CATEGORY

သတင်း

တာချီလိတ်တွင် တရားမဝင် တရုတ်နိုင်ငံသား ၁၈၈ ဦးနှင့် လက်နက်ခဲယမ်းများ ဖမ်းမိ

ထိုင်း မြန်မာ နယ်စပ် တာချီလိတ်မြို့တွင် တရားမဝင် ခိုးဝင်လာရောက်နေထိုင်သည့် တရုတ်နိုင်ငံသား ၁၈၈ ဦး နှင့် အတူ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ သည် ဟု သတင်းရရှိသည်။ မေလ ၁၃ ရက် မနက် ၁၀ နာရီခွဲက တာချီလိတ်မြို့ ရန်အောင်မြေ ရပ်ကွက်နှင့်...

နမ့်ခမ်းဆီဆိုင်မီးလောင်မှု တန်ဖိုးကျပ်သိန်း ၇၀ ခန့်ဆုံးရှုံးဟုဆို

သျှမ်းပြည်မြောက်ပိုင်းနမ့်ခမ်းမြို့ဝိန်းဆာရွာတွင် ဓါတ်ဆီဆိုင်မီးလောင်ကျွမ်းမှုမှ တန်ဖိုးကျပ်သိန်းပေါင်း ၇၀ ကျော် ဆုံးရှုံးရကြောင်း သိရသည်။ မေလ ၁၀ ရက်နေ့ မွန်းတည့်ချိန်က ဝိန်းဆာရွာတွင် ဖြစ်ပွါးခဲ့သော   မိုင်တေ့၏ ဓါတ်ဆီဆိုင်မီးလောင်ကျွမ်းမှုတွင် ဆိုင်ကယ်၊ စက်ဘီး နှင့်နေအိမ် ဂိုဒေါင်များ မီးစွဲလောင်မှုနှင့်အတူဆုံးရှုံးခဲ့ရကြောင်း ဆိုပါသည်။ ဝိန်းဆာရွာအုပ်ချုပ်ရေးမှူး စိုင်းထွန်းလူက - “ဆိုင်ရှင်ပြောပြချက်အရတော့  အသစ်ယူလာတဲ့ဆီတွေ...

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လားရှိုးမြို့တွင် လူထုအင်အားထောင်ချီဆန္ဒဖော်ထုတ်

သျှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့တွင် လူထုအင်အားထောင်နှင့်ချီကာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်းသိရသည်။ မေလ ၁၁ ရက်နေ့က ဒေသခံလူထု၊ နိုင်ငံရေးပါတီ၊ လူမှုအခြေပြုအဖွဲ့အစည်းများ၊ သျှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီ၊ လားရှိုးမြို့တွင်းနှင့်အနီးတဝိုက်ရှိ ၀ ၊ တအာင်း တိုင်းရင်းသားများ အင်အားထောင်နှင့်ချီကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ထောက်ခံကြောင်း လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ...

တာချီလိတ်တွင် အမျိုးသားတဦး သေနတ်ပစ်ခံရ

ထိုင်း - မြန်မာ နယ်စပ် တာချီလိတ်မြို့တွင် အမျိုးသားတဦး သေနတ်ပစ်ခံရကြောင်း သတင်းရရှိသည်။ မေလ ၁၃ ရက် ယနေ့မွန်းလွဲ ၃ နာရီခန့်က တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် ရွှေမြေသာယာစျေးအနီးတွင် ဆိုင်ကယ်စီးနင်းလာသည့် လူငယ် ၂ ဦးကို တခြား ဆိုင်ကယ် တစီး က...

နမ့်လန်မြို့ တွင် အမျိုးသားတဦး သေနတ်ပစ်ခံရ သေဆုံး

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်မြို့ ကောင်လန်းရပ်ကွက် တွင် အသက် ၄၅ နှစ်အရွယ် ရှိ စိုင်းစိုးလှိုင်းသည် သေနတ်ပစ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။ မေလ ၁၀ ရက် ည ၈နာရီ ခွဲကျော်တွင် စိုင်းစိုးလှိုင်သည် နေအိမ်တွင် သေနတ်ပစ်ခံ ရပြီး၊ ဝဲဘက်ပါး...

