CATEGORY

သတင်း

ဝေဝါးနေသည့် ထိုင်းနိုင်ငံရောက် သျှမ်းရွှေ့ပြောင်းအလုပ်သမားများ၏ သံသရာ

၁၀ ပေ ပတ်လည် အခန်းကျဉ်း တခန်းတွင် လူအယောက် ၁၀ ဦး ခန့်တွင် ချွေးတနှုံးနှုံးဖြင့် အပူဒဏ်ကို အံ့တုပြီး လဲလှောင်းနေကြသည်။ ထို ၁၀ ပေ ပတ်လည် တခန်းတွင် အမျိုးသား တချို့ မေလ ၏ အပူဒဏ်ကြောင့် အကျင်္ ီ ...

ကျေးသီးမြို့တွင် ရွှေဆိုင် ဓါးပြတိုက်ခိုက်ခံရ

သျှမ်းပြည်တောင်ပိုင်းကျေးသီးမြို့လယ် စျေးတန်းရပ်ကွက်ရှိရွှေဆိုင်တဆိုင်အား အမည်မသိလူ ၂ ဦးက ၀င်ရောက်ဓါးပြတိုက်ရာ ရွှေထည်ပစ္စည်းနှင့်ငွေသားများ ပါသွားကြောင်းသိရသည်။ မေလ ၃ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က အမည်မသိအမျိုးသား ၂ ဦးသည် ကားတစီးဖြင့် စိုင်းခမ်းလူ နန်းခင်ငွေတို့၏ ရွှေဆိုင်သို့ရောက်ရှိလာပြီး ဗုဒ္ဓဆင်းထုတော်လာရောင်းရာမှ ဓါးပြတိုက်မှုဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကျေးသီးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်...

မိုးနဲမြို့အပါအဝင် သျှမ်းပြည်တောင်ပိုင်းမြို့နယ်တော်တော်များများ သောက်သုံးရေပြတ်လပ်မှုများကြုံတွေ့ရ

သျှမ်းပြည်တောင်ပိုင်း မြို့နယ်တော်တော်များများတွင်ယခုနှစ် ရေပြတ်လပ်မှုများနှင့်ကြုံတွေ့နေကြောင်း သိရသည်။ သောက်သုံးရေအဓိကပြတ်လပ်နေသော မြို့နယ်များမှာ မိုးနဲ ၊ ကလော ၊ညောင်ရွှေ၊ ရွာငံ ၊ ပင်းတယမြို့နယ်များဖြစ်ပြီး ဒေသဆိုင်ရာ လွှတ်တော်အမတ်များ ၊လူငယ်များအဖွဲ့နှင့် ဌာနဆိုင်ရာတချို့တို့မှ ရေရရှိရေး ဆောင်ရွက်ပေးနေကြကြောင်းသိရသည်။ “မိုးနဲမြို့နယ် ပြည်နယ်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် ၁ မှ လွှတ်တော်ကိုယ်စားလှယ် စိုင်းမွန်းလိန်က...

လျှပ်စစ်မီး ပြတ်တောက်မှုများကြောင့် လူထုအခက်တွေ့

ယခုနှစ်နွေရာသီကာလတွင် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ ဓာတ်အားထုတ်လုပ်မှုလျှော့နည်းလာခြင်းအပေါ် ရပ်ကွက်အလိုက် နာရီပိုင်း အလှည့်ကျ မီးပေးစနစ်သည် လျှပ်စစ်သုံးစွဲသည့် လုပ်ငန်းရှင် အနေဖြင့် စီးပွားရေးများစွာ ထိခိုက်ကြောင်း သိရသည်။ အဆိုပါ လျှပ်စစ်မီးကို အလှည့်ကျဖြတ်တောက်မှုစနစ်ဖြင့်ဧပြီလကတည်းက စတင်လာခဲ့ပြီး ယခုနောက်ပိုင်း မကြာခဏဖြတ်တောက်ခြင်း ဖြတ်တောက်ချိန်ကြာမြင့်လာခြင်းကြောင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် များစွာ ထိခိုက်နစ်နာမှုကြောင်း တောင်ကြီးမြို့ပေါ်ရှိ ပုံနှိပ်တိုက်...

RCSS မှဖမ်းမိ အိုက်စ် မူးယစ်ဆေးများအား အစိုးရထံလွဲပြောင်းပေးအပ်အခမ်းအနား မိုင်းတုံမြို့တွင် ပြုလုပ်

ဖမ်းဆီးရမိသော အိုက်စ်မူးယစ်ဆေး များအား RCSS/SSA မှ နိုင်ငံတော်သို့လွဲပြောင်းပေးအပ်ခြင်းအခမ်းအနားတရပ်ကို သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့တွင်ကျင်းပခဲ့ကြောင်းသိရသည်။ အခမ်းအနားအား မိုင်းတုံမြို့နယ် ရဲစခန်းတွင် နေ့လည် ၁၁ နာရီမှ ၁၂ ခွဲအထိ ကျင်းပပြုလုပ်ခဲ့ပြီး အစိုးရဘက်မှ ခရိုင်ရဲမှူးနှင့်မြို့နယ်ရဲမှူးတို့တက်ရောက်ကာ RCSS/SSA မှ ပေးအပ်သောမူးယစ်ဆေးများကို လက်ခံကြောင်း သိရသည်။ ကျနော်တို့ဘက်ကတော့ ဗဟိုကော်မတီဝင်ဗိုလ်မှူးကြီးတင်းခေးနဲ့...

