နမ့်ခမ်းမြို့နယ် ဆီဆိုင် မီးလောင် မှု ဖြစ်ပွား

သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့ ဝိန်းဆာ ကျေးရွာ ရှိ မိုင်တေ့ ဆီဆိုင်တွင် မီးလောင်မှု ဖြစ်ပွါးခဲ့ရာ မီးအားပြင်းသဖြင့် မီးလောင်ချိန် ၂ နာရီကြာမြင့်သည်တိုင် မီးညွန့်မကျိုးသေးကြောင်းသိရသည်။

Photo by Numkham Youth – မေလ ၁၀ ရက် မွန်းတည့်ချိန်က နမ့်ခမ်းမြို့ ၀ိန်းဆာကျေးရွာရှိ ဆီဆိုင်အားမီးစွဲလောင်ကျွမ်းသည်ကိုတွေ့ရစဉ်

မေလ ၁၀ ရက် မွန်းတည့် ၁၂ နာရီအချိန်က ဆီများထုတ်ယူနေစဉ် ရုတ်တရက် ပေါက်ကွဲကာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး၊ လက်ရှိမှာတော့ မီးလောင်ရခြင်းအကြောင်းရင်း သေချာ မသိရှိသေးကြောင်း နမ့်ခမ်းဒေသခံ စိုင်းစံမြင့် ကပြောသည်။

“ မီးက ခုထိ လောင်နေတုန်း။ မီးအားပြင်းတယ်။ အိမ်ရှင်ပြောတာတော့ ဆီတွေထုတ်ယူချိန်မှာ ပေါက်ကွဲတာလို့ ပြောတယ်။ လူအသေအပျောက်တော့ မရှိဘူး” ဟု စိုင်းစံမြင့် က ဆိုသည်။

မိုင်းတေ့ ဆီဆိုင်သည် နမ့်ခမ်းမြို့တွင် အကြီးဆုံး စက်သုံးဆီအရောင်းဆိုင်ဖြစ်ပြီး၊ ဆီဆိုင် မီးငြိမ်းသတ်ရန် အတွက် နမ့်ခမ်းမြို့နယ် အတွင်းရှိ မီးသတ်ကားများ နှင့် အရပ်သားများ လာရောက်ကူညီကြကြောင်း၊ မီးအားပြင်းထန်ပြီး ဆီပုံးများ ဆက်တိုက်ပေါက်ကွဲနေသဖြင့် ငြိမ်းသတ်ရန်ခက်ခဲနေကြောင်းလည်း စိုင်းစံမြင့် ကပြောသည်။

မီးလောင်သည့် ဆီဆိုင် ဘေးပတ်ဝန်းကျင်တွင်လည်း လူနေအိမ်တချို့ရှိနေသော်လည်း ကူးစက်ခြင်းမရှိသေးကြောင်း နမ့်ခမ်းဒေသခံများက ပြောဆိုကြသည်။

အဆိုပါ ဆီဆိုင် မီးလောင်မှု နှင့် ပတ်သတ်ပြီး ဆုံးရှုံးမှု တန်ဖိုးငွေ ကိုလည်း အတိအကျ မသိရှိသေးပေ။

နွေရာသီ ပူပြင်းသည့်အချိန်ရောက်ရှိနေသဖြင့် မီးအန္တရာယ် အထူးပြု သတိရှိရန်လည်း သက်ဆိုင်ရာ က ကြေညာထားသည်။

သျှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့တွင်လည်း လွန်ခဲ့သည့် ရက်ပိုင်းတွင် ဖုန်းအားသွင်းရာမှ မီးလောင်မှု ဖြစ်ပွားကာ အမျိုးသား ၁ဦး နှင့် အမျိုးသမီး ၁ဦးသေဆုံးကာ နေအိမ် နှင့် စျေးဆိုင်များလည်း ဆုံးရှုံးခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်မြို့နယ်ရှိ ကျေးရွာများတွင် ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် ထမ်ဆိုင်းကျေးရွာနှင့် အနီးနားကျေးရွာများတွင် ဘောင်းဘီဝတ်ခွင့် ပိတ်ပင်ထားပြီး၊ ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလဆန်းပိုင်းမှစကာ ထမ်ဆိုင်းကျေးရွာနှင့် ၎င်းပတ်ဝန်းကျင် အနီးနားရှိကျေးရွာမှ ဒေသခံများ ရိုးရာ ဝတ်စားဆင်ယင်မှု လျော့နည်းလာခြင်း၊ ကျေးရွာ ဂုဏ်သိက္ခာထိခိုက်စေလာမှုကြောင့် ဘောင်းဘီဝတ်ဆင်မှုကို ကျေးရွာသူကြီးများက ကန့်သတ်လိုက်ကြောင်း ၎င်းဒေသခံများက ပြောသည်။ အဆိုပါ ကန့်သတ်ချက်ကို...

ဆီဆိုင်တွင် မိုင်းရှင်းရန် PNO ကို ငွေပေးနေရ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စိုက်ခင်းများအတွင်း ကျန်ရှိနေသည့် စစ်လက်နက်အကြွင်းအကျန် မြေမြုပ်မိုင်းများကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ထံငွေပေးပြီး ရှင်းခိုင်းနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီမှစပြီး ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)၊ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်တို့အကြား...

ဆီဆိုင်မြို့နယ် PNO စစ်ဆေးရေးဂိတ်တွင် ကန့်သတ်ကုန်များကို စစ်ဆေးတင်းကြပ်နေ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) စစ်ဆေးရေးဂိတ်များတွင် ကန့်သတ်ကုန်ပစ္စည်းများကို စစ်ဆေးတင်းကြပ်နေကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့နယ်အတွင်း အခြေခံစားသောက်ကုန်များ ၊ ဆေးဝါးများ နှင့် စက်သုံးဆီများကိုသယ်ယူပို့်ဆောင်ရာာတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO များက သယ်ယူပို့ဆောင်ရန် ကန့်သတ်မှုများ ပြုလုပ်...

ဆီဆိုင်မြို့နယ်တွင် မိုးကြိုးစက်ကွင်းကြောင့် နွားအကောင်ရေ ၅၀ ခန့်သေဆုံး

0
သျှမ်းပြည် ဆီဆိုင်မြို့နယ်တွင် မိုးကြိုးစက်ကွင်း ထိမှန်ခြင်းကြောင့် နွားအကောင်ရေ ၅၀ ခန့် သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂၁ ရက်) နေ့လယ် ၂ နာရီခန့်တွင် ဆီဆိုင်မြို့နယ် ကောင်ဝါးတောင်ရွာရှိ တောင်ယာအနီးတွင် နွားအုပ်လိုက် ကျက်စားနေချိန် မိုးကြိုးစက်ကွင်း ထိမှန်ခဲ့ခြင်းကြောင့် နွား အကောင်ရေ...

ဆီဆိုင်မြို့နယ်တွင် အမျိုးသမီးတစ်ဦး ဟင်းရွက်ခူးရာမှ မြေမြှုပ်မိုင်းနင်းမိ၊ ခြေတစ်ဖက်ဆုံးရှုံး

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ရွှေတစ်ဂူဒေသတွင် အမျိုးသမီးတစ်ဦးသည် ချောင်းနံဘေး၌ ဟင်းရွက်ခူးရာမှ မြေမြှုပ်မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဧပြီလ (၅) ရက် နေ့လယ် ၂ နာရီအချိန်တွင် ဆီဆိုင်မြို့နယ် တဘက်ကျေးရွာအုပ်စု ရွှေတဂူဒေသရှိ တဘက်ချောင်းအနီးတွင် ဟင်းရွက်ခူးနေသော အသက် (၅၀)ကျော်အရွယ် အမျိုးသမီးတစ်ဦးသည်...