ကျေးသီးမြို့တွင် ရွှေဆိုင် ဓါးပြတိုက်ခိုက်ခံရ

သျှမ်းပြည်တောင်ပိုင်းကျေးသီးမြို့လယ် စျေးတန်းရပ်ကွက်ရှိရွှေဆိုင်တဆိုင်အား အမည်မသိလူ ၂ ဦးက ၀င်ရောက်ဓါးပြတိုက်ရာ ရွှေထည်ပစ္စည်းနှင့်ငွေသားများ ပါသွားကြောင်းသိရသည်။


Photo from CCTV- ဓါးပြ ၂ ဦးအား စီစီတီဝီမှတ်တမ်းမှ တွေ့ရစဉ်

မေလ ၃ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က အမည်မသိအမျိုးသား ၂ ဦးသည် ကားတစီးဖြင့် စိုင်းခမ်းလူ နန်းခင်ငွေတို့၏ ရွှေဆိုင်သို့ရောက်ရှိလာပြီး ဗုဒ္ဓဆင်းထုတော်လာရောင်းရာမှ ဓါးပြတိုက်မှုဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျေးသီးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းစံမိန်းက အဆိုပါဓါးပြတိုက်မှုမှာ အမှန်တကယ်ဖြစ်ပွါးခဲ့ကြောင်း အတည်ပြုပြောဆိုသည်။

“ကျနော်ကြားသိရသလောက်တော့ လူ ၂ ယောက်ကရောက်လာပြီးတော့ ဘုရားဆင်းထုတော် ၀ယ်မလား ကျပ်သိန်း ၃၀၀ လောက်ပေးပါ လို့ပြောတယ်။ ဆိုင်ရှင်က မဝယ်ဘူး။ ပြောင်းစျေးကျလို့ အရောင်းအဝယ်လည်းမကောင်းတော့ပိုက်ဆံမရှိဘူးလို့ပြောတော့ ဓါးပြက သိန်း ၁၀၀ တောင်းတယ်။ သေနတ်ပြပြီးတောင်းတယ်။ ငွေသား ၁၀ သိန်းနဲ့ ရွှေ ၈ ကျပ်သားလောက်ရသွားတယ်လို့ကြားမိပါတယ်။ ”- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

ဓါးပြနှင့်အတူ ရွှေနှင့်ငွေသားစုစုပေါင်းတန်ဖိုး ကျပ်သိန်း ၁၀၀ ခန့်ပါသွားကြောင်းလည်း ရွှေဆိုင်ပိုင်ရှင်နှင့်နီးစပ်သည့် ကျေးသီးမြို့ခံ အမျိုးသမီးတဦးကပြောသည်။

“ဓါးပြက ကားနဲ့လာတယ်။ သျှမ်းစကားပြောတယ်။ သေနတ်တော့ထုတ်ပြတယ်။ ဒါမယ့် စစ်သားတော့ မဖြစ်နိုင်ဘူးလို့ကျမတို့ထင်တယ်။ ကေဒါတပ်သားဆိုရင် ကားနဲ့လာနိုင်မှာမဟုတ်ဘူး။ အထက်အကြီးဆိုရင်လည်း မြို့လယ်မှာ အဲလိုဓါးပြမတိုက် စားရဲလောက်ဘူး။ လူကြောက်အောင် သေနတ်ထုတ်ပြတာဘဲဖြစ်မယ် ”- ဟု သျှမ်းသံတော်ဆင့်အား ပြောသည်။

ယနေ့တိုင် အဆိုပါ ဓါးပြ ၂ ယောက်အားမဖမ်းမိသေးကြောင်း မည်သည့်အဖွဲ့အစည်းမှလာသည်ကိုလည်းမသိရကြောင်း ၊ ရွှေဆိုင်ပိုင်ရှင်မှလည်း ကျေးသီးမြို့ရဲတပ်ဖွဲ့ထံတွင် တိုင်ကြားထားပြီဖြစ်ကြောင်းလည်း သိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းပြည် အချို့မြို့နယ် စက်သုံးဆီ စတင်ပြတ်လပ်

0
သျှမ်းပြည် မိုင်းရှူးမြို့နယ်၊ ကျေးသီးမြို့နယ်၊ မိုင်းရယ်မြို့နယ်တို့တွင် စက်သုံးဆီ စတင်ပြတ်လပ်လာပြီး အချို့ဆိုင်များအကန့်သတ်ဖြင့်ရောင်းကာ ဓာတ်ဆီတစ်လီတာလျှင် ၅၀၀၀ ကျပ် အထိရှိနေကြောင်း သတင်းရရှိသည်။ ယနေ့ (မတ်လ ၄ ရက်) မိုင်းရှူးမြို့နယ်၊ ကျေးသီးမြို့နယ် နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA ဌာနချုပ်ရှိရာ...