မူဆယ်မြို့ပေါ် ပြည်သူ့စစ်များ ဘာကြောင့် ပိုများလာသလဲ

စစ်ရောင်ဝတ်စုံ အပြည့် ခါးကြားတွင် သေနတ်အသေးချိတ်ထားပြီး လက်မောင်းပေါ်တွင် သေနတ် အရှည် ကိုင်ကာ ပြည်သူများပျော်ပါးနေသည့်နေရာကို လမ်းလျှောက်လာသည်။ စစ်ဝတ်စုံ ဝတ်ဆင်သည့် သူများ၏ ရင်ဘတ်တွင် ပန်ဆေး ဟု စာတန်းထိုးထားကာ၊ လက်မောင်းတွင် ပြည်သူ့စစ် ဆိုသည့် နာမည် ကလည်း ထင်ရှား ပေါ်လွင်နေသည်။ ထို လက်နက်အပြည့်အစုံ...

ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် မေလလယ်အတွင်း PPST ၏ထိပ်သီးအစည်းအဝေးတရပ်ကျင်းပမည်

ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် မေလလယ်အတွင်း PPST ၏ထိပ်သီးအစည်းအဝေးတရပ် ကျင်းပမည်ဖြစ်ကြောင်းသိရသည်။ မေလ ၁၄ မှ ၁၈ ရက်နေ့အထိ NCA အပစ်ရပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲဲ့ ၁၀ ဖွဲ့က ထိပ်သီးခေါင်းဆောင်များ ထိုင်းနိုင်ငံချင်းမိုင်မြို့တွင်တွေ့ဆုံကြမည်ဖြစ်ရာ နိုင်ငံတော်အတိုင်အပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်ချုပ်ကြီးမင်းအောင်လှိုင်တို့ထံ RCSS နှင့် KNU တို့ ပေးပို့သော...

မိုင်းဆတ်-တာချီလိတ်ကြား ဂိတ်တခုမှ ပိုက်ဆံကောက်ခံမှုရုပ်သိမ်းသဖြင့်ကားမားများကျေနပ်နေ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်နှင့် တာချီလိတ်ကားလမ်းတွင် နှစ်ရှည်လများထောင်ထားသော ဂိတ်တခုမှ ဂိတ်ဖြတ်သန်းခ ကောက်ခံမှုရုပ်သိမ်းလိုက်ပြီဖြစ်ဖြင့် ကားသမားများ ကျေနပ်နေကြကြောင်း သိရသည်။ ဖြတ်သန်းသွားလာသော ကားနှင့်ဆိုင်ကယ်များထံမှ နှစ်ရှည်လများ ငွေကြေးကောက်ခံလာသော မိုင်းကန်းရွာရှိ အဆိုပါဂိတ်ကို မေလ ၁ ရက်နေ့မှစပြီး ငွေကြေးကောက်ခံမှုရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်းသိရသည်။ မိုင်းဆတ်-တာချီလိတ်ကားသမား စိုင်းလုံက - အမှတ် ၁၇၁ စစ်ဒေသလက်အောက်ခံတပ်ကနေ...

မြန်မာနိုင်ငံသားများ လောင်းကစားရုံ ဝင်ရောက် ကစားခြင်းမပြုရ ဟု လောင်းကစားဥပဒေသစ်တွင် ရေးသား

မြန်မာနိုင်ငံသားများ မည်သည့် ကာစီနို (လောင်းကစားရုံ) ကို ဝင်ရောက် ကစားခြင်း မပြုရ ဟု မေ ရ ရက် ရက်စွဲ ဖြင့် နိုင်ငံတော် သမ္မတ က လောင်းကစားဥပဒေ သစ်ကို လက်မှတ်ရေးထိုးလိုက်သည်။ ကာစီနို (လောင်းကစားရုံ) နှင့် ပတ်သတ်ပြီး လောင်းကစား...

နမ့်ခမ်းမြို့နယ် ဆီဆိုင် မီးလောင် မှု ဖြစ်ပွား

သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့ ဝိန်းဆာ ကျေးရွာ ရှိ မိုင်တေ့ ဆီဆိုင်တွင် မီးလောင်မှု ဖြစ်ပွါးခဲ့ရာ မီးအားပြင်းသဖြင့် မီးလောင်ချိန် ၂ နာရီကြာမြင့်သည်တိုင် မီးညွန့်မကျိုးသေးကြောင်းသိရသည်။ မေလ ၁၀ ရက် မွန်းတည့် ၁၂ နာရီအချိန်က ဆီများထုတ်ယူနေစဉ် ရုတ်တရက် ပေါက်ကွဲကာ မီးလောင်မှု...

Latest news