင်း မသွားရရင်လည်း သူတို့ကတော့ တနည်းမဟုတ် တနည်းသွားကြမှာပဲ။ တရုတ်တချို့ဆိုရင် မှတ်ပုံတင် ဝယ်ထားတာရှိတယ်လေ” ဟု လားရှိုးဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

လေကြောင်းခရီးစဉ် အတွင်း နိုင်ငံခြားသားများပါခွင့် ပိတ်ပင်ထားသော်လည်း UN ဝန်ထမ်းများ၊ သံရုံးဝန်ထမ်းများ နှင့် INGO ဝန်ထမ်းများ မပါရှိကြောင်း၊ ထိုဝန်ထမ်းများဖြစ်ပါက အမည်စာရင်းကို လေကြောင်းလိုင်းသို့ ၂ ရက် ကြိုတင်ပေးပို့ရန်လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာ – ထိုင်း – တရုတ် သုံးနိုင်ငံ ပူးပေါင်းပြီး စစ်ဆင်ရေးကာလ တစ်ခု သတ်မှတ် ဆောင်ရွက်လျက် ရှိသောကြောင့် ထိုကာလအတွင်း မေ ၆ ရက်မှစ၍ သျှမ်းပြည် တဝှမ်းရှိ လေဆိပ်သို့ လေယာဉ်ဖြင့် လိုက်ပါမည့် နိုင်ငံခြားသားများအား စိစစ် ဟန့်တားသွားရန် ညွှန်ကြားထားသည်။

ပြီးခဲ့သည့် မေလ ၂ ရက်က တရုတ်နိုင်ငံတော် ကောင်စစ်ဝန် နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာကျင်းဂန် နှင့် ဗိုလ်ချုပ်မှုးကြီး (ငြိမ်း) သန်းရွှေ တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ယခုကဲ့သို့ စစ်ကောင်စီမှ ညွှန်ကြားစာ ထုတ်ပြန်ခြင်းဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...