Wednesday, January 28, 2026

နမ့်ခမ်းဆီဆိုင်မီးလောင်မှု တန်ဖိုးကျပ်သိန်း ၇၀ ခန့်ဆုံးရှုံးဟုဆို

သျှမ်းပြည်မြောက်ပိုင်းနမ့်ခမ်းမြို့ဝိန်းဆာရွာတွင် ဓါတ်ဆီဆိုင်မီးလောင်ကျွမ်းမှုမှ တန်ဖိုးကျပ်သိန်းပေါင်း ၇၀ ကျော် ဆုံးရှုံးရကြောင်း သိရသည်။

Photo by Numkham youth- မီးလောင်နေမှုအား စုပေါင်းငြိမ်းသတ်ကြစဉ်

မေလ ၁၀ ရက်နေ့ မွန်းတည့်ချိန်က ဝိန်းဆာရွာတွင် ဖြစ်ပွါးခဲ့သော   မိုင်တေ့၏ ဓါတ်ဆီဆိုင်မီးလောင်ကျွမ်းမှုတွင် ဆိုင်ကယ်၊ စက်ဘီး နှင့်နေအိမ် ဂိုဒေါင်များ မီးစွဲလောင်မှုနှင့်အတူဆုံးရှုံးခဲ့ရကြောင်း ဆိုပါသည်။

ဝိန်းဆာရွာအုပ်ချုပ်ရေးမှူး စိုင်းထွန်းလူက – “ဆိုင်ရှင်ပြောပြချက်အရတော့  အသစ်ယူလာတဲ့ဆီတွေ စုပ်ယူနေချိန်မှာဘဲ ရုတ်တရက်မီးထလောင်တာ ။ ဆီဟောင်းတွေတော့ ရောင်းလို့ကုန်သွားပြီ။ မီးစွဲလောင်တဲ့အထဲမှာ ကားတစီးပါမယ်။ ဆိုင်ကယ် ၃ စီး၊ ဆီတွေ၊ ဆီဆိုင်နဲ့ နေအိမ်တလုံးဆုံးရှုံးတယ်။ ခန့်မှန်းချေကျပ်သိန်း ၇၀ လောက်လို့ပြောပါတယ် ”- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

Photo by Numkham youth- မီးလောင်နေမှုအား စုပေါင်းငြိမ်းသတ်ကြစဉ်

ဓါတ်ဆီဆိုင်မီးစွဲလောင်ကျွမ်းမှုအား မီးသတ်အဖွဲ့၊ နမ့်ခမ်းဒေသခံလူထုများ စုပေါင်းငြိမ်းသတ်ရာ အချိန် ၃ နာရီခန့်ကြာမြင့်မှသာ မီးညွန့်ကျိုးသွားကြောင်းလည်း နမ့်ခမ်းမြို့ခံတဦးကပြောသည်။

မီးလောင်မှုကြောင့်တော့လူထု ထိခိုက်ဒဏ်ရာရသေဆုံးမှုတော့မရှိခဲ့ပါဘူး။ – ဟုလည်း မီးငြိမ်းသတ်ရာတွင်ပါဝင်သော နမ့်ခမ်းမြို့ခံကပြောသည်။

Photo by Numkham youth- မီးလောင်နေမှုအား စုပေါင်းငြိမ်းသတ်ကြစဉ်

ဆီဆိုင်ပိုင်ရှင်မှာ မိုင်တေ့ (တရုတ်လူမျိုး)ဖြစ်ပြီး ဇနီးသည်မှာ ဒေါ်မထု(ကချင်) ဖြစ်ကြောင်း သိရသည်။ ၎င်းတို့၏ ဆီဆိုင်သည်နမ့်ခမ်းမြို့တောင်ဘက်ရှိ ဝိန်းဆာရွာစွန်တွင်ရှိပါသည်။

မည်သည့်အတွက်ကြောင့် မီးစွဲလောင်ကျွမ်းရသည်ကိုလည်းစုံစမ်း နေဆဲဖြစ်ကြောင်း အာဏာပိုင်များကပြောသည် ။

ပြီးခဲ့သည့်မေလပထမအပတ်ကလည်း ကွတ်ခိုင်မြို့တွင် လက်ကိုင်ဖုန်းဆိုင်မီးစွဲလောင်ကျွမ်းရာ ဆိုင်ရှင်ဖြစ်သူမှာ ပိတ်မိနေသူအားကယ်ထုတ်ရင်မီးစွဲလောင်ကျွမ်းသေဆုံးခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းပြည်တွင်း မြို့နယ် တချို့ စက်သုံးဆီများ ပြတ်လပ်နေဆဲ

0
သျှမ်းပြည်အတွင်းရှိ တချို့မြို့နယ်များတွင် စက်သုံးဆီများ ပြတ်လပ်နေသေးကြောင်း သတင်းသိရသည်။ စက်သုံးဆီပြတ်လပ်နေသည့် မြို့များမှာ သျှမ်းပြည်ဒေသများဖြစ်သည့် သျှမ်းပြည်မြောက်ပိုင်းမှ ကျောက်မဲမြို့နယ်၊ နမ္မတူ မြို့နယ်၊ လားရှိုးမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ မူဆယ်မြို့နယ် နှင့် သျှမ်းပြည်တောင်ပိုင်းမှ တောင်ကြီးမြို့၊ ညောင်ရွှေမြို့ တို့ဖြစ်ကြကြောင်း သိရသည်။ ယင်းကဲ့သို့ စက်သုံးဆီများ ပြတ်လပ်မှုကြောင့် ဒေသခံပြည်သူများအနေဖြင့်...