သမ္မတ၏လွှတ်ငြိမ်းချမ်းသာခွင့် တတိယအကြိမ် နိုင်/ကျဉ်းနှင့် သျှမ်းပြည်မှ ၁၇(၁) သမားများမပါသေး

အကျဉ်းကျခံနေသော အကျဉ်းသား စုစုပေါင်း ၂ သောင်းကျော်ကို ရက်ပေါင်း ၂၀ အတွင်း နိုင်ငံတော်သမ္မတရုံးမှ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်သော်လည်း နိုင်ငံရေး အကျဉ်းသား နှင့် သျှမ်းပြည်မှ ၁၇ (၁) ပုဒ်မ တို့ ဖြင့်တရားစွဲဆိုခြင်းခံထားရသည့် အကျဉ်းသားများပါဝင်မှု မရှိကြောင်း သိရသည်။ နိုင်ငံတော် သမ္မတရုံးမှ...

ကွတ်ခိုင် မီးလောင်မှု လူမှုရေးလှုပ်ရှားသူလူငယ်တဦးအပါအဝင် ၂ ဦးသေဆုံး

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် ဖုန်းဆိုင် မီးလောင်မှု ဖြစ်ပွားကာ လူ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်း ရရှိသည်။ မေလ ၇ ရက်နေ့မနက်ပိုင်းက သျှမ်းပြည် မြောက်ပိုင်း လားရှိုး - မူဆယ် ပြည်ထောင်စု လမ်းမပေါ် ရပ်ကွက် ၅ ဘုန်းကြီးကျောင်းလမ်းဒေါင့် စျေးအနီးရှိ...

လားရှိုးမြို့တွင် လူငယ်ခေါင်းဆောင် စွမ်းရည်မြှင့်တင်ရေးသင်တန်း ဖွင့်လှစ်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် လူငယ်ခေါင်းဆောင်များ စွမ်းရည်မြှင့်တင်ရေးသင်တန်း  ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။ သင်တန်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ရက် Tai Youth Network က ဦးဆောင်ကာ မေလ ၂၀ ရက်မှ ဂျူလိုင်လ ၂၀ ရက်နေ့အထိ ၂ လကြာ ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း  သင်တန်းဖြစ်မြောက်ရေးစီစဉ်သူ စိုင်းနော်ဆိုင်က သျှမ်းသံတော်ဆင့်အားပြောသည်။ “အခုကျနော်တို့...

သျှမ်းမြောက် ပြည်သူ ကန့်ကွက်နေသည့် ကြားမှ ဒုဌဝတီမြစ် ပေါ်တည်ဆောက်သည့် ရေအားလျှပ်စစ် စီမံကိန်း ၃၉ ရာခိုင်နှုန်းပြီးစီးဟု ၀န်ကြီးဆို

သျှမ်းပြည်နယ် မြောက်ပိုင်း ပြည်သူလူထုမှ ကန့်ကွက်သည့်ကြားမှ အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်း လုပ်ငန်း ၃၉ ရာခိုင်နှုန်း ပြီးစီးကြောင်း လျှပ်စစ်စွမ်းအင်ဝန်ကြီးမှကွင်းဆင်းစစ်ဆေးပြီးသည့်နောက်ပြောဆိုလိုက်သည်။ သျှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းရှိ ဒုဌဝတီ မြစ်(မြစ်ငယ်မြစ်) ပေါ်တွင် တည်ဆောက်သည့် အထက်ရဲရွာရေအား လျှပ်စစ် စီမံကိန်း သည် လက်ရှိမှာ (၃၈...

အနာဂတ်မျိုးဆက်သစ်များလုပ်ကိုင်စားသောက်နိုင်ဖို့ သိမ်းထားသည့်လယ်ယာမြေများပြန်စွန့်လွှတ်ပေးရန် ဆီဆိုင်လယ်သမားများ တောင်းဆို

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် ဒေသခံလူထုစုပေါင်းကာ အစိုးရတပ်မတော်မှ နှစ်ရှည်လများသိမ်းဆည်းထားသော လယ်ယာမြေများအား မိမိတို့ထံပြန်လည်စွန့်ပေးရန်တောင်းဆိုသည့်လှုပ်ရှားမှုတခုပြုခဲ့ကြသည်။ မေလ ၁ ရက်နေ့က ဆန္ဒထုတ်ဖော်သည့် ဆီဆိုင်မြို့ခံ လယ်သမား၃၀၀ ခန့်သည် - “ကျွနု်ပ်တို့ ဒေသမှာ မြေလွတ် မြေလပ် မြေရိုင်းမရှိပါ၊ မြေယာသည် ကျွနု်ပ်တို့၏ အသက်သွေးကြောဖြစ်သည်၊ မြေယာသည် ကျွနု်ပ်တို့၏ယဉ်ကျေးမှုဖြစ်သည်...

Latest news