ကျေးသီး စစ်ကော်မရှင်တပ် တရုတ်ကုန်ပစ္စည်း စစ်ဆေးတင်းကြပ်၊ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည့် ကားများကို စစ်ကော်မရှင်တပ် စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးတင်းကြပ်မှုကြောင့် ကုန်စျေးနှုန်း အဆမတန် မြင့်တက်လာကြောင်း သတင်းရရှိသည်။ ယခု ဖေဖော်ဝါရီ လဆန်းပိုင်းမှစပြီး ကျေးသီးမြို့နယ်ရှိ စစ်ကော်မရှင်တပ် စစ်ဆေးရေးဂိတ်တွင် မြန်မာ-တရုတ် နယ်စပ်ရှိ ညီနောင်မဟာမိတ်ထိန်းချုပ် နယ်စပ်ဂိတ်များမှ ဖြတ်သန်းတင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများကို စစ်ဆေးတင်းကြပ်နေကြောင်း...

ကျေးသီးနှင့် မိုင်းရှူးမြို့နယ်တွင် ရွေးကောက်ပွဲ ဆန္ဒမဲပေးသူ နည်းပါး

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးနှင့် မိုင်းရှူးမြို့နယ်တွင် ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးသူ နည်းပါးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲ၌ ကျေးသီးမြို့နယ်မှ ဆန္ဒမဲပေးသူ နည်းပါးခြင်းကြောင့် ရပ်ကွက်အတွင်း သက်ဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူများက ဆန္ဒမဲထည့်ရန် လိုက်လံဆော်သြခဲ့ရကြောင်း ကျေးသီးမြို့နယ်...
MongNawng_ID_Check

နိုင်ငံရေးပုဒ်မ ၅၀၅-က ဖြေလျော့သော်လည်း စစ်တပ်ဂိတ်များတွင် PSMS စနစ်ဖြင့် စစ်ဆေးတင်းကြပ်နေဆဲ

0
စစ်ကော်မရှင်မှ နိုင်ငံရေးပုဒ်မဖြစ်သည့် ၅၀၅-က ကို ဖြေလျှော့ပေးခဲ့သော်လည်း သျှမ်းပြည်အတွင်း ကျေးသီးမြို့နယ် မိုင်းနောင်မြို့ရှိ စစ်ဆေးရေးဂိတ်များတွင် PSMS အက်ပလီကေးရှင်းသုံး၍ စစ်ဆေးမှု တင်းကြပ်နေဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။

မိုင်းနောင် ပြည်သူ့စစ်ထမ်းရမည့်သူများကို ကျေးသီးမြို့နယ်သို့ ပို့ဆောင်မည်ဟုဆို

0
သျှမ်းပြည် တောင်ပိုင်း ကျေးသီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မိုင်းနောင်မြို့ပေါ်နေ ဒေသခံများကို ပြည်သူ့စစ်မှုထမ်းအပတ်စဉ်သစ်အတွက် လူတောင်းခံခဲ့ကြောင်း သတင်းရရှိသည်။ ကျေးသီးမြို့နယ် စစ်ကောင်စီနှင့် ၎င်း၏လက်အောက်ခံ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဇွန်လ နောက်ဆုံးပတ်အတွင်း မိုင်းနောင်မြို့ပေါ်ရပ်ကွက်နေ ပြည်သူများကို စစ်မှုထမ်းအပတ်စဉ်သစ် အတွက် ခေါ်ယူရာရန်ကိစ္စနှင့်ပတ်သက်ပြီး မြို့လယ်ခန်းမတွင် အစည်းဝေးခေါ်ခဲ့ကြောင်း မိုင်းနောင်မြို့ဒေသခံမျိုးသား တစ်ဦးက...